ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံရှိ ပြည်နယ်အချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည့် အခြေအနေ များနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများနှင့် ပူးပေါင်းထောက်ပံ့ ကူညီမှုများ ဆောလျင်စွာ ဆက်လက် ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးအား Online ဖြင့် ယနေ့ နေ့လည်ပိုင်းတွင် ကျင်းပရာ  လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန (ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာနရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်  ဝန်ကြီးဌာနအနေဖြင့် ကောင်းမွန် သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ COVID-19 ဖြစ်ပွားနေသည့်ကာလတွင် ပြည်နယ်အချို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့်အတွက် ထိခိုက်ဆုံးရှုံးမှုများ တတ်နိုင်သမျှ လျော့နည်းအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ် ဖြစ်ပွားလာပါက ထိရောက်စွာတုံပြန်နိုင်ရေးနှင့်စပ်လျဉ်း၍ သဘာဝဘေးဖြစ်စဉ်များအား အချိန်နှင့်တပြေးညီ သိရှိရန်လိုအပ်ကြောင်း၊ ဒေသအလိုက် ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ် များအလိုက် သဘာဝဘေးစီမံချက်များ ရေးဆွဲထားရန် လိုအပ်ကြောင်းနှင့် ရေးဆွဲထားရှိပြီး ဖြစ်သည့် စီမံချက်များအားလည်း ခေတ်စနစ်နှင့်လျော်ညီစွာ ပြန်လည်ပြုစုထားရန် လိုအပ် ကြောင်း၊ ရေဘေးနှင့် COVID-19 ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်း များအား လိုအပ်မှုအခြေအနေပေါ်မူတည်၍ ဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ခြင်းဆိုင်ရာ လုပ်ငန်းများအားလည်း သက်ဆိုင်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း လမ်းညွှန်မှာကြား ခဲ့ပါသည်။

ဆက်လက်၍ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီအောင်ထွန်းခိုင်က မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာနသည် အဓိကတာဝန်ယူ ဆောင်ရွက်ရသည့် ဌာန တစ်ခုဖြစ်ပါကြောင်း၊ မိုးလေဝသအခြေအနေများအရ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်နိုင်သည့်အတွက် အထူးသတိရှိရန် လိုအပ် ပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး တိုင်းဒေသကြီး/ ပြည်နယ် အလိုက် လူအင်အား၊ပစ္စည်းအင်အားတို့အား  ကြိုတင်စုပုံပြင်ဆင်ထားရှိရမည်ဖြစ်ကြောင်းနှင့် ထိရောက်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဖြစ်စေရန် ပြန်လည်ဆန်းစစ်သွားရန် လိုအပ် ကြောင်း ပြောကြား ခဲ့ပါသည်။

ထို့နောက် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ၊ တတိယပတ်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်သာရီတိုင်းဒေသကြီးတို့ရှိ ရပ်ကွက်/ ကျေးရွာများသို့ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးမှုးများက ဆွေးနွေးတင်ပြရာတွင် (၂၇-၇-၂၀၂၁)ရက်နေ့စာရင်းများအရ ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီး၊ ကော့ကရိတ်၊  လှိုင်းဘွဲ့နှင့် မြဝတီမြို့များတွင် ရေဝင်မပြောင်းရွှေ့ အိမ်ထောင် စု(၂၁၀၀)စုခန့်၊ လူဉီးရေ (၁၁၉၀၀)ကျော် ရှိပြီး ရေဝင်ပြောင်းရွှေ့ အိမ်ထောင်စု(၆၈၀)စုခန့်မှ လူဉီးရေ(၃၀၀၀)ကျော်တို့သည် ရေဘေးရှောင်နေရာ(၁၅)ခုနှင့် နီးစပ်ရာဆွေမျိုးများနေအိမ် တို့တွင် ယာယီ ခိုလှုံပြောင်းရွှေ့နေထိုင်လျက်ရှိပါကြောင်း၊ အလားတူ မွန်ပြည်နယ်၊မော်လမြိုင်၊ ကျိုက်မရော၊ သထုံ၊ ပေါင်နှင့် ရေးမြို့နယ်များတွင် ရေဝင်မပြောင်းရွှေ့ အိမ်ထောင်စု (၃၃၀၀) စု၊  ခန့်၊ လူဉီးရေ (၁၀၇၀၀)ကျော်ရှိပြီး ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု(၄၅၀၀)စုခန့်မှ လူဉီး ရေ(၂၀၀၀၀) ကျော်တို့သည် ရေဘေးရှောင်နေရာ(၁၁)ခုနှင့် နီးစပ်ရာဆွေမျိုးများနေအိမ်တို့တွင် ယာယီပြောင်းရွှေ့ခိုလှုံနေထိုင်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ရေဝင် ပြောင်းရွှေ့ အိမ်ထောင်စု(၁၇၀၀)စုခန့်၊ လူဉီးရေ (၂၉၀၀)ကျော် ရှိပါကြောင်းနှင့် အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီများနှင့် ပူးပေါင်းကာ စားနပ်ရိက္ခာနှင့်လူသုံးကုန်ပစ္စည်းများထောက်ပံ့လျက်ရှိကြောင်း၊ ဒေသတွင်း စားနပ်ရိက္ခာ ဝယ်ယူ၍ မရနိုင်သော နေရာများအတွက် အခြားဒေသမှဝယ်ယူ ပို့ဆောင်နိုင်ရေး စီစဉ်လျက် ရှိကြောင်းနှင့် လိုအပ်ချက်ပေါ်မူတည်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို COVID-19 စည်းမျဉ်း များနှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်လက်၍ အခြားတိုင်းဒေသကြီး/ပြည်နယ်ဉီးစီးမှူးများက သဘာဝဘေး အန္တရာယ်များ ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်ခြင်း၊ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရန်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြမှုများအပေါ် အမြဲတမ်း အတွင်းဝန်က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ အစည်းအဝေးကို ယနေ့နေ့လည် (၁၆:၃၀) ခန့်တွင် ရုတ်သိမ်းခဲ့ပါသည်။




မိုးလေဝသနှင့် ဇလဗေဒဉီးစီးဌာနမှ ခန့်မှန်းထုတ်ပြန်ချက်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆဘ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ်အခြေအနေ စီမံ ခန့်ခွဲမှုဗဟိုဌာန၏ ရာသီဉတု Website များအား စိစစ်လေ့လာချက်များအရ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘဂ်လားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန် ကောင်းနေသဖြင့် လာမည့်ရက်များအတွင်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် မိုးရေချိန်(၃)လက်မ မှ (၈)လက်မအတွင်း ဒေသအလိုက် မိုးကြီး နိုင်ခြင်း၊ အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင် မိုးရေချိန်(၁) လက်မမှ (၅) လက်မ အတွင်း နေရာအနှံ့အပြား မိုးရွာသွန်းမှုများပြားနိုင်ခြင်းတို့ဆက်လက် ဖြစ်ပေါ်နိုင်ကြောင်း တွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ဖြန့်ဝေအသိပေးထားသည့် ရေဘေးအသိပညာပေးစာစောင်တွင် အကြံပြုထားသည့်အတိုင်း ရေနှင့်ဓာတ်ဆား၊ ကြာရှည်ခံအစားအစာ၊ ရှေးဉီးသူနာပြု ပစ္စည်းများနှင့် သုံးစွဲနေသည့် ဆေးဝါးများ၊ အရေးပေါ်ခြုံစောင်၊ အဝတ်အစားများ၊ ရေစိုခံမိုးကာ၊ အကြမ်းခံသည့်ဖိနပ်၊ ဘက်ထရီအပြည့်ရှိသည့်  ဖုန်းနှင့် ရေဒီယို၊ လက်နှိပ် ဓါတ်မီး၊ မီးအိမ်နှင့် ဓာတ်ခဲအပိုများ၊ ဘက်စုံသုံးအိတ်ဆောင်ဓား၊ ကြိုး၊ ဖယောင်းတိုင်၊ မီးခြစ်၊ အခြားသူများအာရုံစိုက်မှုရစေရန် လိုအပ်သည့် ဝီစီ၊ တစ်ကိုယ်ရေသုံး အသုံး အဆောင်များ၊ ရေစိုခံအိတ်နှင့်ထည့်ထားသည့် အရေးကြီးစာရွက်စာတမ်း၊ ငွေသား၊ ကလေးများ၏ ကျောင်းသုံးပစ္စည်းများ၊ အရေးပေါ်သုံးပစ္စည်းများနှင့် အရေးပေါ် အသက် ကယ်ပစ္စည်းများ အသင့်ပြင်ဆင်ထားခြင်း၊ မိသားစုဝင်များကွဲကွာပါက ပြန်လည် ဆက်သွယ်ရန် ဖုန်းနံပါတ်၊အမည်၊ ရပ်ကွက်၊ ကျေးရွာ၊မြို့၊ ဆက်သွယ်ရမည့်သူ စသည်တို့အား ရေးသားပြီး ကလေးငယ်များအပါအဝင် မိသားစုဝင်တိုင်း ယူဆောင်ထားခြင်း၊ သက်ဆိုင်ရာ အစိုးရဌာန၏ ညွှန်ကြားချက်ရရှိပါက ဘေးလွတ် ရာနေရာသို့ ကိုဗစ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ  ပြောင်းရွှေ့ ခိုလှုံနိုင်ရန် ပြင်ဆင်ထားခြင်း၊ ရေပြန်လည်ကျဆင်းချိန်၌ သက်ဆိုင်ရာအစိုးရဌာနများ၏ အကြံပြုချက် များအား လိုက်နာကာ ရေကြီးခြင်း၏ နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများကို ဂရုပြုနေထိုင်ခြင်း၊ အမှိုက်များအား စနစ်တကျ ပူးပေါင်းရှင်းလင်းခြင်း၊ အန္တရာယ်ရှိနိုင်သော ဓာတ်ကြိုး၊ ဓာတ်တိုင်၊ လျှပ်စစ်ပစ္စည်းများ၊ သစ်ပင်သစ်ကိုင်းများ သတိပြုရှောင်ရှားခြင်း၊ သက်ဆိုင်ရာသို့ အကြောင်းကြားပြီး ကူညီရှင်းလင်းခြင်း၊ မသန့်ရှင်းသော ရေအရင်းအမြစ်များ မသုံးစွဲခြင်းနှင့် ရေစိုပြီး အနံ့အသက်မကောင်းသည့် အစားအစာများ မစားခြင်း စသည်တို့အား လိုက်နာဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော် အပ်ပါသည်။

ထို့အပြင် ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက်များ၊ ပညာရှင်များ၏ သုံးသပ်အကြံပြုချက်များကိုလည်း အလေးထား ဂရုပြုလိုက်နာရန်နှင့် အကူအညီလိုအပ်ပါက ဒေသအလိုက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ရုံးများသို့ဖြစ်စေ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်) Hot Line နံပါတ်များဖြစ်သော ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ သို့ ဖြစ်စေ အကူအညီတောင်းခံနိုင်ပါ ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထပ်လောင်း နှိုးဆော်ထားပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR