ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          အာဆီယံလူငယ်ဆိုင်ရာဖွံ့ဖြိုးမှုအညွှန်းကိန်းများအစီအစဉ် (၂) (ASEAN Youth Development Index Phase II) မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကို (၃၀.၈.၂၀၂၁) ရက် နေ့၊နံနက်(၀၈:၃၀)နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားသို့ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံနိုင်ငံများမှ လူငယ် ဆိုင်ရာဝန်ကြီးများ၊ အာဆီယံလူငယ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၊ ASEAN Youth Development Index Phase II လုပ်ငန်းအဖွဲ့၊ ပညာရှင်အဖွဲ့၊ UNFPA မှ အာရှပစိဖိတ်ဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူး၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများနှင့် အာဆီယံ လူငယ်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် H.E DATO LIM JOCK HOI က နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် လူငယ်များသည် အနာဂတ်မျိုးဆက်သစ်များ ဖြစ်ကြကြောင်း၊ ဒေသဆိုင်ရာ အနေအထားများအရ မတူကွဲပြားမှုများရှိသလို တူညီသည့် အချက်များလည်း ရှိပါကြောင်း၊ လတ်တလော ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ အခြေအနေများ အရလည်း စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိပါကြောင်း၊ အာဆီယံလူငယ်ဆိုင်ရာ အညွှန်းကိန်းများအစီအစဉ် (၁) ကို ၂၀၁၇ ခုနှစ် က ထုတ်ဝေနိုင်ခဲ့ပြီး ယခု အစီအစဉ် (၂) ကို မိတ်ဆက်ဖြန့်ချိ၍ လူငယ်များအားလုံးအတွက် လွှမ်းခြုံနိုင်မည့် ဧရိယာ (၃) ခုကို ချဉ်းကပ်၍ လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရှေ့ဆက်လက်၍ လူငယ်များအတွက် ဖွံ့ဖြိုးစေမည့် အစီ အစဉ်များကို ဖော်ထုတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အာဆီယံလူငယ်ဆိုင်ရာဝန်ကြီးများက ASEAN Youth Development Index Phase II နှင့် စပ်လျဉ်း၍ အမှာစကားအသီးသီး ပြောကြားခဲ့ကြပါသည်။

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ ‌ဒေါက်တာသက် သက်ခိုင် က ASEAN Youth Development Index Phase II အားမိတ်ဆက်ဖြန့်ချိနိုင်ခြင်း အပေါ်အထူးပင်ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံလူငယ်ဆိုင်ရာ အညွှန်းကိန်းများအစီအစဉ် (၁)မှ စတင်၍ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအစီအစဉ် (၂) သည် တက္ကသိုလ်အသီးသီးက ကျောင်းသား၊ ကျောင်းသူများ၏ အာဆီယံအပေါ် သဘောထားအမြင် စစ်တမ်းနှင့်စပ်လျဉ်း၍ ပညာရှင်အဖွဲ့က စနစ်တကျ ကောက်ယူခဲ့ပြီး အစီရင်ခံစာ ထုတ်ဝေနိုင် ခြင်းဖြစ်၍ အာဆီယံဒေသအတွင်း လူငယ်ထုဖွံ့ဖြိုးရေးအတွက် အမှန်တကယ်အကျိုးရှိနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူငယ်ကဏ္ဍဖွံ့ဖြိုးရေးကို ဦးတည်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကို (၁.၈.၂၀၂၁) ရက်နေ့မှာ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ အာဆီယံလူငယ်ရေးရာလုပ်ငန်းများအပါအဝင် လူငယ်များ ဘက်ပေါင်းစုံမှ ဖွံ့ဖြိုးရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် လူငယ်ထုပါဝင်ပြီး လူငယ်များ၏ စွမ်းရည်ကို ဖော်ဆောင်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် ရည်ရွယ်ပါကြောင်း၊ မိမိတို့ ဝန်ကြီး ဌာနအနေဖြင့် နိုင်ငံတော်မှ ကာကွယ်စောင့်ရှောက်ပေးရန်လိုအပ်သည့် လူငယ်များနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအား ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ လူငယ်ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် စပ်လျဉ်း၍ မိမိတို့ ဝန်ကြီးဌာနများအားလုံး ဝိုင်းဝန်းပံ့ပိုး၍ ပူး‌ပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ယခု ASEAN Youth Development Index Phase II အစီအစဉ်သည် အာဆီယံဒေသအတွင်း လူငယ်များအတွက် ရေရှည်ဆောင်ရွက်နိုင်မည့် လမ်းပြမြေပုံပင်ဖြစ်ပါ ကြောင်း၊ ယခု အစီအစဉ်ကာလအတွင်း မြန်မာနိုင်ငံမှ အာဆီယံအဖွဲ့ဝင်နိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက်ခဲ့ခြင်းအတွက် အတွေ့အကြုံ၊ ဗဟုသုတများစွာရရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမှ YDI Phase II ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပါသော ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ်မှ ပညာရှင်အဖွဲ့နှင့် ပါဝင်သောလူငယ်များအားလုံးကို ကျေးဇူးအထူးတင်ရှိ ပါကြောင်း‌၊ YDI Phase I နှင့် Phase II တို့သည် ဒေသတွင်းနိုင်ငံများအတွက် လူငယ်ဖွံ့ဖြိုးရေး ကဏ္ဍတွင် အရေးကြီးပါကြောင်း၊ ၎င်းတို့အပေါ် အခြေခံ၍ မူဝါဒလုပ်ငန်းစဉ်များရေးဆွဲရမှာဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း လူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ်တွင် ရေးဆွဲထားရှိပြီး လူငယ်ရေးရာမူဝါဒဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄)ကို အကောင် အထည်ဖော်ဆောင်ရွက်ရန်ရှိပါကြောင်း၊ ယနေ့မိတ်ဆက်ဖြန့်ချိသည့် YDI Phase II ဖြစ်မြောက် ရေးအတွက် ဦးဆောင်ပံ့ပိုးပေးခဲ့ပါသော အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နှင့် လာအိုနိုင်ငံ လူငယ်အဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူးအပါအဝင် အာဆီယံလူငယ်ဆိုင်ရာဝန်ကြီး များ၊ UNFPA မှ အာရှ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊ အာဆီယံဒုတိယအထွထွေ အတွင်းရေးမှူးချုပ်နှင့် စာတမ်းရေးသားရေး ပညာရှင်အဖွဲ့တို့အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ အာဆီယံဒုတိယအထွေထွေအတွင်းရေးမှူးချုပ် H.E. KUNG PHOAK က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် (၁၀:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အာဆီယံလူငယ်ဆိုင်ရာ ဖွံ့ဖြိုးမှုအညွှန်းကိန်းများအစီအစဉ် (၁) သည် လူငယ်ကဏ္ဍနှင့် စပ်လျဉ်း၍ အဓိကနယ်ပယ်ကြီး (၄) ခုဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် သာယာဝပြောမှု၊ အလုပ်အကိုင်အခွင့်အလမ်း၊ ပါဝင်ဆောင်ရွက်ခြင်းနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို လည်းကောင်း၊ အာဆီယံလူငယ်ဆိုင်ရာ ဖွံ့ဖြိုးမှုအညွှန်းကိန်းများအစီအစဉ် (၂) သည် လူငယ် ကဏ္ဍတစ်ခုဖြစ်သည့် အသိပညာပေးခြင်း၊ တန်ဖိုးထားမှုနှင့် ကိုယ်ပိုင်အမှတ်လက္ခဏာတို့အား လည်းကောင်း ဆန်းစစ်လေ့လာခဲ့ခြင်းဖြစ်ပြီး YDI Phase II အား အာဆီယံအထွေထွေအတွင်း ရေးမှူးချုပ်ရုံးမှ ဦးဆောင်၍ အာဆီယံနိုင်ငံများမှ တက္ကသိုလ်(၁၀) ခုမှ ကျောင်းသား/ကျောင်းသူ (၁၅၈၂) ဦးနှင့် အာဆီယံဒေသတွင်း တက္ကသိုလ် (၄) ခုမှ ကျောင်းသား/ကျောင်းသူ (၆၂၇)ဦး ပါဝင်၍ အာဆီယံအပေါ် အသိအမြင် စစ်တမ်းကောက်ယူခဲ့၍ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာပညာရှင်အဖွဲ့နှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၁) ဦးပါဝင်၍ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ၊တပ်ကုန်းမြို့အတွင်းရှိ ရေကြီးရေလျှံဖြစ်ပွားသော နေရာများသို့ ကွင်းဆင်းထောက်ပံ့
(၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်ခြင်း
(၁၂) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development(AMMSWD)and Related Meetings)ကျင်းပခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူMr. Jaime NadalRoigအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနလုပ်ငန်းရပ်များအား ကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR