ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပြုချက်များကို ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်း ၍ သက်ဆိုင်ရာကဏ္ဍအလိုက် ကော်မတီဝင်ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့တို့က ပူးပေါင်းအကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အရေးကြီးသောကဏ္ဍများအား ပြန်လည်သုံးသပ်ညှိနှိုင်းခြင်းကို ယနေ့(၁၄-၁-၂၀၂၁)ရက်နေ့ နံနက် ပိုင်းတွင် ရုံးအမှတ်(၂၃)၊  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။ 

  • ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ (၃)နှစ်တာ ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အရေးကြီးသောကဏ္ဍများဖြစ်သည့် နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာ သွားလာခွင့်နှင့် IDP ကိစ္စရပ်များတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ချက်များအပေါ် သုံးသပ်ညှိနှိုင်းရန် လိုအပ် ကြောင်း၊
  •  လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများကို ၁၉၈၂ခုနှစ်မြန်မာ နိုင်ငံသား ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင် ရန်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအတွင်းနေထိုင်သူများအနေဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ နိုင်ငံသားစိစစ်မှုခံယူခြင်းနှင့် ရရှိသင့်သည့် အခွင့်အရေးများကို တစ်ပါတည်းရရှိခံစားနိုင်ရေးသည် အရေးကြီးပါကြောင်း၊ 
  • သက်ဆိုင်ရာတာဝန်ရှိ ဌာနအဖွဲ့အစည်းများအနေဖြင့် တည်ဆဲဥပဒေနှင့် အညီ မိမိတို့ စိစစ်ဆောင်ရွက်ပေးရန်ရှိသည်များကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် ပေးခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း၊ 
  • ယခု အကောင်အထည် ဖော်ဆောင်ရွက်နေသည့်ကာလအတွင်း လက်တွေ့ အခြေအနေ၌ လုပ်ငန်းအဆင့်ဆင့်တွင် ကြုံတွေ့နေရ သည့် အခက်အခဲများကို ပူးပေါင်း ဖြေရှင်းရန် နည်းလမ်းများရှာဖွေရန် လိုအပ်ကြောင်း၊ ဤလုပ်ငန်းစဉ်များသည် ရေရှည်တွင်လည်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များဖြစ်၍ ပြီးစီးရန် အချိန်ကာလ သတ်မှတ်ခြင်းမပြုနိုင်သော်လည်း ပြီးစီးနိုင်သည့် လုပ်ငန်းပမာဏကို သတ်မှတ်၍ ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊
  •  ရခိုင်ပြည်နယ်အတွင်း အကောင်အထည်ဖော်သည့်လုပ်ငန်းရပ်တိုင်းတွင် ဥပဒေအရ ခံစားခွင့်ရှိသူများနှင့် ဒေသတွင်းနေထိုင်သူအားလုံး သဘောပေါက်သိရှိပြီး ပူးပေါင်း ဆောင်ရွက်ကြရန် ပညာပေးမှုများ၊ ဆွေးနွေးညှိနှိုင်းမှုများနှင့် ဥပဒေနှင့်အညီ အမှန်တကယ် ခံစားရရှိမှုများ သေချာစေရန် လူမှုသဟဇာတဖြစ်ရေး ကြိုးပမ်းဆောင် ရွက်မှုများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊

 အစိုးရက ဥပဒေနှင့် အညီ ဆောင်ရွက်မှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ပိုမို စနစ်တကျ ဖြစ်ပြီး သွက်လက်မြန်ဆန်သော အကောင်အထည်ဖော်မှုများကို ဦးတည် နိုင်ရေး ဝိုင်းဝန်း ဆွေးနွေးအကြံပြုကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန  ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ ကော်မတီတွဲဖက်အတွင်းရေးမှူး ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တည်ဆဲဥပဒေများ၊ အမိန့်ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်ရန်ရှိသည့်ကိစ္စရပ်များ၊ တွေ့ကြုံခဲ့ရသည့်အခက်အခဲနှင့် စိန်ခေါ်မှုများ၊ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရန် ကဏ္ဍအလိုက်လိုအပ်သောဖြည့်ဆည်း ပေါင်းစပ်ပေးရန်ကိစ္စများစသည်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။


နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR