ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိပြီးသူများအားမသန်စွမ်းထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့ ဦးဆောင်ကျင်းပခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်မိန့်ခွန်းပြောကြားရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးမသန်စွမ်းသူများ၏အခွင့်အရေးဥပဒေနှင်နည်းဥပဒေများကိုပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဦးဆောင်၍လည်းကောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဆောင်၍လည်းကောင်းဖွဲ့စည်းထားရှိပါကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူမှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီးယခု(၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်အတွင်းမြို့နယ်(၁၀) မြို့နယ်တွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းမှုအမျိုးအစား၊ မသန်စွမ်းမှုအဆင့်နှင့် မသန်စွမ်းသူအရေအတွက် စသည့်မသန်စွမ်းသူများနှင့် ပတ်သက်သည့် အချက်အလက် (Statistic)များရရှိဖော်ထုတ်နိုင်ခြင်းဖြင့် မသန်စွမ်းသူများအတွက် နိုင်ငံတော်၏ မူဝါဒများချမှတ်၊ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုမှာဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်မသန်စွမ်းသူများအသင်းဥက္ကဋ္ဌဒေါ်ခင်သီတာထွန်းတို့ကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်နှင့် ညွှန်ကြားရေးမှူးချုပ်များမှ ဥတ္တရသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် မသန်စွမ်းကိုယ်စားလှယ်များအားမသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့် မသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခဲ့ကြပါသည်။

ဥတ္တရသီရိမြို့နယ်မှ မသန်စွမ်းသူ (၁၆၄) ဦးနှင့် ဇမ္ဗူသီရိမြို့နယ်မှ မသန်စွမ်းသူ (၈၉) ဦးစုစုပေါင်းမသန်စွမ်းသူ (၂၅၃) ဦးတို့အားမသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့် မသန်စွမ်းထောက်ပံ့ကြေးအဖြစ်တစ်ဦးလျှင်ကျပ်သုံးသောင်းနှုန်းဖြင့် ငွေကျပ်စုစုပေါင်း (ခုနှစ်ဆယ့်ငါးသိန်းကိုးသောင်း)အားထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှ ယနေ့အထိမသန်စွမ်းသူ (၃၉,၂၆၈) ဦးအတွက် ထောက်ပံ့ငွေစုစုပေါင်း (၁,၂၁၂.၂၂၅) ကျပ်သန်းထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

မွန်းလွဲပိုင်းတွင် မိုခါမုန်တိုင်းဘေးသင့်ဒေသများအတွက် အလှူငွေများ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမတွင်ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးလွင်ဦးက လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မိုခါမုန်တိုင်းသင့်ဒေသများအတွက် နိုင်ငံတကာအလှူရှင်များ၏ လှူဒါန်းငွေများကို လာရောက်လွှဲပြောင်းပေးအပ်လျက်ရှိရာ ယခုသည် တတိယ အကြိမ်မြောက်ဖြစ်ပါကြောင်း၊ ယခုလှူဒါန်းမှုမှာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံက အမေရိကန်‌ဒေါ်လာ ၅ သောင်း၊ ကိုးရီးယားသမ္မတနိုင်ငံမှ Mr.Ahn Jae Young က အမေရိကန်ဒေါ်လာ ၇၃၈ နှင့် စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများက အမေရိကန်ဒေါ်လာ ၆၀၀ တို့ ဖြစ်ပါကြောင်း ပြောကြားပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် မိုခါမုန်တိုင်းအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ပြည်တွင်း/ပြည်ပအလှူရှင်များ၏ လှူဒါန်းရရှိငွေမှာ မြန်မာငွေကျပ် (၃၃.၂၆၄)ဘီလီယံနှင့် အမေရိကန်ဒေါ်လာ (၈၄၅၆၁၉.၄၃) တို့ဖြစ်ပါကြောင်း၊ မိုခါအရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ယနေ့အထိ ငွေကျပ်(၆၈.၇၄၃)ဘီလီယံ သုံးစွဲခဲ့ပါကြောင်း၊ ယခုလာရောက်လှူဒါန်းငွေများကိုလည်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေသို့ထည့်သွင်းပြီး လိုအပ်သည့်နေရာများတွင် စနစ်တကျသုံးစွဲဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အလှူရှင်များနှင့် ကိုယ်စားလာရောက်လှူဒါန်းသည့် နိုင်ငံခြားရေးဝန်ကြီးဌာနကို ကျေးဇူးတင်ပါကြောင်းနှင့် လေးစားစွာမှတ်တမ်းတင်အပ်ပါကြောင်းပြောကြား၍ အလှူငွေများကိုလက်ခံပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင်နေ့ကလေးထိန်းဌာနများဖွင့်လှစ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သော အသက်(၆)လမှ (၃)နှစ်အရွယ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနားကိုဆက်လက်ကျင်းပခဲ့ရာပြည်ထောင်စုဝန်ကြီးကကလေးသူငယ်များသည် နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုသွားမယ့်အနာဂတ်ခေါင်းဆောင်များဖြစ်သောကြောင့်စနစ်တကျပြုစုပျိုးထောင်သွားဖို့အရေးကြီးပါကြောင်း၊ ဌာနဆိုင်ရာများရှိ အလုပ်လုပ်နေသောမိခင်များအနေဖြင့် စိတ်ချစွာအလုပ်လုပ်နိုင်ရေးနှင့် မိခင်နို့ချိုတိုက်ကျွေးနိုင်ရေးနှင့် ကလေးငယ်များဖွံ့ဖြိုးရေးတို့အတွက်ဌာနအသီးသီးတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ရန် ယခုသင်တန်းကိုစီစဉ်ပေးခြင်းဖြစ်ကြောင်း၊ ဦးစီးဌာနများတွင် နေ့ကလေးထိန်းဌာနများဖွင့်လှစ်ခြင်းဖြင့် လုပ်ငန်းခွင်ဝင်ရောက်နေသည့် မိခင်များအဆင်ပြေစွာ အလုပ်လုပ်ကိုင်နိုင်မည့်အပြင် မိသားစုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာအကျိုးကျေးဇူးရှိစေမှာဖြစ်ပါကြောင်း၊ မူကြိုဆရာမအလုပ်အကိုင်ဆောင်ရွက်တဲ့နေရာမှာ စေတနာ၊ ဝါသနာ၊ ကရုဏာ၊ အကြင်နာ၊ အနစ်နာ စတဲ့ နာ” (၅)နာအပြင် အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု၊ အချိန်၊ မေတ္တာဟူသည့် အရင်းအနှီးများလိုအပ်ပြီး လွန်စွာတန်ဖိုးရှိလှတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ တိုင်းပြည်အတွက် အဖိုးထိုက်တန်လှတဲ့ ရတနာလေးများကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစတဲ့ ဗလငါးတန်ဖွံ့ဖြိုးရေးကို ဦးစားပေးသင်ကြားလေ့ကျင့်ပေးရမှာဖြစ်ကြောင်း၊ ကလေးများရဲ့ဘဝတစ်လျှောက် ကျန်းမာရေးနှင့် ညီညွတ်သောနေထိုင်စားသောက်မှုအခြေခံအလေ့အကျင့်ကောင်းများရရှိစေရန်၊ အကျင့်စာရိတ္တကောင်းသူများဖြစ်စေရန်အထူးအလေးပြုသင်ကြားပေးရန် တိုက်တွန်းပြောကြားခဲ့ပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ပေးခဲ့ပါသည်။

ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူ(၁)ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး သင်တန်းသူများက မိတ်ဆက်ခဲ့ကြပါသည်။

ထို့နောက် သင်တန်းသူများက ကလေးသူငယ်ဖွံ့ဖြိုးရေးအသိပညာပေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသူများ၏ လက်မှုပစ္စည်းများကို လှည့်လည်ကြည့်ရှု၍ သင်တန်းဆင်းပွဲ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR