ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


၂၀၂၁ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြား ချက်များနှင့် အညီ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊  Jeng Phang နော်တောင်နှင့် ဦးရွှေကြိမ်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမောင်းဟာ၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုး တို့၏ဇနီးများ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊  ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဒေါ်ခင်မေရီ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာ မာလာအောင်နှင့် ဒေါ်နန်းစန္ဒာစမ်း၊ ဒုတိယ ဝန်ကြီးများ ဖြစ်ကြသည့် ဒေါ်သန်းသန်းလင်းနှင့် ဦးအောင်ထွန်းခိုင်၊  ပြည်ထောင်စုရာထူးဝန် အဖွဲ့ဝင် ဒေါ်ခင်မျိုးမြင့်၊  ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါ်နုနုယဉ်၊ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသမီးနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၏ဇနီး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ဇနီး၊ တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ ဇနီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယ ဝန်ကြီးများ၏ ဇနီးများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများက Online စနစ်ဖြင့် တက်ရောက်ကြ သည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က video message ဖြင့် အဖွင့်မိန့်ခွန်းပြောကြားသည်။




(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် အဖွင့်မိန့်ခွန်းကို သီးခြားဖော်ပြထားပါသည်။)

ထို့နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊  လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက် နေမှု၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဆင့် ကတိကဝတ်ပြုမှုများ၊ အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့ ကျင်းပဆောင်ရွက်နေမှု၊ လုပ်ငန်းယန္တရားဖွဲ့စည်းဆောင်ရွက်မှု၊ အမျိုးသား အဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) ဆောင်ရွက်မှု၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု တားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဆောင်ရွက်မှုများ၊ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက် နေမှု၊  အိမ်တွင်း အကြမ်းဖက်မှု၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ သက်ငယ် မုဒိမ်းမှုများနှင့် ပတ်သက်၍ Helpline Service  ဖွင့်လှစ်ဆောင်ရွက်ထားမှု၊ ကျားမရေးရာ အခြေပြုအကြမ်းဖက် ဖြစ်ရပ်များအား တုံ့ပြန်ဆောင်ရွက်နေမှု၊ အကြမ်းဖက်ခံရ သူများအား ငွေကြေးထောက်ပံ့ပေးမှု အခြေအနေ၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေး နိုင်သော စင်တာများ ဖွင့်လှစ်ဆောင်ရွက်နေမှုနှင့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်နေမှု၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အိမ်တွင်းမှု သင်တန်းများ ဖွင့်လှစ် သင်ကြားနေမှု အခြေအနေ၊ အမျိုး သမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အကောင်အထည်ဖော်မှု အခြေအနေ၊ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ၏ ပန်းတိုင် -၅ (SDG-Goal 5) အကောင်အထည်ဖော်မှု၊ အာဆီယံ အမျိုးသမီး ကော်မတီ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်များအား Video Clip ဖြင့် ပြသသည်။

ထို့နောက် ကဏ္ဍအလိုက် ထူးချွန်အမျိုးသမီးများအား ဆုများပေးအပ်ချီးမြှင့်ရာ ကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်က ၂၀၂၀ ပြည့်နှစ်၊ ထူးချွန်အမျိုးသမီးအရာရှိဆုရရှိသူ အမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၇)မှ အကောင်းဆုံးဗိုလ်လောင်းဆုရ ဗိုလ်ဧပရယ်ချို(ရေ-၅၆၁၂) ကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က ၂၀၂၀ ပြည့်နှစ် ထူးချွန်အမျိုးသမီးရဲမေဆုရ ဒုတိယရဲမှူးကြီး ဝင်းနီလာကိုလည်းကောင်း၊ ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ထူးချွန်ကြက်ခြေနီ အမျိုးသမီးဆုရရှိသူ ကြက်ခြေနီ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်စမ်းစမ်းမော် တို့ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိပါသည်။

 





နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR