ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူးMs. Gwyn Lewisအားယနေ့မွန်းလွဲပိုင်းတွင်အဆိုပါဝန်ကြီးဌာန၊ဧည့်ခန်းမ၌လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင်ဝန်ကြီးဌာနနှင့်အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သောအဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးအပ်နိုင်ရေးကိစ္စများ၊နိုင်ငံခြားသားဝန်ထမ်းများအတွက်ပြည်ဝင်ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွားလာခွင့်ကိစ္စများ၊မန္တလေးငလျင်ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စများနှင့်မိုင်းအန္တရာယ်ကင်းရှင်းရေးအသိပညာပေးကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊လူမှုဝန်ထမ်းဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ဘာသာရပ်ဆိုင်ရာအရာထမ်းများနှင့်ရန်ကုန်မြို့ရှိကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံးမှကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewisအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR