ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          တပ်မတော်မှ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော ဆေးအဆင့်နိမ့် အီးအေ(၁/၂) အရာရှိများအား နယ်ဘက်ဝန်ကြီးဌာန/ အဖွဲ့အစည်းများသို့ လွှဲပြောင်းတာဝန်ထမ်းဆောင်နိုင်ရေး ဘုတ်အဖွဲ့အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ဘုတ်အဖွဲ့ဝင်များ၊ အီးအေ(၁/၂) အရာရှိများတက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် တပ်မတော်မှ ဆေးအဆင့်နိမ့် အီးအေ(၁/၂)အရာရှိများ၊ နယ်ဘက် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းသို့ လွှဲပြောင်းတာဝန်ထမ်းဆောင်နိုင်ရေး ဘုတ်အဖွဲ့ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကိုထမ်းဆောင်ရင်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြတဲ့ တပ်မတော်မှ အီးအေ(၁/၂) အရာရှိများဟာ နိုင်ငံ့သားကောင်းပီသစွာဖြင့် နိုင်ငံတော်တာဝန်ကို ရွပ်ရွပ်ချွန်ချွန်ထမ်း ဆောင်ခဲ့ကြသူများဖြစ်တာကြောင့် နိုင်ငံတော်ကဂုဏ်ပြု ထိုက်သူများဖြစ်ပါကြောင်း၊ နိုင်ငံတော်ကတာဝန်ပေးအပ်သည့်အတိုင်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် အီးအေအရာရှိများ နယ်ဘက်ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်နိုင်ရေးကို အကောင်းဆုံးနှင့် အမြန်ဆုံးဖြစ်အောင် ညှိနှိုင်းဆောင်ရွက်ပေးမှာဖြစ်ပါကြောင်း၊ ဘုတ်အဖွဲ့အနေဖြင့်၂၀၁၇ ခုနှစ်မှ ယခုအချိန်အထိ အစည်းအဝေး(၁၅)ကြိမ်ပြုလုပ်ခဲ့ပြီး အရာထမ်း(၇၃)ဦးကို လွှဲပြောင်းတာဝန်ချထား ပေးနိုင်ခဲ့ပြီး အရာထမ်း(၂၀)ဦးအား ၎င်းတို့၏ဆန္ဒအရ ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင် နိုင်ရေး ညှိနှိုင်းထားပြီးဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အသီးသီးတွင် ယခင်တာဝန်ချထားပေးခဲ့သော အီးအေ(၁/၂)အရာရှိများသည် တာဝန်ကျရာဌာနများတွင် ကြိုးကြိုးစားစားဖြင့် လုပ်ငန်းတာဝန် များကို ထမ်းဆောင်နိုင်ကြသောကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ငန်းများအဆင်ပြေ ချောမွေ့မှု ရှိကြောင်းကို သိရှိရပါကြောင်း၊ ယခုအရာရှိများ၏ ဒဏ်ရာရရှိမှုအခြေအနေ၊ ဆေးလက်ဆက်ကုသရမည့်အခြေအနေ၊ ပညာအရည်အချင်း၊ ဇနီး၏ အလုပ်အကိုင် အခြေအနေ များနှင့်   ဆန္ဒပြုလျှောက်လွှာတွင်ပါရှိသည့်         ဦးစားပေးဝန်ကြီးဌာနများအလိုက်   သင့်လျော်မှုရှိ/မရှိကို ဘုတ်အဖွဲ့က စိစစ်ရွေးချယ်ပေးရန်ဖြစ်ပါကြောင်း ဆန္ဒပြုလျှောက်ထား သည့် ဝန်ကြီးဌာနများ၏ ရာထူးလစ်လပ်မှုအခြေအနေများပေါ်မူတည်ပြီး အကောင်းဆုံးနှင့် အသင့်လျော်ဆုံးဌာနများကို ကာယကံရှင်၏ ဆန္ဒနှင့်အညီ အဆင်ပြေအောင် ညှိနှိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုတာဝန်ချထားပေးမည့် အရာထမ်းများမှလည်း မိမိတာဝန်ကျရာ ဝန်ကြီးဌာနများမှာ လုပ်ငန်း တာဝန်များကို အဆင်ပြေပြေနှင့် ကြိုးကြိုးစားစား ဆောင်ရွက်သွားစေလိုပါကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

       အစီအစဉ်အရ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က အမှာစကား အသီးသီး ပြောကြားခဲ့ ကြပြီး အီးအေ(၁/၂)အရာရှိ(၂၃)ဦး၏ ဆန္ဒပြုသော ဝန်ကြီးဌာနများ၊ တာဝန်ထမ်းဆောင်လိုသော ဒေသများကို တစ်ဦးချင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။

          အီးအေ(၁/၂)အရာရှိများ၏ ဆန္ဒနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အမြန်ဆုံး ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR