လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(လားရှိုး)၌ စခန်းအခြေပြုပြန် လည်ထူထောင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲကို  ယနေ့ ဩဂုတ်လ၂၅ ရက်၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၉)၊ နမ့်ခိုက်အုပ်စုတွင် တည်ရှိသော မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(လားရှိုး)၏ သင်တန်းခန်းမဆောင်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် လားရှိုးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်းက အဖွင့်အမှာစကားပြောကြားခဲ့ရာ မြန်မာနိုင်ငံအနေနဲ့ မူးယစ် ဆေးဝါးပြဿနာကို ထိန်းချုပ်နိုင်ရန်အတွက် အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုများနှင့်အညီ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနနှင့် စပ်ဆက်ဌာနများမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာနှင့် ဒေသအတွင်းအဖွဲ့အစည်းများ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းများ၊ အရပ်ဖက်မိတ်ဖက် လူမှုအဖွဲ့အစည်းများသည်လည်း နည်းလမ်းအမျိုးမျိုးဖြင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ၎င်းအပြင် ဥပဒေများ၊ နည်းဥပဒေများ ထုတ်ပြန်ခြင်း၊ တရားမဝင်ဘိန်း စိုက်ပျိုးထုတ်လုပ်မှု ပပျောက်အောင်ဆောင်ရွက်ခြင်း၊ အသိပညာများပေးခြင်း၊ ဆေးဝါးကုသပေးခြင်း၊ ယခုကဲ့သို့ ပြန်လည် ထူထောင်ရေးစခန်းများ ဖွင့်လှစ်ပြီး လူ့အသိုက်အဝန်းတွင် ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် ဆောင် ရွက်ပေးခြင်းလုပ်ငန်းများကို နည်းလမ်းပေါင်စုံဖြင့် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အချိန်တွင် နိုင်ငံ၏မျိုးဆက်သစ်လူငယ်များကို လူညွှန့်တုံးစေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ရန် ပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် အလွန်အရေးကြီးပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုသည် ကျွန်တော်တို့တိုင်းပြည် အနာဂါတ်အတွက် ကြီးမားသောအန္တရာယ်ကြီးတစ်ခုဖြစ်နေသည်ကို အားလုံးသိရှိနားလည် သဘောပေါက် ပြီးဖြစ်ပါကြောင်း၊ မူးယစ်ကင်းစင်သည့် နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် ဘိန်းစိုက်တောင်သူ များ၏  လူနေမှုဘဝမြင့်မားစေရန်အတွက် နိုင်ငံတော်မှ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နည်းပညာအကူအညီများရယူကာ ဘိန်းစိုက်ပျိုးသည့်ဒေသများတွင် အစားထိုးဖွံ့ဖြိုးရေး လုပ်ငန်းများ ကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊  စိတ်ကြွမူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ သယ်ဆောင် တင်သွင်းမှုတို့ကို ထိရောက်စွာထိန်းချုပ်နိုင်ရေး ဆက်စပ်ဌာနများနှင့်ပြည်သူလူထုက ပူးပေါင်းဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသည့်လူငယ်များသည် အများအားဖြင့် လူမှုအသိုင်းအဝိုင်းမှ ဖယ်ကျဉ်ပြီး ပစ်ပယ်ခြင်းခံနေရသည့်အတွက် လမ်းမှန်ပြန်မရောက်ဘဲ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍများအားလုံး လူငယ်တွေ၌ အနာဂါတ်ပျောက်ဆုံးသွားသည်ကို တွေ့ရပါကြောင်း၊ လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို တဖြည်းဖြည်းချင်းဝါးမြိုပြီး လူငယ်များ၏အနာဂါတ်ကို အညွှန့်ချိုးနေသည့် မူးယစ်ဆေးဝါး အန္တရာယ်ကို ပြည်သူများနှင့် စုပေါင်း၍ ဝိုင်းဝန်းတိုက်ထုတ်လျက် ရှိပါကြောင်း၊ မူးယစ်ဆေးဝါးကြောင့် အနာဂါတ်ကို ခေါင်းဆောင်ရမည့် လူငယ်များလျော့နည်းလာနိုင်သည့်အတွက် မူးယစ်ဆေးစွဲလူငယ်များ အား ပစ်ပယ်မထားဘဲ ဆေးဖြတ်လိုစိတ်ဖြစ်လာအောင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းချိတ်ဆက်၍ အသိ ပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ မူးယစ်ဆေးဖြတ်ကုသပေး သည့်သင်တန်းများ ဖွင့်လှစ်ခြင်းကြောင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ဆိုးကျိုးများကို လူငယ်များ သိရှိ ရှောင်ရှားနိုင်ခြင်း၊ နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ များ ကောင်းမွန်လာခြင်း၊ သင်တန်းမှပို့ချသော အသက်မွေးဝမ်းကြောင်းပညာရပ်များဖြင့် ၎င်းတို့ဘဝ ရပ်တည်နိုင်သည့် အကျိုးကျေးဇူးများ ရရှိလာနိုင် မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ 

ထို့နောက်ပြန်လည်ထူထောင်ရေးဦးစီးဌာန မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေး စခန်း(လားရှိုး)မှ လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့ပါသည်။ 

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဌာနဆိုင်ရာအသီးအသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော် များ၊ အရပ်ဖက်မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သတင်းမီဒီယာ များ၊ သင်တန်းသားများနှင့် သင်တန်းနည်းပြများ စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး သင်တန်း ဖွင့်ပွဲအခမ်းအနားကို နံနက် (၁၁:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR