ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီက ကြီးမှူး၍ စာတမ်းဖတ်ပွဲအခမ်းအနားကို ဇွန်လ (၃၀) ရက်နေ့၊ နံနက် (၉:၀၀) နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၌ ကျင်းပရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က အဖွင့်အမှာစကားပြောကြားရာတွင်မြန်မာနိုင်ငံလူဦးရေရဲ့ထက်ဝက်ကျော်ရှိတဲ့အမျိုးသမီးများရဲ့လူမှုစီးပွားဘဝကိုမြှင့်တင်ခြင်းဟာမြန်မာနိုင်ငံရဲ့လူမှုရေးနဲ့စီးပွားရေးကိုမြှင့်တင်ခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉အလွန်မြို့ပြနှင့်ကျေးလက်ဒေသရှိအမျိုးသမီးများရဲ့စီးပွားရေးပြန်လည်ဦးမော့လာနိုင်ရေးအတွက်ကာလတို၊ကာလရှည်စီမံချက်များရွေးဆွဲချမှတ်၍လည်းကောင်း၊အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများပို့ချ၍လည်းကောင်းအမျိုးသမီးများရဲ့လူမှုစီးပွားဘဝတိုးတက်ဖို့အတွက်အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး(Gender Mainstreaming) ဖြစ်စေရေးအတွက် ၀န်ကြီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်နဲ့ အမျိုးသမီးများဖွံဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး နိုင်ငံအဆင့်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းယန္တရားတစ်ခုဖြစ်တဲ့မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကိုဖွဲ့စည်းထားရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ဦးဆောင်မှုနဲ့အတူ ယခုကဲ့သို့စာတမ်းဖတ်ပွဲကျင်းပခြင်းဟာနိုင်ငံအနေနဲ့ဆောင်ရွက်လျက်ရှိတဲ့ Sustainable Development Goal (SDG-5) - ကျား၊မတန်းတူညီမျှမှုရရှိရေးနဲ့အမျိုးသမီးများနဲ့အမျိုးသမီးငယ်များအားလုံးရဲ့စွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကိုအကောင်အထည်ဖော်ဆောင်ရွက်မှုများအနက်လုပ်ငန်းတစ်ခုပင်ဖြစ်ပြီးစာတမ်းဖတ်ပွဲကိုအစဉ်အလာတစ်ရပ်အနေနဲ့ကျင်းပခြင်းဟာအလွန်ကိုတန်ဖိုးရှိပြီးထိန်းသိမ်းသင့်တဲ့အလေ့အထကောင်းတစ်ခုဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

စာတမ်းဖတ်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာ အသီးသီး၏ Gender Focal Person များနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါသည်။ ဆက်လက်ပြီးစာတမ်းဖတ်ပွဲအခမ်းအနားအားကျင်းပခဲ့ရာမြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ လူမှုရေးနှင့်ယဉ်ကျေးမှုလုပ်ငန်းအဖွဲ့ခေါင်းဆောင် ပါမောက္ခဒေါက်တာဒေါ်ခင်ဆွေမြင့်ကသဘာပတိအဖြစ်ဆောင်ရွက်ပြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါက်တာမျိုးမြတ်မောင်က ASEAN Gender Mainstreaming Strategic Framework (AGMSF) (2021-2025) ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ၊ ဒေါ်သူဇာဝေက အမျိုးသမီးများနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှပါမောက္ခ ဒေါက်တာဒေါ်ခင်မေအုန်းက အမျိုးသမီးများနှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီး စာတမ်းဖတ်ကြားခဲ့ကြရာ တက်ရောက်လာသူများက မေးခွန်းများပြန်လည်မေးမြန်းခဲ့ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ စာတမ်းရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ အခမ်းအနားအား နေ့လယ် (၁၂:၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါစာတမ်းဖတ်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများအပါအဝင် စုစုပေါင်း (၁၀၀) ဦးတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း

MOS

DSW

DDM

DOR