တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကျောင်းအခြေပြုစက်ချုပ်သင်တန်း(၇/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသောပညာရပ်များကို အမျိုးသမီးများ၏ဘဝရပ်တည်မှု၊ ကိုယ်ပိုင်ဝင်ငွေ၊ မိသားစုဝင်ငွေများကို တစ်ပိုင်တစ်နိုင်ရရှိမှုတွင် အထောက်အကူပြုမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေသူများအတွက်လည်း များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက သင်တန်းသူများချုပ်လုပ်ထားသော ဝတ်စုံများအား လိုက်လံကြည့်ရှု့အားပေးခဲ့ကြပါသည်။






နောက်ဆုံးရသတင်းများ

ပုသိမ်မြို့ ပမ္မဝတီခန်းမ၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး၁၆ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး ဟောပြောပွဲကျင်းပ
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်းခန်းမတွင် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြု ဗဟိုဌာန ( ရန်ကုန် )၌ ဌာနတွင်းဆရာမများအတွက် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းသင်တန်း ဖွင့်လှစ်

MOS

DSW

DDM

DOR