၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားအား မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဦးဆောင်မှုဖြင့် ၈ -၃ - ၂၀၂၅ ရက်တွင် မန္တလေးမြို့တော်ခန်းမတွင် နံနက် ( ၀၉း၀၀ ) နာရီအချိန်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြီး၏ ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာမှအကြီး အကဲများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာ ကော်မတီမှ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းနှင့် ဝန်ထမ်းများ၊ ဌာနငယ်သင်တန်းကျောင်းများမှ ဝန်ထမ်းများ စုစုပေါင်းအင်အား ( ၂၅၀ ) ဦးခန့်တက်ရောက်၍  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကား ပြောကြားပြီး၊ အခမ်းအနားသို့ တက်ရောက်လာကျသော ဧည့်သည်တော်များအား UN Massage Video Clip ပြသခြင်း၊ တိုင်းဒေသကြီး  မိခင်နှင့် ကလေးစောင့်ရှောက်‌ရေးအဖွဲ့၊ အမျိုးသမီးရေးရာကော်မတီမှ တေးသရုပ်ဖော် အကပဒေသာဖြင့်လည်းကောင်း၊ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းမှ သမီးငယ်လေးများ၏ တေးသရုပ်ဖော် အကပဒေသာဖြင့်လည်းကောင်း၊ အမျိုးသမီးသက်ငယ်သင်တန်းကျောင်းမှ သမီးငယ်လေးများ၏ တေးသရုပ်ဖော် အကပဒေသာဖြင့် လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ဧရိပ်မွန်အမျိုးသမီးဂေဟာနှင့် ပြည်လုံးချမ်းသာ ပရဟိတဂေဟာမှ သမီးငယ်လေးများမှ တေးသရုပ်ဖော်အကပဒေသာဖြင့်လည်းကောင်း ဖျော်ဖြေ တင်ဆက်ခဲ့ပြီး၊ နိုင်ငံတကာ AWEN ( Cambodia ) ပြိုင်ပွဲတွင် 2025 Outstanding ASEAN Women Entrepreneur Award ဆုရရှိခဲ့သော မန္တလေးမြို့မှ ဒေါ်သန်းသန်း (သာယာကြည်နှုးဖွယ် ကျောက်မျက် ကုမ္ပဏီ ) နှင့် ဒေါ်မွန်မြတ်ဆွေ ( ထိပ်တန်း ရွှေဘုရင်ရတနာဆိုင်) တို့အား ဂုဏ်ပြုကဒ် ချီးမြှင့်ခြင်း၊ အကပဒေသာဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေခဲ့သော အဖွဲ့များအား ဆုငွေများ ချီးမြှင့် ပေးအပ်ပြီး အခမ်းအနားအား နံနက် ( ၁၀း၃၀ ) နာရီအချိန်အထိ စည်းကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

ညောင်လေးပင်ခရိုင် အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
ကရင်ပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ကယားပြည်နယ်အတွင်းရှိ ထိခိုက်လွယ်အုပ်စုဝင်များဖြစ်သည့် အသက် (၇၀) နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသည့် အသက်(၅) နှစ်အောက်ကလေးများ၊ မသန်စွမ်းသူများအား ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနား
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးက ဖွင့်လှစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှု ယန္တရားများအကြောင်းနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဟောပြောပွဲ

MOS

DSW

DDM

DOR