ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဖိလစ်ပိုင်နိုင်ငံမှ ဦးဆောင်၍ ၂၀၂၆ခုနှစ်၊ မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ Video Conference စနစ်ဖြင့် ကျင်းပသည့် အာဆီယံမိသားစုဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာ ညီလာခံ နှင့် အလုပ်ရုံဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး(ASEAN Ministerial Meeting on Social Welfare and Development -AMMSWD)၏ ဥက္ကဋ္ဌဖြစ်သူ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းက Keynote Address ပြောကြား ခဲ့ပါသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ဦးစွာ ဖိလစ်ပိုင်နိုင်ငံ၊ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန၏  ဝန်ကြီးဖြစ်သူ H.E Rex Gatchalian (H.E ရက်စ်ဂက်ချာလီယံ) က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အစီအစဉ်အရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ စိုးဝင်းက Keynote Address ပြောကြားရာတွင် အာဆီယံ၏ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုများသည် မိသားစုဖွံ့ဖြိုးတိုးတက် ရေးအတွက် တန်ဖိုးထားမှုအခြေပြုချဉ်းကပ်မှု (Values-Based Approach)အပေါ် ခိုင်မာစွာ အခြေခံထားပါကြောင်း၊ ကျား၊ မ တန်းတူညီမျှရေးနှင့် မိသားစုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ ကြေညာချက်နှင့် လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် မိသားစု၏ အရေးပါမှု ဆိုင်ရာ ဘန်ဒါဆရီဘီဂါဝမ် ကြေညာချက်တို့သည် မိသားစုများအား ပိုမိုကူညီပေးနိုင်ရေးနှင့် ခိုင်မာအားကောင်းစွာတည်ဆောက်နိုင်ရေးတို့အတွက်  ကတိကဝတ်များဖြစ်ပါကြောင်း၊  ထို့အပြင် လူမှုဝန်ထမ်းလုပ်ငန်းများဆိုင်ရာ ဟနွိုင်းကြေညာချက်အရ အာဆီယံအနေဖြင့် မိသားစုများကို စွမ်းဆောင်ရည်မြှင့်တင်ပေးရာတွင် အဓိကကျသော လူမှုဝန်ထမ်းလုပ်ငန်းများနှင့် လူမှုဝန်ထမ်း သမားများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးလျက်ရှိပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ အဆင့်တွင် လည်း  ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များပါ ပန်းတိုင်(၁) ဆင်းရဲ နွမ်းပါးမှု ပပျောက်ရေး၊ ပန်းတိုင်(၃)ကျန်းမာရေးနှင့် သာယာဝပြောရေး၊ ပန်းတိုင်(၅) ကျား၊ မ တန်းတူညီမျှရေး၊ ပန်းတိုင်(၁၀) မညီမျှမှုများ လျှော့ချရေးနှင့် ပန်းတိုင် (၁၆) ငြိမ်းချမ်းရေး၊ တရားမျှတရေးနှင့် ခိုင်မာအားကောင်းသော လူ့အဖွဲ့အစည်းများ ဖော်ဆောင်ရေးတို့နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အာဆီယံဒေသတွင်း မိသားစုများ၏ တည်ငြိမ်ရေးနှင့် သာယာ ဝပြောရေးအတွက်  အားလုံးပါဝင်နိုင်ပြီး လိုက်လျောညီထွေရှိသော လူမှုကာကွယ်စောင့်ရှောက် ရေးစနစ်များမှတစ်ဆင့် ထိခိုက်လွယ်အုပ်စုများထံ ရောက်ရှိနိုင်မည့် မိသားစုကိုဗဟိုပြုသော မူဝါဒများနှင့် အားပေးကူညီသည့် အစီအမံများ၊   ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ဆောင်မှုများနှင့် အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများကို ပိုမိုလက်လှမ်းမီစေမည့် ပေါင်းစပ်ချဉ်းကပ်မှုနှင့် ဟန်ချက်ညီသောစနစ်များ ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသများရှိ မိသားစုများအပါအဝင် အသိပညာဖလှယ်ခြင်းနှင့် ကွန်ရက်များ တည်ဆောက်ခြင်းတို့မှတစ်ဆင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင် ပေးရန်လိုအပ် ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ Virtual စနစ်ဖြင့် မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူး၍ ဖွင့်ပွဲအခမ်းအနား အား ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပြီး အာဆီယံ မိသားစုဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံဆွေးနွေးပွဲအား ၁၄.၅.၂၀၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း အာဆီယံမိသားစု ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်ဆိုင်ရာညီလာခံနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် Keynote Address ပြောကြားခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့သွားရောက်ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် သင်တန်း ကျောင်းများနှင့် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် လူမှုဝန်ထမ်းဦးစီးဌာန၏ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသက်ကြီးစောင့်ရှောက်ရေးဂေဟာ (ထောက်ကြန့်) သို့ ကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်၊ ‌ညောင်ရွှေမြို့နယ်ရှိ အသင့်တပ်ဆင်စာသင်ကျောင်းများ ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူများအားထောက်ပံ့ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးနေပြည်တော်ကောင်စီနယ်မြေပျဉ်းမနားမြို့နယ်၊ တောင်သာအုပ်စု၊သူဌေးကုန်းကျေးရွာမီးဘေးကြောင့်ထိခိုက်ပျက်စီးနေအိမ်များအားကွင်းဆင်းထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း(တတိယအကြိမ်)အား ကြည့်ရှုအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့်ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက် မြို့နယ်၊ ဇီးကုန်းမြို့နယ်များအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
အိန္ဒိယသမ္မတနိုင်ငံအစိုးရနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR