ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ


၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိအသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ထိခိုက်လွယ်အုပ်စုများသို့ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကမိမိတို့ဝန်ကြီးဌာနအနေဖြင့် ကလေးသူငယ်များ၊အမျိုးသမီးများ၊သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများ အဓိကအားဖြင့်ထိခိုက်လွယ်အုပ်စုများအတွက်၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့်မဟာဗျူဟာစီမံချက်ကို မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသူများ အားလုံးအကျုံးဝင်စေရန်၊ ခွဲခြားမှုမရှိစေရန်နှင့်အားလုံးတန်းတူညီမျှရရှိနိုင်စေရန်စသည့်မူဝါဒများဖြင့် ရေးဆွဲခဲ့ပြီး စီမံချက်အရထောက်ပံ့မှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစတင်၍ အကျိုးခံစားခွင့်ရှိသူများ၏ အချက်အလက်များကို လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ် (Social Management Information System-SMIS)သို့ ထည့်သွင်းပြီး စာရွက်စာတမ်းအခြေပြုစနစ်မှသည် နည်းပညာအခြေပြုစနစ်ဆီသို့ ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၄၉၂၂)ဦးကို  ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း၊ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိတည်ထောင်ခွင့်ပြုမိန့်ရရှိပြီးသောဂေဟာရိပ်သာ(၁၆)ခု၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း(၅၄)ကျောင်းနှင့် ထိခိုက်လွယ်အုပ်စုဝင်လူဦးရေ(၁၀၅)ဦးအတွက် ထောက်ပံ့ကြေးများပေးအပ်မှာဖြစ်ပြီး နိုင်ငံတော်၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရနှင့်အတူ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံးက  ဟန်ချက်ညီညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့် လူမှုရေးအကူအညီလိုအပ်သူများအနေဖြင့် မိမိကိုယ်မိမိယုံကြည်ချက်ရှိစွာ ရပ်တည်လာနိုင်ပြီးနိုင်ငံတော်အတွက်အားကိုးအားထားဖြစ်ရသော လူ့စွမ်းအားအရင်းအမြစ်များဖြစ်လာစေလို ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဦးသန်းထွန်းဦးက ကျေးဇူးတင် နှုတ်ခွန်းဆက်စကားပြောကြားရာတွင် နိုင်ငံတော်၏လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များသည် လူမှုရေးအကူအညီလိုအပ်နေသူများအတွက် စနစ်ကျပြီး ထိရောက်သောပံ့ပိုးမှုများဖြစ်ပါကြောင်း၊ ယခုကဲ့သို့ထောက်ပံ့ကြေးများပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးပါသော ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများကို အကျိုးခံစားခွင့်ရှိသူများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ ထိခိုက်လွယ်အုပ်စုများအတွက် ထောက်ပံ့ကြေးစုစုပေါင်း (၄၂၁.၉၅) ကျပ်သန်းကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးထံသို့ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဌ၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီ ဝင်များနှင့် အမြဲတမ်းအတွင်းဝန်တို့က   ထောက်ပံ့ကြေးများကို ဂေဟာ၊ ရိပ်သာ တာဝန်ခံများကို ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ဂေဟာ/ရိပ်သာများကိုယ်စား စမတောင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ဂေဟာမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံရုံး ယာယီတာဝန်ခံ/ သံအမတ် Dr. Rashid Abdulla AL-Kuwari ဦးဆောင်သောအဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မိုခါဆိုင်ကလုန်းမုန်တိုင်း မတိုက်ခင်မီ ကပင် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုတင်ပြင်ဆင်ခဲ့မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများအား အနည်းဆုံးအခြေအနေသို့ လျှော့ချနိုင်ခဲ့မှုနှင့် မုန်တိုင်းသင့်ဒေသများအတွက် အာဆီယံနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများမှ စာနာမှုအကူအညီများပေးအပ်ခဲ့မှု အခြေအနေများ၊ မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သော ဆေးရုံ၊ ကျောင်းအဆောက်အဦများနှင့် ဆက်သွယ်ရေးကွန်ရက်များအား ဦးစားပေးပြုပြင်ခဲ့ပြီး ယခုအခါ ၁၀၀ ရာခိုင်နှုန်း နီးပါးပြုပြင်ပြီးစီးမှုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေသော ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေးအတွက် အခြေခံလိုအပ်ချက်များအား မြန်မာနိုင်ငံဘက်မှ ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများ၊ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယ-မြန်မာ နားလည်မှုစာချွန်လွှာ၏ ပထမအဆင့်အနေဖြင့် နေအိမ်(၂၅၀)လုံး ဆောက်လုပ်ပြီးစီးမှုနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၂)၊  ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ မြန်မာနိုင်ငံအခြေစိုက်သံရုံးများမှ သံရုံးအကြီး အကဲများနှင့်သံတမန်များ ရခိုင်ပြည်နယ်သို့ လေ့လာရေးခရီးစဉ် သွားရောက်ခဲ့မှုများ ရှင်းလင်းဆွေးနွေးခဲ့ပြီး ကာတာနိုင်ငံဘက်မှ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်ကူညီဆောင်ရွက်လိုပါကြောင်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူချုပ်များနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR