ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရခိုင်ပြည်နယ်အတွင်းနေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေးတို့အတွက် တည်ဆောက်ထားသည့် အခြေခံအဆောက်အဦများ၏ လက်ရှိအခြေ အနေနှင့် ရေရှည်ကြံ့ခိုင်ရေးကိစ္စရပ်များ၊ ပြန်လည်နေရာချထားရေးဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့(၁၅-၁-၂၀၂၁)ရက်နေ့ နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ Virtual Meeting ကျင်းပခဲ့ပါသည်။
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေးကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာ စကားပြောကြားရာတွင် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် တည်ဆောက်ပေးထားသည့် အဆောက်အဦများ၏ လက်ရှိအခြေအနေနှင့် ရေရှည်ကြံ့ခိုင်ရေးအတွက် ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ပြန်လည်နေရာချထားရေးကိစ္စရပ်များသည် အလွန်အရေးကြီး သည့်အတွက် မြေပြင်တွင် လက်တွေ့ဆောင်ရွက်နေရသည့် ရခိုင်ပြည်နယ် အတွင်းရှိ သက်ဆိုင်ရာဌာနအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးရန် ဖြစ်ပါကြောင်း၊
၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရခိုင် ပြည်နယ်တွင်နေထိုင်လျက်ရှိသည့် မွတ်စလင်ဘာသာဝင်များ တစ်ဖက်နိုင်ငံသို့ အုပ်စုလိုက် တရွေ့ရွေ့ ထွက်ခွာသွားခဲ့ကြပါကြောင်း၊
မိမိတို့နိုင်ငံအတွင်း အခြေချနေထိုင်ခဲ့ပြီး တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများကို ပြန်လည်ခေါ်ယူရမည်ဖြစ်ကြောင်းကို နိုင်ငံတကာသို့အသိပေးခဲ့ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီမှုအစီအစဉ် ကို ရေးဆွဲအတည်ပြုထားရှိ ဆောင်ရွက်လျက်ရှိပါကြောင်း၊
နေရပ်စွန့်ခွာသူများကို စနစ်တကျ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထား နိုင်ရေးအတွက် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီကို ၂၀၁၈ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊
ကော်မတီ၏ လုပ်ငန်းတာဝန်များကို စနစ်တကျ အကောင်အထည်ဖော်နိုင်ရေး အတွက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဌအဖြစ်ဆောင်ရွက်သော နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းကော်မတီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဌအဖြစ် ဆောင်ရွက်သော နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီတို့ကို ၂၀၁၈ခုနှစ်၊ဇူလိုင်လ (၁၈)ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊
ပြန်လည်လက်ခံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန် အာဆီယံနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊
နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်လာချိန်၌ ပြန်လည်လက်ခံရေးလုပ်ငန်း စဉ်များ ဆောင်ရွက်ရန် တောင်ပြို(လက်ဝဲ)၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်းများနှင့် ယာယီ နေထိုင်နိုင်ရန် လှဖိုးခေါင်ကြားစခန်းများတွင် ယာယီတဲတန်းလျားများကိုလည်းကောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးချိန်တွင် ပြန်လည်နေရာချထားရေးနှင့် တစ်ဖက်နိုင်ငံသို့ထွက်ခွာခြင်းမပြုဘဲ ဒေသအတွင်း ကျန်ရှိနေသည့် နေရပ်စွန့်ခွာသူများ အတွက် နေအိမ်များ၊ သောက်သုံးရေ၊ လျှပ်စစ်မီး၊ လမ်း၊ တံတားစသည့် အခြေခံ အဆောက်အဦများ တည်ဆောက်ရေးအတွက် UEHRD က ဦးဆောင်၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ ပြည်တွင်း၊ ပြည်ပ စေတနာရှင်များ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် မိတ်ဆွေနိုင်ငံများ၏ ကူညီထောက်ပံ့ လှူဒါန်းငွေကျပ် (၁၈) ဘီလီယံကျော် သုံးစွဲခဲ့ရ ပါကြောင်း၊
တိုင်းရင်းသားများ၊ ဟိန္ဒူဘာသာဝင်များနှင့် မွတ်စလင်ဘာသာဝင်များအတွက် နေအိမ်(၁,၈၅၄)လုံး တည်ဆောက်ပေးခဲ့ပြီး (၁,၂၉၄)လုံး နေရာချထားပြီး ဖြစ်ပါကြောင်း၊ နေအိမ်နှင့် တဲတန်းလျားများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် UEHRD ကော်မတီ ရန်ပုံငွေမှ ငွေကျပ်(၁.၄)ဘီလီယံကျော် သုံးစွဲခဲ့ရပါကြောင်း၊
အဆိုပါ အဆောက်အဦများကို စေတနာရှင်များ၏ လှူဒါန်းငွေများဖြင့် ဆောင်ရွက် ထားသည့်အတွက် ပျက်စီးဆုံးရှုံးမှုနည်းပါးအောင် သက်ဆိုင်ရာတာဝန်ရှိသူများက ကြပ်မတ်၍ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊
ပြန်လည်လက်ခံရေးစခန်းများတွင် တည်ဆောက်ထားသည့် နေအိမ်များမှာ ယာယီ နေထိုင်ရန်အတွက်သာရည်ရွယ်၍ တည်ဆောက်ထားသည့်အတွက် တစ်စတစ်စ ပျက်စီး ယိုယွင်းလျက်ရှိပါကြောင်း၊ နောင်တွင်ရေရှည်အသုံးပြုနိုင်အောင် အစီအမံများဖြင့်စနစ်တကျ တည်ဆောက်ပေးရန် အရေးကြီးပါကြောင်းနှင့် နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးနှင့် နေအိမ်အဆောက်အဦများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေး နိုင်မည့်နည်းလမ်းများကို အကြံပြု ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်ဖုန်းမြတ်က နယ်စပ် ရေးရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်း၊ တံတားများတည်ဆောက်ခြင်း၊ ဆိုလာမီး၊ IDP စခန်းများအတွက် လုံးချင်းအိမ်ရာများ ဆောက်လုပ်ပေးခြင်း စသည့်အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးစိုးအောင်က ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအတွက် နေအိမ်များ တည်ဆောက်ရာတွင် ရာသီဥတု၊ ပထဝီအနေအထားတို့အပြင် ရခိုင်ပြည်နယ်တွင် ဒေသခံ များ၏ နေအိမ်ဆောက်လုပ်ထားရှိမှုပုံစံဒီဇိုင်းနှင့် နည်းပညာတို့ကိုပါ အခြေခံ၍ ဆောက်လုပ် ရန်လိုအပ်ပါကြောင်း၊
နေအိမ်အများစုမှာ ပြင်းထန်သည့်ရာသီဥတုဒဏ်မခံရဘဲ ပျက်စီးမှုများရှိနေ၍ ပြုပြင် ထိန်းသိမ်းရန် လိုအပ်လျက်ရှိပါကြောင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးကို ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးမဟာဗျူဟာနှင့် ချိတ်ဆက်ဆောင်ရွက်ရန်လိုပါကြောင်း၊ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီမှုဖြင့် ပြန်လည်ဝင်ရောက်လာမည့်သူများအပြင် နယ်စပ်ခြံစည်းရိုး အနီးတွင် တရားမဝင်နေထိုင်သူများ ပြန်လည်ဝင်ရောက်လာနိုင်ရန်လည်း ရှိပါကြောင်း၊
ပြန်လည်ဝင်ရောက်လာမည့်သူများကို စနစ်တကျ ပြန်လည်နေရာချထားနိုင်ရန် မြေနေရာ ရွေးချယ်ခြင်း၊ နေအိမ်များတည်ဆောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်နယ်အစိုးရအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများက ဘဏ္ဍာနှစ် အလိုက် စီမံကိန်းများ လျာထားဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ရခိုင်ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ပြည်နယ် ဝန်ကြီးဦးအောင်ကျော်ဇံက ပြန်လည်လက်ခံရေးစခန်းများရှိ ယာယီတဲတန်းလျားများနှင့် ပြန်လည်နေရာချထားရေးအတွက် တည်ဆောက်ထားသည့်နေအိမ်များ၏ လက်ရှိအခြေ အနေနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရမည့်အခြေအနေများ၊ Cash For Work အစီအစဉ်ဖြင့် နေအိမ်ဆောက်လုပ်ပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြန်လည် လက်ခံမည့် လူဦးရေစာရင်းများ စိစစ်ပြီးစီးမှုအခြေအနေများ၊ မောင်တောခရိုင်အုပ်ချုပ်ရေး မှူးက ပြန်လည်နေရာချထားရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ နေအိမ်များတည်ဆောက် ပြီးစီးမှုနှင့် နေရာချထားပေးနိုင်မှုအခြေအနေများနှင့် နေအိမ်များဆောက်လုပ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက နေရပ်စွန့်ခွာသူများအား စနစ်တကျပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ၊ အဆောက်အဦ များ ကြံ့ခိုင်ရေး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့အောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR