ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          တပ်မတော်မှ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ဆေးအဆင့်နိမ့် အီးအေ(၁/၂) အရာရှိများအား နယ်ဘက်ဝန်ကြီးဌာန/ အဖွဲ့အစည်းများသို့ လွှဲပြောင်းတာဝန်ထမ်းဆောင်နိုင်ရေး ဘုတ်အဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ဘုတ်အဖွဲ့ဝင်များ၊ အီးအေ(၁/၂) အရာရှိများတက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် တပ်မတော်မှ ဆေးအဆင့်နိမ့် အီးအေ(၁/၂)အရာရှိများ၊ နယ်ဘက် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းသို့ လွှဲပြောင်းတာဝန်ထမ်းဆောင်နိုင်ရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကိုထမ်းဆောင်ရင်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြတဲ့ တပ်မတော်မှ အီးအေ(၁/၂) အရာရှိများဟာ နိုင်ငံ့သားကောင်းပီသစွာဖြင့် နိုင်ငံတော်တာဝန်ကို ရွပ်ရွပ်ချွန်ချွန်ထမ်း ဆောင်ခဲ့ကြသူများဖြစ်တာကြောင့် နိုင်ငံတော်ကဂုဏ်ပြု ထိုက်သူများဖြစ်ပါကြောင်း၊ နိုင်ငံတော်ကတာဝန်ပေးအပ်သည့်အတိုင်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် အီးအေအရာရှိများ နယ်ဘက်ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်နိုင်ရေးကို အကောင်းဆုံးနှင့် အမြန်ဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း၊ ဘုတ်အဖွဲ့အနေဖြင့်၂၀၁၇ ခုနှစ်မှ ယခုအချိန်အထိ အစည်းအဝေး(၁၅)ကြိမ်ပြုလုပ်ခဲ့ပြီး အရာထမ်း(၇၃)ဦးကို လွှဲပြောင်းတာဝန်ချထား ပေးနိုင်ခဲ့ပြီး အရာထမ်း(၂၀)ဦးအား ၎င်းတို့၏ဆန္ဒအရ ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင် နိုင်ရေး ညှိနှိုင်းထားပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အသီးသီးတွင် ယခင်တာဝန်ချထားပေးခဲ့သော အီးအေ(၁/၂)အရာရှိများသည် တာဝန်ကျရာဌာနများတွင် ကြိုးကြိုးစားစားဖြင့် လုပ်ငန်းတာဝန် များကို ထမ်းဆောင်နိုင်ကြသောကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ငန်းများအဆင်ပြေ ချောမွေ့မှု ရှိကြောင်းကို သိရှိရပါကြောင်း၊ ယခုအရာရှိများ၏ ဒဏ်ရာရရှိမှုအခြေအနေ၊ ဆေးလက်ဆက်ကုသရမည့်အခြေအနေ၊ ပညာအရည်အချင်း၊ ဇနီး၏ အလုပ်အကိုင် အခြေအနေ များနှင့်   ဆန္ဒပြုလျှောက်လွှာတွင်ပါရှိသည့်         ဦးစားပေးဝန်ကြီးဌာနများအလိုက်   သင့်လျော်မှုရှိ/မရှိကို ဘုတ်အဖွဲ့က စိစစ်ရွေးချယ်ပေးရန်ဖြစ်ပါကြောင်း ဆန္ဒပြုလျှောက်ထား သည့် ဝန်ကြီးဌာနများ၏ ရာထူးလစ်လပ်မှုအခြေအနေများပေါ်မူတည်ပြီး အကောင်းဆုံးနှင့် အသင့်လျော်ဆုံးဌာနများကို ကာယကံရှင်၏ ဆန္ဒနှင့်အညီ အဆင်ပြေအောင် ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုတာဝန်ချထားပေးမည့် အရာထမ်းများမှလည်း မိမိတာဝန်ကျရာ ဝန်ကြီးဌာနများမှာ လုပ်ငန်း တာဝန်များကို အဆင်ပြေပြေနှင့် ကြိုးကြိုးစားစား ဆောင်ရွက်သွားစေလိုပါကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

       အစီအစဉ်အရ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က အမှာစကား အသီးသီး ပြောကြားခဲ့ ကြပြီး အီးအေ(၁/၂)အရာရှိ(၂၃)ဦး၏ ဆန္ဒပြုသော ဝန်ကြီးဌာနများ၊ တာဝန်ထမ်းဆောင်လိုသော ဒေသများကို တစ်ဦးချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။

          အီးအေ(၁/၂)အရာရှိများ၏ ဆန္ဒနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အမြန်ဆုံး ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR