မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ပြန်လည်ထူထောင်ရေးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၁၃:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်က တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

          ဒုတိယဝန်ကြီးက မူးယစ်ဆေးဝါးပြဿနာကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊  မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ကုလသမဂ္ဂ လက် အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့်ဒေသတွင်း အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်  ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွင် လုပ်ငန်း(၁၁)ဖွဲ့ရှိသည့်အနက် ပြန်လည်ထူထောင်ရေးအဖွဲ့အနေဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးအဖွဲ့ လုပ်ငန်းတာဝန်များ အရ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် မူဝါဒနှင့် လုပ်ငန်းအစီအစဉ် ရေးဆွဲခြင်းများကို နှီးနွယ်ဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးစွဲ လူနာများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပြန်လည်ထူထောင်မှုခံယူသူများအား အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားပေးကြောင်း၊ နောက်ဆက်တွဲစောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းနှင့် စခန်းအခြေပြု ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ ရပ်ရွာအခြေပြုပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မူးယစ်ဆေးစွဲကုသရေးဌာနများနှင့် ပြန်လည်ထူထောင်ရေး စခန်းများ ချိတ်ဆက်၍ ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင်ပေးနိုင်ရေး ဆောင်ရွက်ပေးကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်သူများအား လုပ်ငန်းကျွမ်းကျင်မှုရှိစေရေး စွမ်းရည်မြှင့်တင်ပေးခြင်းနှင့် မျိုးဆက်သစ်မွေးထုတ်ပေးခြင်း၊ စေတနာ့ဝန်ထမ်းကူညီဆောင်ရွက်မည့် အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရေး စီစဉ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ရည်မှန်းချက်ပါအတိုင်း ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စီမံကိန်းလုပ်ငန်းများ တိုးတက်မှုအခြေအနေကို အကဲဖြတ်သုံးသပ်၍ ဗဟိုအဖွဲ့သို့ () ()ကြိမ် အစီရင်ခံတင်ပြလျက်ရှိပါကြောင်း၊  မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းများတွင် သင်တန်းများဖွင့်လှစ်၍ သင်တန်းသားများလက်ခံခြင်း၊ သင်တန်းသားများ၏ ကိုယ်ရေးအချက် အလက်များ ကောက်ယူခြင်း၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ပေးခြင်း၊ သက်မွေး ဝမ်းကျောင်းပညာရပ်များသင်ကြားပေးခြင်း၊ ရပ်ရွာလူထု အသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့ နိုင်ရေးအတွက် နောက်ဆက်တွဲစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ  စခန်းအခြေပြုသင်တန်း(၄၁)ကြိမ်၊ သင်တန်းသား(၈၆၂)ဦး၊ ရပ်ရွာအခြေပြုသင်တန်း (၁၉)ကြိမ်၊ သင်တန်းသား(၆၂၀)ဦး၊ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ် ရေးမှူးသင်တန်း(၂၇)ကြိမ်၊ သင်တန်းသား(၆၆၅)ဦးနှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးဆိုင်ရာစွမ်းရည်မြှင့် သင်တန်း()ကြိမ်၊ သင်တန်းသား(၁၁၀)ဦးကို လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပါကြောင်း၊ ပြန်လည်ထူထောင်ရေးအဖွဲ့အနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ သို့တင်ပြနိုင်ရေး ()နှစ်()ကြိမ် ကျင်းပ သွားမည်ဖြစ်ပါကြောင်း၊ ယခုအစည်းအဝေးသို့တက်ရောက် လာသည့် အဖွဲ့ဝင်များအနေဖြင့် မိမိဌာန၏ ဆောင်ရွက်ချက်များအား ဆွေးနွေးတင်ပြစေလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ထူ ထောင်ရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးတက်ရောက်သူများမှ သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် မူးယစ်ဌာနခွဲ၊ ညွှန်ကြားရေးမှူးက လျာထားဆုံးဖြတ်ချက်များအား ဖတ်ကြား တင်ပြခဲ့ပြီး အစည်းအဝေးတွင် ပြန်လည်ထူထောင်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြား ထားသူများ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးကို (၁၃:၅၀)အချိန်တွင် ရုတ်သိမ်း ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

(၂၉) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှု ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR