ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

     လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်နှင့်အတူတာဝန်ရှိသူများလိုက်ပါလျက် (၁၁-၆-၂၀၂၁)ရက်နေ့မွန်းလွဲပိုင်းတွင်  ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့၊ မင်းရပ် ရပ်ကွက်ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေကျပ်သန်း(၁၀၀)ဖြင့်  “Marked Panorama Co., Ltd” က တင်ဒါအောင်မြင်ဆောက်လုပ်ပြီးစီးခဲ့သော အလျား(၉၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၈)ပေရှိ Cyclone Shelter ဆောက်လုပ်ထားရှိမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးအောင်မင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ခိုလှုံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့်  Cyclone Shelter ဆောက်လုပ်ထားရှိမှုအခြေအနေ၊ ခြံစည်းရိုးကာရန်နိုင်ရေးဆောင်ရွက်ခဲ့မှု ပြုပြင်ထိန်းသိမ်းရေး အတွက် ကြီးကြပ်ဆောင်ရွက်ထားရှိမှု COVID-19 ဒုတိယလှိုင်းဖြစ်ပွားချိန်တွင် Quarantine Center အဖြစ်အသုံးပြုခဲ့မှုအခြေအနေ လက်ရှိတွင်လည်း လူဦးရေ(၂၄)ဦးအထိ Social Distancing ပုံစံဖြင့် Quarantine ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက Shelter အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဌပြည်ထောင်စုဝန်ကြီးက(၂၇-၅-၂၀၂၁)ရက် နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ(၁/၂၀၂၁) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင်ဆုံးဖြတ်ခဲ့သည့်အတိုင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ Shelter အမျိုးမျိုးအား တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများ၏ ပုံသေပိုင်ပစ္စည်းစာရင်းသွင်း ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများက တာဝန်ယူကြီးကြပ်ဆောင်ရွက်သွားရန်နှင့် Shelter များ၏ ဘေးပတ်ဝန်းကျင်တွင် အရိပ်ရ လေကာပင်များအား သင့်တော်သောအကွာအဝေးတွင် စနစ်တကျ ရှင်သန်အောင် ဂရုတစိုက် စိုက်ပျိုးနိုင်ရေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်မူလတန်းကြိုကျောင်းသို့ ရောက်ရှိကြရာတာဝန်ရှိသူများက COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မူလတန်းကြိုကျောင်းများခေတ္တ ပိတ်ထားခဲ့ရာမှ ယခုအခါ Social Distancing ပုံစံဖြင့် ခွင့်ပြုချက်ရရှိသည့်အချိန်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ကလေးဦးရေ(၂၃၀)ဆံ့ ပြည်မူလတန်းကြိုကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက စာသင်ခန်း၊ ကလေးများ ကစားရာနေရာ၊ သင်ထောက်ကူအသုံးအဆောင်ပစ္စည်းများနှင့် ထမင်းစားခန်းများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မူလတန်းကြိုကျောင်းပြန်လည် ဖွင့်လှစ် နိုင်ရေးသည် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ခြင်းလုပ်ငန်းတွင် အရေးကြီးသည့် လုပ်ငန်း စဥ်တစ်ရပ် ဖြစ်သည့်အတွက်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးသက်ဆိုင်သူအားလုံးအဘက်ဘက်မှ ဝိုင်းဝန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးခဲ့ကြောင်းသတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မူးယစ်ဆေးဝါးသုံးစွဲမှုဖြတ်ပြီးသူများအတွက် စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ပြည်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ရုံးများ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လက်နက်ကိုင်ပဋိက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Barnaby Jonesအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သောလက်နက်ပစ္စည်းများအန္တရာယ် အသိပညာပေးခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR