ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သည့် (၉) ကြိမ်မြောက် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းအဖွဲ့အစည်းအဝေး နှင့် ဆက်စပ်အစည်းအ‌ဝေးများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၉:၀၀) နာရီက ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည် တက်ရောက်အဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးက အစည်းအဝေးသည် အာဆီယံဒေသတွင်း ဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ဟူသည့် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ (ACDM)၏ ကတိကဝတ် ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အာဆီယံသည် လွန်ခဲ့သော ဆယ်စုနှစ် လွန်ကာလများက နိုင်ငံရေးနှင့် စီးပွားရေးကို အလေးထားဆောင်ရွက်ရာမှ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကဏ္ဍကိုပါ အလေးပေးဆောင်ရွက်လာကာ အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (ASEAN Committee on Disaster Management-ACDM)ကို ဖွဲ့စည်း၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့်အရေးပေါ် တုံ့ပြန်မှု ဆိုင်ရာအာဆီယံသဘောတူစာချုပ် (AADMER)ကိုအတည်ပြုပြဌာန်းခြင်း၊ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုအတွက်လူသားချင်းစာနာကူညီမှုဆိုင်ရာအာဆီယံညှိနှိုင်းရေးမှူးရုံး (AHA Centre) တည်ထောင်ခဲ့ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း၊ အာဆီယံဒေသတွင်း အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် ASEAN Emergency Response and Assessment Team (ASEAN-ERAT)ကိုမွေးထုတ်နိုင်ခြင်း၊ Disaster Emergency Logistics System for ASEAN (DELSA) Phase IV Projectကို အကောင်အထည်ဖော်၍ ကယ်ဆယ်ရေး ပစ္စည်းများကို အသင့်သိုလှောင်ထားရှိခြင်းနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အရေးပါသော စာတမ်းများရေးဆွဲ/ အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အတူ အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ ထိရောက်မြန်ဆန်စွာဆောင်ရွက်နိုင်‌ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့် နည်းဥပဒေကို ၂၀၁၃ခုနှစ်နှင့် ၂၀၁၅ခုနှစ်တွင် အသီးသီးပြဋ္ဌာန်းခဲ့ပါကြောင်း၊ ACDM အနေဖြင့် ASEAN Agreement on Disaster Management and Emergency Response (AADMER)Work Programme ကို အသစ်ပြန်လည်ရေးဆွဲနေပြီဖြစ်သောကြာင့် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များအနေဖြင့် ခေတ်နှင့်အညီ ဆန်းသစ်ထိရောက်သည့် အဖွဲ့ဝင်နိုင်ငံများနှင့် ဒေသတွင်း အရင်းအမြစ်များအရ အမှန်တကယ်အကောင်အထည်ဖော်နိုင်သည့် လုပ်ငန်းအစီအစဉ်များကို ထည့်သွင်းရေးဆွဲ နိုင်ရေးဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် (၉)ကြိမ်မြောက် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ရေးနှင့် ပြန်လည် ကုစားရေးလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအ‌ဝေးများကိုဆက်လက် ကျင်းပပြု လုပ်ခဲ့ကြပြီး အစည်းအဝေးသို့ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းအဖွဲ့ ပူးတွဲဥက္ကဋ္ဌများဖြစ်သည့် အိမ်ရှင်မြန်မာနိုင်ငံ၊ မလေးရှားနိုင်ငံ နှင့် စင်ကာပူနိုင်ငံ၊ လုပ်ငန်းအဖွဲ့အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်းဒါရုစလမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံများမှ ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် အာဆီယံဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာအကူအညီပေးရေး ညှိနှိုင်းမှု ဗဟိုဌာန (AHA Centre)တို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး အင်ဒိုနီးရှားနိုင်ငံနှင့် လေ့လာသူအဖြစ် တီမောလက်စတေနိုင်ငံတို့က Online ဖြင့်တက်ရောက်ခဲ့ကြကြောင်းနှင့် အစည်းအဝေးများကို မတ်လ (၂၀)ရက်နေ့မှ (၂၁) ရက်နေ့အထိ (၂) ရက်ကြာကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း
(၃၃) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုအစည်းအဝေးနှင့် မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်/ဝင်ဆံ့ပေါင်းစည်းခြင်း ဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် ပြန်လည်သုံးသပ်သည့်အစည်းအဝေးဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးတက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR