ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ (၂/၂၀၂၃)အစည်းအဝေးအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းကကျင်းပပြုလုပ်ခဲ့ရာမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော်အမျိုးသမီးကော်မတီ၊တိုင်းဒေသကြီး/ပြည်နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူးများနှင့်ဖိတ်ကြားထားသည့်ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအစည်းအဝေးကိုနှစ်စဉ်တစ်နှစ်လျှင်(၂)ကြိမ်ကျင်းပလျက်ရှိပြီးယခုဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပါကြောင်း၊မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအားကျယ်ပြန့်ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့်ကျား၊မရေးရာဆိုင်ရာကိစ္စရပ်များကိုအစိုးရ၏မူဝါဒများတွင်ထည့်သွင်းပေါင်းစပ်နိုင်ရေးအတွက်ဝန်ကြီးဌာနများအချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်အဆင့်လုပ်ငန်းယန္တရားဖြစ်သောမြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို ၁၉၉၆ခုနှစ်၊ဇူလိုင်လ (၃)ရက်နေ့တွင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ထိုကဲ့သို့စတင်ဖွဲ့စည်းခဲ့သည့်နေ့ကိုမြန်မာအမျိုးသမီးများနေ့အဖြစ်သတ်မှတ်ပြီးနှစ်စဉ်အထိမ်းအမှတ်အခမ်းအနားများကျင်းပလျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးဆောင်မှုအောက်တွင်မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကို၂၀၂၃ခုနှစ်၊ဩဂုတ်လ(၂၂)ရက်နေ့၌ဒုတိယဝန်ကြီးများကအဖွဲ့ဝင်များအဖြစ်ပါဝင်ဖွဲ့စည်းခဲ့ပြီးလုပ်ငန်းကော်မတီကိုလည်းဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအနေဖြင့်အမျိုးသမီးအခွင့်အရေးမြှင့်တင်ဖော်ဆောင်သည့်လုပ်ငန်းများဆောင်ရွက်ရာတွင်မူဝါဒ(၄)ရပ်၊လုပ်ငန်းတာဝန်(၇)ရပ်ချမှတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဒေသအလိုက်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုအရှိန်အဟုန်မြှင့်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့်အမျိုးသမီးများကိုထိထိရောက်ရောက်ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အမျိုးသမီးကော်မတီများကိုအဆင့်ဆင့်ဖွဲ့စည်းခဲ့ရာမြို့နယ်အဆင့်များအထိဖွဲ့စည်းထားရှိပါကြောင်း၊မြန်မာနိုင်ငံအတွင်းအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်ဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်မှုများဆောင်ရွက်နိုင်ရန်၊လိုအပ်သည့်ကြီးကြပ်လမ်းညွှန်မှုများပြုလုပ်နိုင်ရန်ယခုကဲ့သို့မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီအစည်းအဝေးများကျင်းပဆောင်ရွက်ခြင်းဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးကြည်က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပါသည်။ဆက်လက်၍မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင်များနှင့် အတွင်းရေးမှူးတို့က ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခဲ့ကြပြီးဒုတိယဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအစည်းအဝေးကို စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အမျိုးသားအဆင့်ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးကော်မတီ၊ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များမှ လူမှုဝန်ထမ်းဦးစီးမှူးများနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ကလေးသူငယ်အခွင့်အရေးများဆိုင်ရာညီလာခံသဘောတူစာချုပ်ပါလမ်းညွှန်ချက်များကိုအကောင်အထည်ဖော်ရာတွင်ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍသည် တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊နည်းဥပဒေများကိုထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ ECCD လွှမ်းခြုံမှုနှင့်ပတ်သက်၍ စာရင်းဇယားများအရ အသက်(၆)လမှ အသက်(၃)နှစ်အရွယ် ကလေးငယ်များ၏ရှေးဦးအရွယ်ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာဝန်ဆောင်မှုများရရှိမှုရာခိုင်နှုန်းမှာ(၀.၃၂%)သာရှိပြီး အသက်(၃)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များ၏ မူကြိုပညာရေးဝန်ဆောင်မှုရရှိမှုရာခိုင်နှုန်းမှာ (၂၇.၂၀%) သာရရှိကြောင်းစိစစ်တွေ့ရှိရတာကြောင့်ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုယခုထက်ပိုမို၍ ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းဥပဒေအခန်း(၁၁)ပါရန်ပုံငွေထူထောင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့်သုံးစွဲခြင်းအရဗဟိုကြီးကြပ်ရေးအဖွဲ့ ရန်ပုံငွေဆိုင်ရာဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများကို ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းအတည်ပြုထုတ်ပြန်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ မွေးစမှအသက်(၈)နှစ်အထိ ကလေးများ၏ဘက်စုံဖွံ့ဖြိုးမှုသည် အရေးကြီးတာကြောင့် ကလေးသူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အစိုးရ၊ ပုဂ္ဂလိကနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ ရင်းနှီးမြှုပ်နှံမှုများကိုတိုးချဲ့အကောင်အထည်ဖော်ရေး မဖြစ်မနေလိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။

အမျိုးသားအဆင့်ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီအတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက ကလေးသူငယ်ဖွံ့ဖြိုးရေးကဏ္ဍအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR