ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ  (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သောအရာထမ်း၊ အမှုထမ်းများအားဂုဏ်ပြုဆုချီးမြှင့်ခြင်း၊  (၂၀၂၃) ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကိုထူးချွန်စွာအောင်မြင်ခဲ့သူကျောင်းသား၊ ကျောင်းသူများအားဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ဝန်ထမ်းများ၏ သားသမီးများအားပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို (၆-၇-၂၀၂၃)ရက်နေ့၊နံနက်(၁၀:၀၀)နာရီတွင် ဝန်ကြီးဌာနစုပေါင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဌ၊ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ထူးချွန်ဆုရရှိသောမသန်စွမ်းအားကစားသမားများ၊  ဝန်ကြီးဌာနမှ တာဝန်ရှိသူများဂုဏ်ထူးရကျောင်းသား/ကျောင်းသူများ၊ ၎င်းတို့၏မိဘများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပါသည်။

          အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင်မသန်စွမ်းသူများအလုပ်အကိုင်ရရှိရေး၊ကျန်းမာကြံ့ခိုင်ရေးနှင့် အားကစားကဏ္ဍကိုလည်း မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်နှင့်ပူးပေါင်းပြီးမသန်စွမ်းအားကစားသမားများစွမ်းဆောင်ရည်မြင့်မားရေး၊ မျိုးဆက်သစ် မသန်စွမ်းအားကစားသမားများပေါ်ထွန်းလာရေးဆောင်ရွက်ပေးလျက်ရှိသလိုဝန်ကြီးဌာနရှိမြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားဝန်ထမ်းများကိုလည်းအားပေးထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ကျင်းပခဲ့သည့်(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကိုမြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများဝင်ရောက်ယှဉ်ပြိုင်ရာတွင်နိုင်ငံအလိုက် အဆင့်(၆)ရရှိခဲ့ပြီးလူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ထက်ထက်အေးက ရွှေတံဆိပ်(၂)ခုနှင့် ကြေးတံဆိပ်(၁)ခု၊ ဦးမျိုးမင်းဦး၊ လူမှုဝန်ထမ်း-၄ နှင့် မောင်ဟန်ပိုင်စိုး၊ ကျောင်းသားတို့ကအဖွဲ့လိုက်ကြေးတံဆိပ် (၁) ခု၊မောင်ကောင်းစံ၊ ကျောင်းသားကကြေးတံဆိပ် (၁)ခု၊ စုစုပေါင်းဆုတံဆိပ်(၅) ခုဆွတ်ခူးနိုင်ခဲ့ပြီးနိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တာကိုတွေ့ရှိရပါကြောင်း၊ နိုင်ငံနှင့်မိမိဝန်ကြီးဌာနဂုဏ်ကိုဆောင်နိုင်ခဲ့သည့် မသန်စွမ်းအားကစားသမားဝန်ထမ်းများအတွက်ဂုဏ်ပြုအခမ်းအနားကျင်းပခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းအားကစားသမားများအနေဖြင့်လည်းရှေ့လာမည့်ပြိုင်ပွဲများတွင် ပိုမိုကြိုးစားအားထုတ်ကြစေလိုပါကြောင်း၊၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာအောင်မြင်သူ(၁၃)ဦးအပါအဝင် စုစုပေါင်း (၃၃)ဦး၊ယခုပညာသင်နှစ်အတွက်ဝန်ကြီးဌာနတစ်ခုလုံးရှိဝန်ထမ်းသားသမီးကျောင်းသား/ကျောင်းသူများမူလတန်းအဆင့်(၆၉၆)ဦး၊ အလယ်တန်းအဆင့်(၂၃၅)ဦး၊ အထက်တန်းအဆင့်(၁၆၅)ဦးနှင့် တက္ကသိုလ်အဆင့်(၃၈၄)ဦး၊ စုစုပေါင်းကျောင်းသား/ကျောင်းသူ(၁၄၈၀)ဦးအတွက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မိမိဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များမှ ထူးချွန်သူများကိုဂုဏ်ပြုချီးမြှင့်လျက်ရှိသလိုထူးချွန်သူ၊ကြိုးစားသူများကိုလည်းမြေတောင်မြှောက်ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနဝန်ထမ်းသား/သမီး၊ကျောင်းသား/ကျောင်းသူများအနေဖြင့်လည်းထူးချွန်စွာအောင်မြင်သွားကြသည့်အစ်ကို၊အစ်မများကိုအတုယူ၍လိမ္မာ၊ထူးချွန်သည့်ကျောင်းသား/ကျောင်းသူများအဖြစ်ပိုမိုကြိုးစားအားထုတ်စေလိုပါကြောင်း၊ မိဘများအနေဖြင့်လည်းမိမိတို့ရင်သွေးသားသမီးများကိုထူးချွန်ထက်မြက်သည့်အသိပညာရှင်၊အတတ်ပညာရှင်များဖြစ်လာစေရန်သား/သမီးများ၏လက်ဦးဆရာပီသစွာဖြင့်ပြုမူ၊ပြောဆို၊နေထိုင်ပြုစုစောင့်ရှောက်ရင်းမိမိတို့ရင်သွေးများ၏အနာဂတ်အတွက်ပညာရေးကိုအားပေးချီးမြှောက်ပေးကြရန် လိုအပ်ပါကြောင်း၊ ယနေ့အခမ်းအနားသို့တက်ရောက်လာကြသည့်ထူးချွန်မသန်စွမ်းအားကစားသမားများ၊တက္ကသိုလ်ဝင်တန်းအောင်မြင်သူ၊သား၊သမီးများနှင့်ပညာသင်ထောက်ပံ့ကြေးရရှိသူကျောင်းသား/ကျောင်းသူများအနေဖြင့်လည်းစည်းကမ်းလိုက်နာပြီး၊ ထူးချွန်ထက်မြက်သူများဖြစ်အောင်၊ မိမိအကျိုး၊ အများအကျိုး၊ နိုင်ငံ့အကျိုးကိုသယ်ပိုးထမ်းဆောင်လိုစိတ်မွေးမြူပြီးရည်ရွယ်ချက်၊ ရည်မှန်းချက်ကောင်းများထားရှိပြီးကြိုးစားဆောင်ရွက်သွားစေလိုပါကြောင်း၊ တိုက်တွန်းမှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်ကဝန်ကြီးဌာနရှိထူးချွန်မသန်စွမ်းအားကစားသမားများ၊ တက္ကသိုလ်ဝင်စာမေးပွဲထူးချွန်အောင်မြင်သူဝန်ထမ်းသား/သမီးများနှင့် ယခုပညာသင်နှစ်အတွက် ဝန်ထမ်းမိသာစုစုစုပေါင်း (၁,၅၁၇)ဦးအတွက် ချီးမြှင့်ငွေနှင့် ပညာသင်ထောက်ပံ့ကြေးငွေစုစုပေါင်း( ၂၄,၂၃၅,၀၀၀ ကျပ်)ကိုထူးချွန်အားကစားသမားများ၊ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုသား/သမီးများထံထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများကိုယ်စားထူးချွန်မသန်စွမ်းအားကစားသမားလက်ထောက်ညွှန်ကြားရေးမှူးဒေါ်ထက်ထက်အေးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးပြည်ထောင်စုဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားကာအခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကလေးသူငယ်အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၃)နှင့်သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာအစည်းအဝေးများတက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှု၊ ဂရုဏာ ကမ္ဘာဘိုးဘွားရိပ်သာနှင့် အောင်ပန်းမြိုင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများသို့ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မူလတန်းကြိုကျောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနများသို့ ကြည့်ရှုစစ်ဆေးခြင်း
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းမသန်စွမ်းသူမှတ်ပုံတင်လက်မှတ်နှင့်မသန်စွမ်းထောက်ပံ့ကြေးပေးအပ်ခြင်း၊ မိုခါမုန်တိုင်းဘေးသင့်ဒေသများအတွက် နိုင်ငံတကာ၏ အလှူငွေများလှူဒါန်းခြင်းအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနက လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားနှင့် “အသက်(၆)လမှ (၃)နှစ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း”သင်တန်းဆင်းပွဲအခမ်းအနားများသို့တက်ရောက်
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း(၃၄) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ်(ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကျင်းပခြင်းနှင့် သိုလှောင်ရုံထိန်းသိမ်းရေးသင်တန်း (၂/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ရမည်းသင်းခရိုင်နှင့် မိတ္ထီလာခရိုင်အတွင်းရှိ မူလတန်းကြိုကျောင်းများ၊ ရုံးများနှင့် ဘိုးဘွားရိပ်သာတို့အား ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုလုပ်ငန်းအတွက် ရပ်ဝန်းနှင့် ပိုးလမ်းမနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာဝန်ကြီးများအဆင့်ဖိုရမ် (၂၀၂၃)သို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏တတိယရာထူးအကြီးဆုံးနှင့် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်ဖြစ်သူ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီးMr. RaoufMazouနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR