ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂ၏ တတိယအဆင့်အမြင့်ဆုံးအရာရှိ (Under Secretary General)နှင့် လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ဖြစ်သူ Mr. Tom Fletcher ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Center- DMC)၌ တွေ့ဆုံခဲ့ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

တွေ့ဆုံစဉ်တွင် ပြည်ထောင်စုဝန်ကြီးက ရစ်ခ်တာစကေး (၇.၇) အဆင့်ရှိ ငလျင်ဘေးသင့်ဒေသ များ၏ ပျက်စီးဆုံးရှုံးမှုအခြေအနေများ၊ ငလျင်ဘေးသက်ရောက်သည့် ဒေသများရှိ အဆောက်အအုံ ပျက်စီးမှုများကြောင့် ပိတ်မိနေသူများရှာဖွေကယ်ဆယ်ရေးအတွက် နိုင်ငံတကာမှ ကယ်ဆယ်ရေး အဖွဲ့အစည်းများရောက်ရှိနေသည့် အခြေအနေများ၊ အာဆီယံသဘာဝဘေး အရေးပေါ်ထောက်ပံ့ပို့ ဆောင်မှုစနစ်(Disaster Emergency Logistic System for ASEAN) နှင့် နိုင်ငံတကာမှ ငလျင်ဘေး တုံ့ပြန်ဆောင်ရွက်မှုအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့နေမှုအခြေအနေများနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောသော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်မည့် အခြေအနေများကို ပြောကြားခဲ့ပါသည်။

ထို့နောက် လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး (Under Secretary General) ဖြစ်သူ Mr. Tom Fletcher က မိမိအနေဖြင့် ငလျင်ဘေးသင့်သူ မြန်မာပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်းရပါကြောင်း၊ ကုလသမဂ္ဂတွင် ကဏ္ဍအလိုက် ကျွမ်းကျင် ဝန်ထမ်းများစွာရှိပါသဖြင့် မြန်မာနိုင်ငံသို့ စေလွှတ်ကူညီပေးရန်အသင့်ရှိပါကြောင်း၊ ယခုလာရောက် ရခြင်းသည် မြေပြင်အခြေအနေများကို သိရှိပြီးလိုအပ်သည့် အကူအညီများပေးနိုင်ရေး ဆွေးနွေးလို ခြင်းကြောင့်ဖြစ်ပါကြောင်း၊ လူသားချင်းစာနာမှုအကူအညီများ ပေးပို့လျက်ရှိပါကြောင်း၊ အကူအညီ များပေးအပ်ရာတွင် လူသားချင်းစာနာမှုအကူအညီဆိုင်ရာ အခြေခံမူများနှင့်အညီ လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း၊ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိနားမကြားသောကလေးများကျောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ (ရန်ကုန်မြို့)ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထောက်ပံ့လှူဒါန်းသည့်ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိသိုလှောင်ထားမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခြင်းနှင့်ဝန်ထမ်းများအား တွေ့ဆုံခြင်း

MOS

DSW

DDM

DOR