ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနက ဖွင့်လှစ်ထားရှိသည့် လူငယ်နှင့်အမျိုးသမီးသင်တန်းကျောင်းများအတွက် သင်တန်း ကျောင်းဆိုင်ရာလက်စွဲ (Standard Operating Procedure)(SoP) ရေးဆွဲထားရှိမှုအပေါ် ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်က Video Conferencing စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် သင်တန်း ကျောင်းအသီးသီးမှ တာဝန်ခံ/ကျောင်းအုပ်များ တက်ရောက်ကြပသည်။

        အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာလအတွင်း လူမှုဝန်ထမ်း ဦးစီးဌာနက ဖွင့်လှစ်ထားရှိသော သင်တန်းကျောင်းများမှ ကလေးသူငယ်များ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် စားသောက်နေထိုင်ရေးကိစ္စရပ်များတွင် အဆင်ပြေချောမွေ့စေရေး အထူး ဆောင်ရွက်ပေးခဲ့သည့် သင်တန်းကျောင်းအသီးသီးမှ တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်း၊ လတ်တလောကာလအတွင်း မိမိတို့ဝန်ကြီးဌာန၏ အဓိက လုပ်ငန်းစဉ်များဖြစ်သည့် သင်တန်းကျောင်းများမှ ကလေးသူငယ်များအတွက် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်ဖြစ်ပေါ် စေရေးနှင့် လုပ်ငန်းဆောင်ရွက်ချက်များတွင် စနစ်တကျ လည်ပတ်နိုင်စေရေးအတွက် သင်တန်း ကျောင်းဆိုင်ရာလက်စွဲရေးဆွဲထားရှိခြင်းအပေါ်  ပြန်လည်သုံးသပ်ခြင်းများကို ဆောင်ရွက်နိုင် သည့်အတွက် အလွန်အကျိုးရှိပါကြောင်း၊ သင်တန်းကျောင်းအသီးသီးရှိ ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများရှာကြံ၍ အတတ်နိုင်ဆုံး ပံ့ပိုးဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ လမ်းပေါ်နေကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစီမံချက်နှင့် သင်တန်းကျောင်းများရှိ ကလေးသူငယ်များအတွက် ဘဝရပ်တည်ရေး လုပ်ငန်းစီမံချက်တို့ကို ရေးဆွဲထားရှိပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးက သင်တန်းကျောင်းများတွင် လုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်ရာတွင်  ကလေးများ၏ နေ့စဉ် စား၊ ဝတ်၊ နေ၊ ရေး ကိစ္စရပ်များအတွက် အဆင်ပြေ ချောမွေ့စေရေး အားထုတ်ဆောင်ရွက်ကြရပါကြောင်း၊ ပညာရည် တိုးတက်ရေးနှင့် ဘဝတစ် သက်တာအတွက် အခြေခံအလေ့အကျင့်ကောင်းများရရှိစေရေးအတွက်လည်း တစ်ဖက်တစ် လမ်းမှ ပံ့ပိုးဆောင်ရွက်ပေးရပါကြောင်း၊ အခြေခံအားဖြင့် ကလေးများ၏ အသက်(၁၅)နှစ်မှ (၁၈) နှစ်အကြားသည် စိတ်ပိုင်းဆိုင်ရာအားဖြင့် အထူးဂရုစိုက်ရမည့် အနေအထားဖြစ်ပါ ကြောင်း၊ မိမိတို့ကလေးများအတွက် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအပြင် သက်မွေးပညာ၊ ပြင်ပဗဟုသုတ၊ လူမှုပတ်ဝန်းကျင်နှင့် ဆက်ဆံရေးစွမ်းရည်များပါ သင်ကြားပေးရန် လိုအပ်ပါ ကြောင်း၊ သင်တန်းကျောင်းအသီးသီးရှိ ဝန်ထမ်းများ၏ စွမ်းရည်နှင့် အရည်အသွေးများ တိုးတက်မှုရှိစေရန် အစဉ်အမြဲ ပံ့ပိုးပေးရန်လိုအပ်ကြောင်း ပြောခဲ့ပါသည်။

       လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်ထားရှိ သော သင်တန်းကျောင်းများနှင့် စပ်လျဉ်း၍ စောင့်ရှောက်ထားရှိသည့် ကလေးသူငယ်အမျိုး အစားပေါ်မူတည်၍ သင်တန်းကျောင်းများကို ပြင်ဆင်သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သင်တန်းကျောင်းများရှိ ကလေးသူငယ်များ၏ ဘဝရပ်တည်ရေးအတွက် အတန်း ပညာ၊ သက်မွေးပညာများရရှိစေရေးအတွက် နှစ်စဉ်လုပ်ငန်းစီမံကိန်းတွင် ထည့်သွင်း၍ လည်းကောင်း၊ စီမံချက်များရေးဆွဲ၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့် ကလေးများ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်ချက်များတွင် ပညာရပ်တစ်ခုရရှိစေရေး ပံ့ပိုးပေးရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သင်တန်းကျောင်းဆိုင်ရာလက်စွဲ (SOP) အပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR