ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သတ္တပလူကျေးရွာတွင် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကို ၄-၇-၂၀၂၆ ရက်၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဒေါ်ခင်သန္တာထွန်း တက်ရောက်၍အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကယားပြည်နယ်လူမှုဝန်ထမ်းရုံး၊ ပြည်နယ်ဦးစီးမှူးဒေါ်စိန်စိန်မော်က လူမှုဝန်ထမ်းလုပ်ငန်းစဉ်များအကြောင်း၊ ကျား၊ မအခြေပြု အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့်ပတ်သက်၍လည်းကောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ အကြောင်းအား ရပ်ရွာပြည်သူများ သိရှိနိုင်စေရန် ဟောပြောဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သတ္တပလူကျေးရွာမှ ရွာသူ၊ ရွာသား ကျား (၄၀)ဦး ၊ မ (၉၀) ဦး ၊ စုစုပေါင်း (၁၃၀)ဦး တက်ရောက်ခဲ့ပါသည်။












