ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး(၁/၂၀၂၁)ကို ယနေ့ နေ့လည်(၁၄:၀၀) နာရီတွင် နေပြည်တော်ရှိ   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ် ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဉက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဉက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမျိုးသားအဆင့်ကော်မတီအဖွဲ့ဝင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယ‌ရှေ့နေချုပ်နှင့်တကွ အမျိုးသားအဆင့် ကော်မတီဝင်သက်ဆိုင်ရာဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက် ရောက်ခဲ့ကြပါသည်။

          ရှေးဦးစွာ  ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်က အဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးဆောင်မှုအောက်တွင် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများအရှိန်အဟုန်မပျက်ဆောင်ရွက်နိုင်ရေးအတွက် ပဋိပက္ခ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၃၁-၃-၂၀၂၁) ရက်နေ့၊ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၀/၂၀၂၁ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ လုပ်ငန်းကော်မတီကိုဆက်လက်၍ ပြင်ဆင်ဖွဲ့စည်း နိုင်ရန်နှင့် အတည်ပြုပြီးဖြစ်သည့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းစီမံချက်တွင် လက်ရှိ အခြေအနေနှင့် လျော်ညီသည့်အသုံးအနှုန်းအား ပြင်ဆင်အတည်ပြုပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကိုညှိနှိုင်းဆွေးနွေးရန် အစည်းအဝေးခေါ်ယူရခြင်းဖြစ်ပါကြောင်း၊Joint communique နှင့်ပတ်သက်ပြီး ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ () ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲ တမ်းကိုယ်စားလှယ်နဲ့ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Pattenတို့ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ပူးတွဲကြေညာချက်ပါအကြောင်းအရာ များနှင့်စပ်လျဉ်းပြီး လုပ်ငန်းစီမံချက်ရေးဆွဲရန်နှင့် လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ဆောင် ရွက်ရန် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ထွက်ပေါ်နိုင်ရေးအတွက်  ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်များအတွင်း အမျိုးသားအဆင့်ကော်မတီအစည်းအဝေးများကို  စုစုပေါင်း () ကြိမ်နှင့် လုပ်ငန်းကော်မတီအစည်းအဝေး()ကြိမ် ကျင်းပခဲ့ပါကြောင်း၊ ဆောင်ရွက်ခဲ့သည့် အစည်းအဝေး ()ကြိမ်အနက် တတိယအကြိမ်နှင့်  ပဉ္စမအကြိမ်အမျိုးသားအဆင့်ကော်မတီ အစည်းအဝေးများ တွင်  UN အဖွဲ့ အစည်းများ၊ Office of the Special Envoy of the Secretary-General on Sexual Violence in Conflict–OSESGတို့ကို () ကြိမ်တိုင်တိုင် ဖိတ်ကြားဆွေးနွေးခဲ့ခြင်းကို သိရှိရပါကြောင်း၊ လုပ်ငန်းစီမံချက် (မူကြမ်း)အပေါ် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများမှ အကြံပြု ချက်များကို()ကြိမ်တိတိ တောင်းခံရေးဆွဲခဲ့ကြောင်း၊  အမျိုးသမီးကိုသာဦးတည်ခြင်းမဟုတ်ဘဲ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှုအားလုံးကိုဆောင်ရွက်နိုင်ရန်အတွက် ကော်မတီ၏အမည်ကို ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အဖြစ်လည်း‌ကောင်း၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖြစ် လည်းကောင်း အမည်ပြောင်းလဲခဲ့ပါကြောင်း၊  သတ္တမအကြိမ်မြောက် အမျိုးသားအဆင့်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များနှင့်အညီ ပြင်ဆင်ထားသည့် လုပ်ငန်းစီမံချက် (မူကြမ်း)ကို နိုင်ငံ တော်သမ္မတရုံးသို့ တင်ပြအတည်ပြုချက်ရယူခဲ့ရာ (၇.၁.၂၀၂၁)ရက်နေ့တွင် အတည်ပြုခဲ့ ကြောင်း၊ အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ပြင်ဆင်ဖွဲ့စည်းခြင်း၊ လုပ်ငန်းစီမံချက် အကောင် အထည်ဖော်ရေးအတွက် မိမိတို့ကဏ္ဍအလိုက် စတင်အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များ၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကိုဆွေးနွေးပေးကြပါရန်ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးက အမှာစကားပြောကြားခဲ့ပါသည်။

          အစီအစဉ်အရ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း ဦးစီးဌာန၊  ညွှန်ကြားရေးမှူးချုပ်က    ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေး နှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်းကော်မတီ ပြင်ဆင်ဖွဲ့စည်းရေးနှင့် အတည်ပြုပြီးဖြစ် သည့် လုပ်ငန်းစီမံချက်အကောင်အထည်ဖော်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက် ရောက်လာသည့် ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီဝင်များက လုပ်ငန်းကော်မတီပြင်ဆင် ဖွဲ့စည်းရေးနှင့် လုပ်ငန်းစီမံချက်ပါလုပ်ငန်းစဉ်များအကောင်အထည်ဖော်ရေးတို့နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးခဲ့ကြပြီး  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားကာ အစည်း အဝေးအား ညနေ (၄:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ (၂/၂၀၂၁)အစည်းအဝေးအား ၂၀၂၁ခုနှစ်၊ မေလနောက်ဆုံးပတ်တွင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration – IOM) ရုံးအကြီးအကဲဖြစ်သူ Mr.Daihei Mochizukiဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewisအားလက်ခံတွေ့ဆုံ
ချင်းပြည်နယ်အတွင်းပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌဒုတိယဝန်ကြီးဒေါက်တာသန်းစိုးဖလမ်းမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေကိုကြည့်ရှုပြီးအလှူငွေ၊ ဆောက်လုပ်ရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

MOS

DSW

DDM

DOR