ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်ချက်ဖြစ်သောရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းအတွက် မူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲအခမ်းအနားကိုပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာမြို့တွင် ယနေ့နံနက်ပိုင်း၌ ကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ပဲခူးတိုင်းဒေသကြီးလူမှုရေးဝန်ကြီးဒေါက်တာထူးခြားအောင်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးဒုတိယဝန်ကြီးနှင့်အဖွဲ့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက်ဖွင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာဒုတိယဝန်ကြီးကမွေးစမှအသက်၈နှစ်ထိရှေးဦးအရွယ်ကလေးသူငယ်ဘဝသည်ဘဝတစ်လျှောက်လုံးအတွက်သင်ယူမှု၏အခြေခံနှင့်ကျန်းမာဖွံ့ဖြိုးရေးအတွက်စနစ်တကျလေ့ကျင့်သင်ကြားပေးရမည့်အချိန်ကာလဖြစ်ပါကြောင်း၊ရှေးဦးအရွယ်ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးနည်းစနစ်များနှင့်အညီစနစ်တကျပြုစုပျိုးထောင်ပေးသွားမှာဖြစ်ပါကြောင်း၊မူလတန်းကြိုကျောင်းဖွင့်လှစ်နိုင်သည့်အတွက်ကလေးသူငယ်များဘက်စုံဖွံ့ဖြိုးရေးဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်သဖြင့်မြေနှင့်အဆောက်အဦလှူဒါန်းသူများအားအထူးကျေးဇူးတင်ရှိပါကြောင်း၊ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးအတွက်ဌာနမူလတန်းကြိုကျောင်းများဖွင့်လှစ်ခြင်း၊ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများကိုနည်းပညာနှင့်ငွေကြေးထောက်ပံ့ခြင်း၊ပုဂ္ဂလိကမူလတန်းကြိုကျောင်းများတည်ထောင်ခွင့်ပြုခြင်းများဖြင့်ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေးကိုဆောင်ရွက်ပေးလျှက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက်လူမှုဝန်ထမ်းဦးစီးဌာန၏တည်ထောင်ခွင့်ပြုမိန့်ရပြွန်တန်ဆာမြို့ဘိုးဘွားဓမ္မရိပ်သာနှင့်ညောင်လေးပင်ဘိုးဘွားရိပ်သာများသို့သွားရောက်ခဲ့ပြီး၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်အတွက်ဒုတိယဘိုးဘွားရိပ်သာအဆင့်ထောက်ပံ့ငွေ၃,၀၈၇,၀၀၀ကျပ်စီကိုထောက်ပံ့ပေးခဲ့ပြီးဘိုးဘွားများအားရင်းရင်းနှီးနှီးအားပေးစကားများပြောကြားခဲ့ပါသည်။ဆက်လက်၍ဒုတိယဝန်ကြီးသည်ညောင်လေးပင်မူလတန်းကြိုကျောင်းအားသွားရောက်ကြည့်ရှုခဲ့ပြီးကလေးများအားအာဟာရမုန့်များပေးအပ်ခဲ့ပြီးတာဝန်ရှိသူများကိုလိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်ညောင်လေးပင်မြို့၊သီရိရတနာခန်းမတွင်ညောင်လေးပင်မြို့နယ်အတွင်းရှိရပ်ကွက်၊ကျေးရွာများမှမသန်စွမ်းသူမှတ်ပုံတင်လက်မှတ်လျှောက်ထားသူများအားပြန်လည်ထူထောင်ရေးဦးစီးဌာန၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ကုသရေးဦးစီးဌာန၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ချုပ်၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့တို့ပူးပေါင်း၍အဖွဲ့ဖြင့်ကွင်းဆင်းစာရင်းသွင်းစိစစ်ဆောင်ရွက်ပေးနေမှုများကိုလှည့်လည်ကြည့်ရှုအားပေး၍လိုအပ်သည်များကိုညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR