ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

   လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့တာဝန်ရှိသူများနှင့်အတူ (၁၆.၁၀.၂၀၂၁)ရက်နေ့ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကျောင်း ဟင်္သာတသို့ ရောက်ရှိကြရာ ကျောင်းအုပ်ကြီး ဦးနေမျိုးထွန်းက သင်တန်းကျောင်းမှာ (၂၂.၄) ဧက ကျယ်ဝန်းပြီး ပြည်သူလူထုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများတွင် ဆက်စပ်ပါဝင်လုပ်ဆောင်နေကြသော ဌာနဆိုင်ရာများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သက်ဆိုင်ပါဝင်သူ အားလုံး၏ သဘာဝလေးလျော့ပါးရေး ဆိုင်ရာ အယူအဆ၊ အသိပညာနှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေးအတွက် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း၊ နည်းပြသင်တန်း၊ ရပ်ရွာအခြေပြုသင်တန်း၊ ကြိုတင်သတိ ပေးစနစ် အရေးပေါ်တုံ့ပြန် ဆောင်ရွက်မှုနှင့်  ပြန်လည်ထူထောင်ရေးဆိုင်ရာ နည်းပြသင်တန်းများကို အပြန်အလှန်ဆွေးနွေးခြင်း၊ လက်တွေ့ကွင်းဆင်းလေ့လာခြင်း၊ သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့် ခြင်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ သင်တန်းကျောင်း စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၅ ခုနှစ်မှ ကိုဗစ်-၁၉ ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း သင်တန်းများ ပိတ်ထားခဲ့ရချိန်အထိ စုစုပေါင်းသင်တန်း အကြိမ်ရေ (၈၃)ကြိမ် သင်တန်းသားဦးရေ(၃၆၇၅)ဦးကို မျှဝေပေးနိုင်ခဲ့ပါကြောင်း ဖြင့်လည်းကောင်း၊ ဟင်္သာတခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှုများက ဟင်္သာတခရိုင်အတွင်း လူမှုဝန်ထမ်းလုပ်ငန်းကြီး(၇)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေနှင့် ဘေးဖြစ်ပွားမှု၊ ထောက်ပံ့ပြီးစီးမှု၊ ခရိုင်အတွင်း အများဆုံး ဖြစ်ပွားသည့် ကမ်းပြိုဘေးနှင့် လေဘေးများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်သော လူမှုအသိုက်အဝန်း တစ်ရပ်ဖြစ်လာစေရေး အသိပညာပေးလုပ်ငန်းများ သဘာဝဘေးလျော့ပါးရေးနှင့် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက နေထိုင်မှုပုံစံအသစ်ဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရေး ပြင်ဆင်လျက်ရှိရာတွင် သင်တန်းကျောင်း မှပို့ချနေသည့် သင်ခန်းစာများကို Online စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ သင်တန်းကျောင်းစတင်ဖွင့်လှစ်ခဲ့သည့် ရည်ရွယ်ချက်နှင့် လက်ရှိတိုးတက်မှု အခြေအနေ သုံးသပ်အကဲဖြတ်နို်ငရေးနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊  သင်တန်း ကျောင်းတွင် တက်ရောက်ခဲ့သည့် အစိုးရအဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပြင်ပပုဂ္ဂိုလ်များ အနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာနှင့်အချက်အလက်များ မျှဝေခြင်းလုပ်ငန်းများ ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် Community တစ်ခု တည်ထောင်ထားပါက ပိုမိုအဆင်ပြေနိုင်ပါကြောင်း၊ သင်တန်းများ ခေတ္တပိတ်ထားရသည့် အချိန်ဖြစ်သည့်အတွက် သင်တန်းနည်းပြများအတွက် သင်ယူလေ့လာရန် အချိန်များစွာရနိုင်သည့် အခွင့်အရေးတစ်ခုဖြစ်ပါကြောင်း၊ ဘေးဖြစ်ပွားမှုများနှင့်ပတ်သက်၍ ကယ်ဆယ်ရေး စည်းမျဉ်းနှင့်အညီ ထောက်ပံ့ရမည့်ကိစ္စရပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့် ပြန်လည်ပြုပြင် တည်ဆောက်ရသည့် ဘေးဖြစ်စဉ်များကိုပါ Disaster Management Information System National Data အဖြစ်အသုံးပြုနိုင်ရေး စနစ်တကျ စာရင်းပြုစု ထည့်သွင်းထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ စေတနာ့ဝန်ထမ်းများအတွက် နိုင်ငံတော်မှ ပံ့ပိုးကူညီထောက်ပံ့မှုများ ရရှိနိုင်ရေးအတွက် ပူးပေါင်းချိတ်ဆက်ဆောင်ရွက် ပေးသွားရန် ဖြစ်ပါကြောင်းမှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဟင်္သာတခရိုင်အတွင်းရှိ မသန်စွမ်းသူ (၂၀၇၁) ဦးအတွက် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ကျပ်(၆၂၁)သိန်း(၃)သောင်းကျပ်ကို သက်ဆိုင်ရာ ကိုယ်စားလှယ်များထံ ထောက်ပံ့ပေးအပ် ခဲ့ကြပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး နှင့်တာဝန်ရှိသူများနှင့်အတူ ကျုံပျော်မြို့နယ်၊ အထောင်မြို့ရှိ School Cum Shelter သို့ရောက်ရှိကြရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစတင်၍ Shelter ဆောက်လုပ်ထားရှိမှုနှင့် မူလတန်းကြိုကျောင်း အဖြစ် လက်တွေ့အသုံးချနေမှုအခြေအနေများကို တာဝန်ခံကျောင်းအုပ်က ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုအဖွဲ့ ဥက္ကဌက လိုအပ်သည်များကို ဖြည့်စွက်တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက Shelter တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ယာယီခိုလှုံရာ ဘေးဒဏ်ခံ ဆောက်အဦအဖြစ် အသုံးပြုရန်ဖြစ်သည့်အတွက် ဒေသခံပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မူလတန်းကြိုကျောင်းများကို Online စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင် လျက်ရှိရာတွင် မိဘအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ ဌာနမှ ထောက်ပံ့ထားရှိသော မိခင်ဝိုင်းများ၊ ကိုယ့်အားကိုယ်ကိုးမူကြိုများမှ  ကလေးများပါ ပါဝင်တက်ရောက်နိုင်ရေး ဆောင်ရွက်နိုင်မည်ဆိုပါက ပိုမိုထိရောက် အောင်မြင်မည် ဖြစ်ပါကြောင်း၊ အဆောက်အဦ ရေရှည်တည်တံ့ ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အထောင်မြို့ရှိ မသန်စွမ်းသူ (၉၁) ဦးအတွက် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ကျပ်(၂၇)သိန်း(၃) သောင်းကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။

         ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးလူမှုရေးဝန်ကြီး နှင့်တာဝန်ရှိသူများနှင့်အတူ ရေကြည်မြို့ရှိ မူလတန်းကြိုကျောင်းသို့ ရောက်ရှိကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူးတို့က ၁၉၇၅ ခုနှစ်ကပင် ရေကြည်မြို့ မူလတန်းကြိုကျောင်းကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည်ထောင်ဖွင့်လှစ်ထားရှိမှု အခြေအနေနှင့် ကျောင်းကော်မတီဖြင့် ကြီးကြပ်ဖွင့်လှစ်ခဲ့မှု အခြေအနေများ ဌာနပိုင်မူကြိုအဖြစ် လွှဲအပ်ပြီးစီးပါက ပိုမိုတိုးတက်ကောင်းမွန်လာနိုင်မည့် အခြေအနေများ၊ လတ်တလောတွင် Volunteer များ ကွပ်ကဲရေးနေရာအဖြစ် ဖွင့်လှစ်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရေကြည်မြို့တွင် ပထမဦးဆုံး ဌာနပိုင်မူလတန်း ကြိုကျောင်း အဖြစ် ဖွင့်လှစ်နိုင်မည်ဆိုပါက ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် လာမည့်ဘဏ္ဍာနှစ်တွင် အဆောက် အဦထည့်သွင်းလျာထားဆောက်လုပ်ပေး နိုင်ရေးနှင့် ဝန်ထမ်းအင်အား ဖြည့်တင်းခန့်ထားပေးနိုင်ရေး ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မူကြိုကျောင်းအတွင် သင်ထောက်ကူ ပစ္စည်းများ ဖြည့်တင်းပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR