ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိပြီးသူများအား မသန်စွမ်းထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်နှင့် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့ ဦးဆောင်ကျင်းပခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်သည် မသန်စွမ်းသူများကိုကြည့်ရှုစောင့်ရှောက်ရမည်ဟုဖော်ပြထားသည့်အပြင် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂၀၁၁ ခုနှစ်တွင် အတည်ပြုလက်မှတ်ရေးထိုးခဲ့ပြီးမသန်စွမ်းသူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလူ့အခွင့်အရေးစံနှုန်းများနှင့် အညီအကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း (၃၃၀) ရှိသည့်အနက် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တို့ကိုကနဦးစီမံကိန်းနယ်မြေ (၄) ခုအဖြစ်သတ်မှတ်၍ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းကိုဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အခမ်းအနားတွင် မိမိတို့၏ သဘောဆန္ဒအလျောက် မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်လျှောက်ထားရယူခဲ့ကြသည့် ပုဗ္ဗသီရိမြိုနယ်မှ မသန်စွမ်းသူ (၂၄၆) ဦးနှင့် လှိုင်သာယာမြို့နယ်မှ မသန်စွမ်းသူ(၄၀၄)၊ စုစုပေါင်း (၆၅၀)ဦးတို့ကို မသန်စွမ်းထောက်ပံ့ကြေးတစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းတစ်ရာကိုးဆယ့်ငါးသိန်းတိတိကိုထောက်ပံပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှ ယနေ့အထိမသန်စွမ်းသူ (၃၉,၂၉၇) ဦးအတွက် စုစုပေါင်းငွေကျပ် (၁၃၅.၄၄၁ သန်း)ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအရင်းမပျောက်မတည်ငွေကျပ် (၃) ဘီလီယံကိုလည်းအလေအလွင့်မရှိစနစ်တကျ တိုးပွားစေရေးအတွက် ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် အသေးစားငွေရေးကြေးရေးဦးစီးဌာနတို့ပူးပေါင်း၍တိုးပွားအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် မသန်စွမ်းသူများအတွက် အကျိုးပြုလုပ်ငန်းများတွင်ထောက်ပံ့သုံးစွဲသွားမည်ဖြစ်ကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာမဟာဗျူဟာ (၅)နှစ် စီမံကိန်း (၂၀၂၂-၂၀၂၇) ကိုလည်းမကြာမီတွင် မိတ်ဆက်ဖြန့်ချိသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကမသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များကိုရှင်းလင်းပြောကြားခဲ့ပြီးပုဗ္ဗသီရိမြို့နယ်ရှိရပ်ကွက်ကျေးရွာအုပ်စု (၁၅) ခု၊လှိုင်သာယာအရှေ့နှင့် လှိုင်သာယာအနောက်မြို့နယ်တို့မှ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မသန်စွမ်းကိုယ်စားလှယ်များအားမသန်စွမ်းထောက်ပံ့ကြေးပေးအပ်ခဲ့ကြပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR