ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးအန္တရာယ် နှင့်စပ်လျဉ်း၍ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို နိုင်ငံတော် အကြီးအကဲကိုယ်တိုင် ကြပ်မတ်၍ ပြည်တွင်း၊ ပြည်ပပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ အပျက်အစီးများ ရှင်းလင်းရေး၊ ယာယီနေရာချထားရေး၊ ရှေးဦးပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ကဏ္ဍစုံမှ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(Disaster Management Center-DMC)ကို ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီးဖြစ်ရာ အဆိုပါ DMC ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၃၁--၂၀၂၅) ရက်နေ့ နံနက် ၉နာရီခွဲတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ() ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က  ငလျင်ဘေးအန္တရာယ်ကြောင့် သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးစာရင်းများကို စိစစ်ထုတ်ပြန်လျက်ရှိပါကြောင်း၊ ဘေးသင့်ဒေသများတွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၏ ရှာဖွေမှုဖြင့် အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်သူ ၆၄၃ ဦး၊ Dead Body ၄၃၉ ဦးဖြစ်ကြောင်း၊ ဘေးသင့်ပြည်သူများအား ယာယီနေရာချထားနိုင်ရေးနှင့် သောက်သုံးရေ၊ အစားအသောက်၊ မိလ္လာကိစ္စများ ဖြည့်ဆည်းပေးနိုင်ရေး၊ ဝန်ထမ်းအိမ်ရာ ပျက်စီးမှုများအားအမြန်စိစစ်၍ ပြန်လည်နေထိုင်ရရှိနိုင်မှုနှင့် ရွှေ့ပြောင်းပေးရန်လိုအပ်မှုများ စာရင်းကောက်ယူနိုင်ရေး၊ ဝန်ကြီးဌာနများအလိုက် ယာယီရုံး များဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်နိုင်ရေး၊ ယာယီအစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက် ရေး၊ လုံခြုံရေးကိစ္စရပ်များအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြပ်မတ်ဆောင်ရွက် သွားကြရန် မှာကြားပါသည်။

 ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ()က ပြောကြားရာတွင် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များအနေဖြင့် တရုတ်၊ အိန္ဒိယ၊ ရုရှား၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံများမှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၀၅၆ ဦးရောက်ရှိပြီး နေရာဒေသ အသီးသီးသို့ ဖြန့်ခွဲကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ အဖွဲ့များတွင် ဆေးကုသရေးအဖွဲ့များလည်းပါရှိပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာ အကူအညီများ ကမ်းလှမ်းလာပါက ပြန်လည်ထူထောင်ရေးဆိုင်ရာ တည်ဆောက်ရေးပစ္စည်းများကို ဦးစားပေးလက်ခံကြစေလိုပါကြောင်းနှင့် ကော်မတီများအလိုက် စနစ်တကျဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားပြီး  လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းအလိုက် ဆောင်ရွက်နေမှုများကို တင်ပြကြပါသည်။ တင်ပြချက်များအပေါ် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

         

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမကွေးတိုင်းဒေသကြီးအတွင်းရှိယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းစစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့နယ်၊ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာစိုးဝင်းမန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ယာယီရေဘေးရှောင်စခန်းသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်

MOS

DSW

DDM

DOR