၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားအား မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဦးဆောင်မှုဖြင့် ၈ -၃ - ၂၀၂၅ ရက်တွင် မန္တလေးမြို့တော်ခန်းမတွင် နံနက် ( ၀၉း၀၀ ) နာရီအချိန်မှ စတင်၍ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြီး၏ ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာမှအကြီး အကဲများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာ ကော်မတီမှ အဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းနှင့် ဝန်ထမ်းများ၊ ဌာနငယ်သင်တန်းကျောင်းများမှ ဝန်ထမ်းများ စုစုပေါင်းအင်အား ( ၂၅၀ ) ဦးခန့်တက်ရောက်၍  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကား ပြောကြားပြီး၊ အခမ်းအနားသို့ တက်ရောက်လာကျသော ဧည့်သည်တော်များအား UN Massage Video Clip ပြသခြင်း၊ တိုင်းဒေသကြီး  မိခင်နှင့် ကလေးစောင့်ရှောက်‌ရေးအဖွဲ့၊ အမျိုးသမီးရေးရာကော်မတီမှ တေးသရုပ်ဖော် အကပဒေသာဖြင့်လည်းကောင်း၊ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းမှ သမီးငယ်လေးများ၏ တေးသရုပ်ဖော် အကပဒေသာဖြင့်လည်းကောင်း၊ အမျိုးသမီးသက်ငယ်သင်တန်းကျောင်းမှ သမီးငယ်လေးများ၏ တေးသရုပ်ဖော် အကပဒေသာဖြင့် လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအသိအမှတ်ပြု ဧရိပ်မွန်အမျိုးသမီးဂေဟာနှင့် ပြည်လုံးချမ်းသာ ပရဟိတဂေဟာမှ သမီးငယ်လေးများမှ တေးသရုပ်ဖော်အကပဒေသာဖြင့်လည်းကောင်း ဖျော်ဖြေ တင်ဆက်ခဲ့ပြီး၊ နိုင်ငံတကာ AWEN ( Cambodia ) ပြိုင်ပွဲတွင် 2025 Outstanding ASEAN Women Entrepreneur Award ဆုရရှိခဲ့သော မန္တလေးမြို့မှ ဒေါ်သန်းသန်း (သာယာကြည်နှုးဖွယ် ကျောက်မျက် ကုမ္ပဏီ ) နှင့် ဒေါ်မွန်မြတ်ဆွေ ( ထိပ်တန်း ရွှေဘုရင်ရတနာဆိုင်) တို့အား ဂုဏ်ပြုကဒ် ချီးမြှင့်ခြင်း၊ အကပဒေသာဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေခဲ့သော အဖွဲ့များအား ဆုငွေများ ချီးမြှင့် ပေးအပ်ပြီး အခမ်းအနားအား နံနက် ( ၁၀း၃၀ ) နာရီအချိန်အထိ စည်းကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR