ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ၌လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးအန္တရာယ် နှင့်စပ်လျဉ်း၍ ရှာဖွေကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကို နိုင်ငံတော် အကြီးအကဲကိုယ်တိုင် ကြပ်မတ်၍ ပြည်တွင်း၊ ပြည်ပပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ အပျက်အစီးများ ရှင်းလင်းရေး၊ ယာယီနေရာချထားရေး၊ ရှေးဦးပြန်လည်ထူထောင်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ကဏ္ဍစုံမှ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(Disaster Management Center-DMC)ကို ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီးဖြစ်ရာ အဆိုပါ DMC ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၃၁--၂၀၂၅) ရက်နေ့ နံနက် ၉နာရီခွဲတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌများ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ() ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က  ငလျင်ဘေးအန္တရာယ်ကြောင့် သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးစာရင်းများကို စိစစ်ထုတ်ပြန်လျက်ရှိပါကြောင်း၊ ဘေးသင့်ဒေသများတွင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၏ ရှာဖွေမှုဖြင့် အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်သူ ၆၄၃ ဦး၊ Dead Body ၄၃၉ ဦးဖြစ်ကြောင်း၊ ဘေးသင့်ပြည်သူများအား ယာယီနေရာချထားနိုင်ရေးနှင့် သောက်သုံးရေ၊ အစားအသောက်၊ မိလ္လာကိစ္စများ ဖြည့်ဆည်းပေးနိုင်ရေး၊ ဝန်ထမ်းအိမ်ရာ ပျက်စီးမှုများအားအမြန်စိစစ်၍ ပြန်လည်နေထိုင်ရရှိနိုင်မှုနှင့် ရွှေ့ပြောင်းပေးရန်လိုအပ်မှုများ စာရင်းကောက်ယူနိုင်ရေး၊ ဝန်ကြီးဌာနများအလိုက် ယာယီရုံး များဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်နိုင်ရေး၊ ယာယီအစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက် ရေး၊ လုံခြုံရေးကိစ္စရပ်များအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကြပ်မတ်ဆောင်ရွက် သွားကြရန် မှာကြားပါသည်။

 ထို့နောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ()က ပြောကြားရာတွင် နိုင်ငံတကာ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များအနေဖြင့် တရုတ်၊ အိန္ဒိယ၊ ရုရှား၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံများမှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၀၅၆ ဦးရောက်ရှိပြီး နေရာဒေသ အသီးသီးသို့ ဖြန့်ခွဲကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ အဖွဲ့များတွင် ဆေးကုသရေးအဖွဲ့များလည်းပါရှိပြီး ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာ အကူအညီများ ကမ်းလှမ်းလာပါက ပြန်လည်ထူထောင်ရေးဆိုင်ရာ တည်ဆောက်ရေးပစ္စည်းများကို ဦးစားပေးလက်ခံကြစေလိုပါကြောင်းနှင့် ကော်မတီများအလိုက် စနစ်တကျဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားပြီး  လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းအလိုက် ဆောင်ရွက်နေမှုများကို တင်ပြကြပါသည်။ တင်ပြချက်များအပေါ် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

         

 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေဂုံတိုင်ကလေးပြုစုရေးဌာန၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးစင်တာနှင့် မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းနှင့် အမျိုးသမီးများပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း ဆန်ဒိုင်းမူဘောင်အကောင်အထည်ဖော်မှု စောင့်ကြည့်လေ့လာရေးနှင့်အစီရင်ခံစာတင်သွင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အဖွင့်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦးတို့ တာဝန်ရှိသူများနှင့်အတူ နေပြည်တော်ပျဥ်းမနားမြို့၊ မီးဘေးသင့်ပြည်သူများ ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံသွား ရောက်၍ လိုအပ်သည်များ ထောက်ပံ့ဆောင်ရွက်ခဲ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

MOS

DSW

DDM

DOR