လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ရက် (၁၀၀) အတွင်း လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် (၂၅-၆-၂၀၂၆) ရက်နေ့တွင် နံနက် (၁၀:၃၀) နာရီအချိန်မှ (၁၂:၀၀) နာရီ အချိန်ထိ မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းတွင်ကျောင်းသား (၁၄၅) ဦး၊ ကျောင်းသူ (၇၅) ဦး၊ ဆရာ/ ဆရာမ (၈) ဦး၊ စုစုပေါင်း (၂၂၈) ဦးတို့အားလည်းကောင်း၊ နေ့လည် (၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိ မြဝတီမြို့ အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတွင် ကျောင်းသား (၆၀) ဦး၊ ကျောင်းသူ (၆၀) ဦး ဆရာ/ ဆရာမ (၅) ဦး၊ စုစုပေါင်း (၁၂၅) ဦးတို့အားလည်းကောင်း သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဘေး (၉) မျိုး လက်ကမ်းစာစောင်များနှင့် ရေဘေးနှင့် မုန်တိုင်းဘေးဗီနိုင်းပိုစတာတို့အား ဖြန့်ဝေပေးအပ်ခဲ့ပါသည်။
Source:DDM


