ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကို --၂၀၂ရက် နံနက် (၀၈:) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင် ဦးဆောင်သော ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊  ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ အမျိုးသမီးများနှင့် ကလေးများဘဝမြှင့်တင်ရေးအသင်းလူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတဂေဟာများမှကျောင်းသူများ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ တာဝန်ခံနှင့်ဆရာမများ၊ သားဖွားသင်တန်းကျောင်းမှ သင်တန်း သား/သူများနှင့်ဖိတ်ကြားထားသောဧည့်သည်တော်များစုစုပေါင်းအင်အား()ဦးခန့်တက်ရောက်ခဲ့ ကြပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့် အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၏ ကြီးကြပ်မှုအောက် ရှိ ဦးစီးဌာနမှ တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးထားသော အမျိုးသမီးဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကျောင်းသူများက" ရှမ်းရိုးရာအက" ၊ ဒေါ်ကြီးဒေါ်ငယ်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ကျောင်းသူ များက "ရှမ်းရိုးမက အိုးစည်သံ"နှင့် ဓမ္မဝိဒူလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ကျောင်းသူများက "နွေဦးကဗျာ" စသည့်သီချင်းဖြင့် ကပြဖျာ်ဖြေခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ ဇနီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ချီးမြှင့်ခဲ့ပြီး မှတ်တမ်းဓာတ်ပုံရိုက်ကူး၍  နံနက် (၀၉:၃) နာရီအချိန်တွင် အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

မကွေးတိုင်းဒေသကြီးတွင် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်းကြားမှုယန္တရာများ၊ ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးအစီအစဉ်ကျင်းပ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း အဆိုးဆုံးရွားပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

MOS

DSW

DDM

DOR