မီးဘေးထောက်ပံ့မှုသတင်း
၂၅ ဖေဖော်ဝါရီ ၂၀၂၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း
ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊
ကျောက်တန်းမြို့နယ်၊ တံတားမြို့၊
အမှတ်(၂)ရပ်ကွက်တွင် (၁၉-၂-၂၀၂၂)ရက်နေ့၊ (၂၀း၂၀)နာရီအချိန်၌မီးလောင်မှုဖြစ်ပွားခဲ့ရာ
အိမ်ခြေ (၁)လုံးမီးဘေးသင့်ခဲ့ပြီး၊ အိမ်ထောင်စု (၁)စုမှ လူဦး ရေ (၂)ဦးတို့
မီးဘေးသင့်ခဲ့ပါသဖြင့် မီးဘေးသင့်အိမ်ခြေ (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်
(၂၀၀၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်
(၄၂၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)အိမ်ထောင်စာနှင့်
ကိုဗစ်-၁၉ ကြိုတင် ကာကွယ်နိုင်ဖို့အိမ်ထောင်စု (၁)စုအတွက်
ဆပ်ပြာ (၁)တောင့်၊ လူဦးရေ (၂)ဦးအတွက် Mask (၄)ခုတို့အား
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများထံသို့
(၂၄-၂-၂၀၂၀)ရက်နေ့ (၁၅း၃၀)နာရီအချိန်တွင် သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
Source: DDM