ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်းခန်းမ၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)ညှိနှိုင်းအစည်းအဝေး

                                                        (၁/၂၀၂၁)ကျင်းပ

ဧပြီလ (၈)ရက်၊နေပြည်တော်

         လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက ဦးဆောင်၍ ဆက်စပ်ဌာနဆိုင်ရာများ / အဖွဲ့အစည်းများနှင့် ရေးဆွဲထားရှိသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ဥပဒေ( မူကြမ်း )အား အတည်ပြုပြဋ္ဌာန်း နိုင်ရေး ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၁) ကို ယနေ့နံနက် ( ၁၀ )နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

               အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒေါက်တာသက်သက်ခိုင်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များနှင့်  ကိုယ်စားလှယ်များ၊ ကာကွယ်ရေးဝန်ကြီး ဌာန နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ ၊ရန်ကုန်တက္ကသိုလ်၊ဥပဒေပညာဌာနမှ တာဝန်ရှိသူ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း) ရေးဆွဲ ရေးလုပ်ငန်း ကော်မတီဝင် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

               ရှေးဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဉက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ချမှတ်ထားတဲ့ မူဝါဒ ()ရပ်မှာ အမျိုးသမီးများ အပေါ်နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်ရန်နှင့် စောင့်ရှောက်မှုများပေးရန်ဆိုတဲ့ အချက်ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံရဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အကောင်အထည်ဖော်မှုဆိုင်ရာ စတုတ္ထနှင့်ပဥ္စမ အကြိမ် ပူးတွဲအစီရင်ခံစာ အပေါ် UNCEDAW ကော်မတီက ပေးပို့ခဲ့သည့် အကြံပြုချက်(၅၆)ချက်အနက် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ ဖြစ်စေသည့် ဥပဒေများနဲ့ ပြဋ္ဌာန်းချက်များကို အမြန်ဆုံးပြန်လည်သုံးသပ်ရန် ဆိုတဲ့အချက် ပါဝင်ပါကြောင်း။

          ဒါကြောင့် အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများနဲ့စပ်လျဉ်းပြီး ထိရောက်စွာ ကာကွယ်စောင့်ရှောက် ပေးနိုင်ရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်၍  အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ နည်းပညာအကူအညီများဖြင့်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကျား/မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်(Gender Equality Network) ကုလသမဂ္ဂ ကျား/မရေးရာဆိုင်ရာ အဖွဲ့(United Nations Gender Theme Group)နှင့် ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်လည်းကောင်း ပူးပေါင်း၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေ(မူကြမ်း)ကို ရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း။

ဥပဒေရေးဆွဲရာမှာ အာဆီယံနိုင်ငံများအပါအ၀င်  အခြားနိုင်ငံများမှ ဥပဒေများအား နှိုင်းယှဉ်ဥပဒေများအဖြစ်လေ့လာ၍ ရေးဆွဲဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း ဥပဒေအား ပြည့်စုံစွာရေးသားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဦးဆောင်ကော်မတီ၊ အကြံပေးကော်မတီနဲ့ လုပ်ငန်းကော်မတီ ()ရပ်ဖွဲ့စည်းထားရှိပြီး ရေးဆွဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း

          ဥပဒေ(မူကြမ်း)ရေးဆွဲရေး လုပ်ငန်းစဉ်များကို ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ မှစတင် ဆောင်ရွက်ခဲ့ပြီး ဆက်စပ်ဌာနဆိုင်ရာများနှင့်လည်းကောင်း၊ အမျိုးသမီးအဖွဲ့အသီးသီးနှင့် လည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များနှင့်လည်းကောင်း ဆွေးနွေးမှု များပြုလုပ်ခဲ့ပါကြောင်း၊ ၂၀၁၆ခုနှစ်၊ မတ်လ မှာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတို့သို့ တင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့  ဆက်လက်တင်ပြခဲ့ရာမှာ အစိုးရအဖွဲ့အသစ်၏ မူဝါဒနှင့်အညီ ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရန် ဥပဒေ (မူကြမ်း)ကို ပြန်လည်ပေးပို့ခဲ့ပါကြောင်း၊

၎င်းနောက် ဥပဒေပြဋ္ဌာန်းခွင့်ပြုနိုင်ရန် လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ကာ ၂၀၁၉ခုနှစ်မှာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေးကော်မတီသို့ (၂)ကြိမ် တင်ပြခဲ့ပြီး၊ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ အတွင်း လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကော်မတီ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ (၂၃.၁.၂၀၂၀)ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် သို့ ပေးပို့ခဲ့ ပါကြောင်း။

          ပြည်ထောင်စုလွှတ်တော်က ဇန်နဝါရီလ (၂၅)ရက်နေ့မှ (၂၈)ရက်နေ့ ထိ ဥပဒေ(မူကြမ်း) ကို နိုင်ငံပိုင်သတင်းစာများ မှာ ထည့်သွင်းကြော်ငြာခဲ့ပါကြောင်း။ အဲ့ဒီနောက် အမျိုးသား လွှတ်တော်၊ ဥပဒေကြမ်းကော်မတီမှာ  ဆွေးနွေးမှု (၂)ကြိမ်နဲ့ အမျိုးသားလွှတ်တော်၊ အမျိုးသမီး နှင့် ကလေးသူငယ်အခွင့်အရေး  ဆိုင်ရာကော်မတီ မှာ(၁)ကြိမ် ဆွေးနွေးမှုပြုလုပ်ခဲ့ပါကြောင်း

          ဥပဒေ (မူကြမ်း) ကို နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်းပြီး နောက်ပိုင်း မှာ  UNFPA, Law Advocacy Working Group, ဦးစိုးမြိုင် နှင့် Akhaya Women Myanmar တို့က ဥပဒေ(မူကြမ်း)အပေါ် အကြံပြုချက်များကို မိမိတို့ ဌာနသို့ တိုက်ရိုက်သော်လည်းကောင်း၊ မိတ္တူပေးပို့၍သော်လည်းကောင်း ပေးပို့လာတဲ့အတွက် ဌာနတွင်းဆွေးနွေးမှုများလည်း ပြုလုပ် ထားရှိပါကြောင်း။

          မိမိတို့ဝန်ကြီးဌာနမှ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြီးပြဋ္ဌာန်းခြင်းမပြုရသေးသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)ကို လတ်တလော ပြဋ္ဌာန်းသင့်သော ဥပဒေတစ်ခုအဖြစ် ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ သဘောထားမှတ်ချက် ပေးပို့ထားပါကြောင်း၊ ဒါကြောင့် ဥပဒေပြဋ္ဌာန်းနိုင်ရေး လိုအပ်တဲ့ဆွေနွေးမှုများ ပြုလုပ်နိုင်ရေး ယခုကဲ့သို့ အစည်းအဝေးခေါ်ယူရခြင်း ဖြစ်ပါကြောင်း။

               ယခုအစည်းအဝေးမှာ ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားတဲ့ ဥပဒေ(မူကြမ်း) အပေါ် ဆွေးနွေးမှုတွင် UNFPA, Law Advocacy Working Group, ဦးစိုးမြိုင် နှင့် Akhaya Women Myanmar တို့မှပေးပို့ထားသည့် အကြံပြုချက်များကိုလည်း ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်ကြောင်းပြောကြားသွားပါသည်။

                  ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ဥပဒေ(မူကြမ်း)နှင့် စပ်လျဉ်း၍ဆောင် ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခြင်း၊ လူမှုဝန်ထမ်းဉီးစီးဌာနမှ ဘာသာရပ် တာဝန်ခံများက အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ကို ပုဒ်မတစ်ခုခြင်းစီအလိုက် ရှင်းလင်းတင်ပြခြင်း၊ UNFPA, Law Advocacy Working Group, ဦးစိုးမြိုင် နှင့် Akhaya Women Myanmar တို့၏ အကြံပြုချက်များအား ထည့်သွင်း တင်ပြခြင်းများအပေါ် တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အစည်း အဝေးအား ညနေ(၄:၀၀) နာရီတွင် အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

             

 

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR