ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်တာဝန်ရှိသူများလိုက်ပါ၍(၉.၁.၂၀၂၄)ရက်နေ့၊  မွန်းလွဲပိုင်းတွင်ရှမ်းပြည်နယ်(အရှေ့)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံမူလတန်းကြိုကျောင်း၊ ကလေးပြုစုရေးဌာန၊ အမျိုးသမီးသက်မွေးပညာသင်ကျောင်းနှင့် ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဦးစီးဌာန သိုလှောင်ရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မူလတန်းကြိုကျောင်းတွင် ကလေးငယ်များ၏ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေ၊ သန့်ရှင်းသပ်ရပ်စွာဖြင့် အာဟာရပြည့်ဝစွာကျွေးမွေးနိုင်မည့်အခြေအနေ၊သင်ရိုးညွှန်းတမ်းနှင့်အညီကလေးများအားစနစ်တကျလေ့ကျင့် သင်ကြားပေးနိုင်မှုအခြေအနေ၊ ဆရာမများအနေဖြင့် စိတ်ကောင်းစေတနာကောင်းများဖြင့် ပြုစုပျိုးထောင်သင်ကြားပေးရေးတို့ကို မှာကြားခဲ့ပါသည်။

ဆက်လက်၍ ကျိုင်းတုံကလေးပြုစုရေးဌာနတွင်လက်ခံစောင့်ရှောက်ထားသည့် ကလေးငယ်(၅၀)ဦး၏ပညာသင်ကြားလေ့ကျင့်နေမှု၊ သင်ယူရာနေရာများနှင့် ကျွေးမွေးစောင့်ရှောက်မှုအခြေအနေ၊ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်အခြေအနေတို့ကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။ထို့နောက် ကလေးများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အရုပ်များနှင့် စားသောက်ဖွယ်ရာများကိုတစ်ဦးချင်းပေးအပ်ခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းသို့ ရောက်ရှိခဲ့ရာကျောင်းအုပ်ကတောင်ပေါ်ဒေသတွင်နေထိုင်ပြီးဆင်းရဲနွမ်းပါး၍မိသားစုများကပညာဆက်လက်သင်ကြားပေးရန် ခက်ခဲသည့်ကလေးငယ်(၅၆)ဦးအားပညာဆက်လက်သင်ကြားနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်းအမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းတွင် လက်ခံစောင့်ရှောက်ပေးနေမူအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကကလေးငယ်များကိုအတန်းပညာသာမက ၎င်းတို့၏ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအသိပညာများ၊ ကျန်းမာရေးဆိုင်ရာအသိပညာဗဟုသုတများကိုလည်းသက်ဆိုင်ရာကဏ္ဍအလိုက်ပညာရှင်များဖိတ်ခေါ်၍ အသိပညာပေးခြင်းများဆောင်ရွက်ပေးရန်နှင့် နွေရာသီကျောင်းပိတ်ရက်တွင် အသက်မွေးဝမ်းကျောင်းပညာရပ်များသင်ကြားပေးရန်လမ်းညွှန်မှာကြားခဲပြီးကလေးငယ်များနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီးစားသောက်ဖွယ်ရာနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ကျိုင်းတုံခရိုင်ဦးစီးမှုးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများသိုလှောင်ထားရှိမှုကို  ကြည့်ရှုစစ်ဆေးပါသည်။ ပြည်ထောင်စုဝန်ကြီးက ကယ်ဆယ်ထောက်ပံ့ပစ္စည်းများကို လေလွင့်ပျက်စီးမှု များမဖြစ်ပေါ်စေရေး၊ သက်တမ်းပြည့်ကောင်းမွန်စွာဖြင့် ဘေးသင့်သူများလက်သို့ ထောက်ပံ့နိုင်ရေးတို့အတွက် ထုတ်ပြန်ထားသော သိုလှောင်ရုံထိန်းသိမ်းရေးလက်စွဲနှင့်အညီ စနစ်တကျထားသို ထိန်းသိမ်းရန်နှင့်မီးဘေးအပါအဝင် သိုလှောင်ရုံလုံခြုံရေးကို ဝန်ထမ်းများ အထူးသတိပြုဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR