(၂၅)ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ မိဘရပ်ထံ ပြန်လည်အပ်နှံရေးနှင့် မိသားစုပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပခဲ့ပါသည်။
မြန်မာကိုယ်စားလှယ်ခေါင်းဆောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်နှင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက် ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် Ms. Ramrung Worawat တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြပြီး မြန်မာနိုင်ငံဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ IOM(Myanmar)၊ UNICEF၊ World Vision ၊ Save the Children၊ JICA(Myanmar)၊ IJM(Myanmar)တို့မှ တာဝန်ရှိသူများပါဝင်သည့် မြန်မာကိုယ်စားလှယ်(၁၈)ဦးနှင့် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ် (၂၇)ဦး တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိဂေဟာများတွင် လက်ခံစောင့်ရှောက်ထားသော လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား များနှင့်စပ်လျဉ်း၍ ဂေဟာများတွင် လက်ခံစောင့်ရှောက်ထားစဉ် ၎င်းတို့ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ အမြန်ဆုံးနှင့် လုံခြုံစိတ်ချမှုရှိစွာ ပြန်လည်လွှဲပြောင်း လက်ခံပေးနိုင်ရေး၊ COVID-19 ကာလအတွင်း အတားအဆီးများကြား၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် လူကုန်ကူးခံရသူများ၏ အခွင့်အရေးများကို လူကုန်ကူးခံရသူ အခြေပြုနည်းလမ်းများဖြင့် ဖြည့်ဆည်းပေးနိုင်ရေးနှင့် နှစ်နိုင်ငံအခက်အခဲများအား အတူတကွ ဖြေရှင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည့်အပြင် တရားစီရင်ရေးလုပ်ငန်းစဉ်အတွင်း လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက်ပေးခြင်းနှင့် ၎င်းတို့ရသင့်ရထိုက်သည့် လျော်ကြေးငွေ များ ရရှိရေးအတွက် နှစ်နိုင်ငံသက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေး ခဲ့ကြပြီး နှစ်နိုင်ငံရှေ့ဆက်အကောင်အထည်ဖော်မည့် လုပ်ငန်းရပ်များနှင့်စပ်လျဉ်း၍ အစည်းဝေး ဆုံးဖြတ်ချက်(၁၁)ချက်ကို ဖော်ထုတ်အတည်ပြုနိုင်ခဲ့ပါသည်။
အဆိုပါ မြန်မာ-ထိုင်း နှစ်နိုင်ငံအစည်းအဝေးများကို ၂၀၀၈ ခုနှစ်မှစတင်၍ အိမ်ရှင်အဖြစ် အလှည့်ကျကျင်းပဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ယခုကျင်းပဆောင်ရွက်သည့် (၂၅)ကြိမ်မြောက် အစည်းအဝေးသည် မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး ယင်းသို့အစည်းအဝေး များအား နှစ်နိုင်ငံ ပုံမှန်ကျင်းပဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံသား လူကုန်ကူးခံရသူများ၏ ရပိုင်ခွင့်၊ အခွင့်အရေးများကို အပြည့်အဝဖြည့်ဆည်းပေးနိုင်သည့်အပြင် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူရေး လုပ်ငန်းများကိုလည်း လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံသားအများစုသည် ထိုင်းနိုင်ငံအတွင်း ရေလုပ်ငန်း၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် စက်ရုံအလုပ်ရုံများစသည့် လုပ်ငန်းများ တွင် လုပ်အားခေါင်းပုံဖြတ် လူကုန်ကူးခြင်းခံရသည့်အပြင် လိင်လုပ်ငန်းများတွင်လည်း လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်းခံနေရသည်ကို တွေ့ရှိရပါသည်။
၂၀၂၀ ပြည့်နှစ်အတွင်း ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား(၁၀၇)ဦးအား ဇွန်လတွင် တစ်ကြိမ်၊ ဩဂုတ်လတွင်တစ်ကြိမ် (၂)ကြိမ်တိုင်တိုင် ပြန်လည်လွှဲပြောင်း လက်ခံခဲ့ကြောင်း သတင်းရရှိ ပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR