ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

 လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်အားကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA)၏ယာယီအကြီးအကဲဖြစ်သူMs. Danielle Parryဦးဆောင်သောအဖွဲ့သည်ယနေ့နံနက်ပိုင်း (၁၀:၀၀)နာရီတွင်အဆိုပါဝန်ကြီးဌာန၊အစည်းအဝေးခန်းမ၌လာရောက်တွေ့ဆုံခဲ့ပါသည်။

          တွေ့ဆုံစဉ်ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA)၏ယာယီအကြီးအကဲဖြစ်သူMs. Danielle Parryမှရခိုင်ပြည်နယ်ရှိမုန်တိုင်းသင့်သူများအတွက်လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးအပ်လိုသည့်ကိစ္စ၊OCHA ဝန်ထမ်းများ၏ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာကိစ္စများနှင့်ပြည်တွင်းခရီးသွားလာခွင့်ဆိုင်ရာကိစ္စများတင်ပြခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကလည်းအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီ(၁၂)ရပ် ဖွဲ့စည်းထားရှိမှု၊ မိုခါဆိုင်ကလုန်းမုန်တိုင်း အတွက် နိုင်ငံတကာအကူအညီများနှင့်စပ်လျဉ်း၍ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏ညှိနှိုင်းဆောင်ရွက်ပေးနေမှုများ၊ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့နိုင်ငံတကာအကူအညီများပေးပို့ရန်အတွက်ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းယန္တရားတစ်ရပ်ဖော်ဆောင်ရေးဆောင်ရွက်နေမှု၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့်  OCHA တို့အကြားသဘောတူညီမှုစာလွှာ (LoA) သက်တမ်းတိုးလက်မှတ်ရေးထိုးနိုင်ရေးကိစ္စရပ်များအားရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲသို့အမြဲတမ်းအတွင်းဝန်ဒေါက်တာကိုကိုနိုင်၊ဦးစီးဌာနများမှညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မဲခေါင်-ဂင်္ဂါ စီမံချက်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ မန္တလေးတွင် သင်တန်းသူအိပ်ဆောင် ၁ ထပ်ဆောင် ဆောက်လုပ်ခြင်းစီမံကိန်းပြီးမြောက်ခြင်းနှင့် လွှဲပြောင်းခြင်းအခမ်းအနားကျင်းပခြင်း
“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

MOS

DSW

DDM

DOR