လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရက်(၁၀၀)စီမံချက်အနေဖြင့် လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင်ဖွင့်လှစ်ထားရှိသည့် KGနှင့် Grade-1 ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(ဆင့်ပွား)သင်တန်း၌ ဆရာ(၂၀)ဦး၊ ဆရာမ(၂၇၅)ဦး၊စုစုပေါင်း (၂၉၅)ဦးတို့အား(၁၈.၅.၂၀၂၆)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှဒုတိယညွှန်ကြားရေးမှူး၊ဒေါ်ဆင့်မှ မြန်မာ့ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆိုင်ရာမူဝါဒ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းအရာများ ဟောပြောဆွေးနွေးခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဦးတင်မောင်သက်မှ ပြစ်မှုဆိုင်ရာဥပဒေနှင့် ပတ်သက်၍ အသိပညာပေးခြင်းများနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်နော်ရူဘီစိုးနှင့်တာဝန်ရှိသူများမှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ သရုပ်ပြလေ့ကျင့်ခြင်း၊ လက်ကမ်းစာစောင်ဝေဌခြင်းများဆောင်ရွက်ခဲ့ပါသည်။
Source:DDM


