လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင် ခြင်းသင်တန်းကို ၁၁-၉-၂၀၂၅ ရက်နေ့၊ နံနက် (၉:၃၀) နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အဖွင့်မိန့်ခွန်း  ပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မသန်စွမ်းမှုအဆင့်သတ်မှတ် ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန (ရုံးချုပ်) မှ တာဝန်ရှိသူများက ဦးစီးဌာန၏ ရည်ရွယ်ချက်များနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ မသန်စွမ်းသူမှတ်ပုံတင်ထားခြင်းဖြင့် ရရှိမည့်အကျိုး ကျေးဇူးများ၊ ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်၊ မသန်စွမ်းမှု ဆိုင်ရာ ဝေါဟာရအသုံးအနှုန်းများ၊ ဆောင်ရန်၊ ရှောင်ရန်နှင့် လိုက်နာရမည့်အချက်များ၊ မှတ်ပုံတင် ခြင်းလုပ်ငန်းအဆင့်ဆင့်၊ အသက်အရွယ်အလိုက် အကဲဖြတ်မေးခွန်းလွှာ (၅) စုံအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ 

အထက်ပါသင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ တိုင်းဥပဒေ အထောက်အကူပြုကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ မြို့ (၃) မြို့မှ ထွေအုပ်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ အသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်း   နှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကို သင်တန်းကာလနှစ်ရက်ကြာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ကျင်းပ ဆောင်ရွက်ခြင်း
မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာမူဝါဒနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုတို့သည် လူတိုင်းအတွက် သေချာစေရေးနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအခြေခံမူများနှင့် ကိုက်ညီမှုကို အားပေးစေသည့် တွေ့ဆုံဆွေးနွေးပွဲ” ကျင်းပ

MOS

DSW

DDM

DOR