ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးသည် တာဝန်ရှိသူများလိုက်ပါလျက်  (၂၃.၈.၂၀၂၅) ရက်နေ့၊ နံနက်ပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ရောက်ရှိရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်လဲ့လဲ့အေးက ဦးစီးဌာန၏ လုပ်ငန်းသဘောသဘာဝများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးညွှန်ကြားရေးမှူးက တိုင်းရုံး၏လုပ်ငန်းဆောင်ရွက်ချက် များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ ဗဟိုသိုလှောင်ရုံ(ရန်ကုန်)ကို လှည့်လည်ကြည့်ရှုပြီး ဘေးဒုက္ခ ခံစားသူများအား ထောက်ပံ့မည့်ပစ္စည်းများဖြစ်သဖြင့်  သိုလှောင်ရုံလက်စွဲနှင့်အညီ စနစ်တကျထိန်းသိမ်းထုတ်ပေးနိုင်ရေး အသင့်ပြင်ထားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။  ယင်းနောက် ဒုတိယဝန်ကြီးသည် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းသို့ သွားရောက်ကာ မျက်မမြင်ကျောင်းသား/သူများအား စာပေသင်ကြားနေမှု၊ မျက်မမြင်ပုံနှိပ်စာအုပ် ထုတ်လုပ်နေမှု၊ Audio Bookအတွက် အသံဖမ်းခန်းနှင့် သက်မွေးပညာသင်ခန်းများဖြစ်သည့် ကြိမ်ထိုးလုပ်ငန်း၊ အနှိပ်လုပ်ငန်းများကို လှည့်လည်ကြည့်ရှုပါသည်။ မျက်မမြင်ကျောင်းသား/သူများက ဒုတိယဝန်ကြီးအား အနောက်တိုင်းတီးဝိုင်းဖြင့် တီးခတ်သီဆိုဖျော်ဖြေခဲ့ကြပြီး ဒုတိယဝန်ကြီးက ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး မျက်မမြင်ကလေးများ လက်ခံစောင့်ရှောက်ထားသောကျောင်းဖြစ်သဖြင့် ကျန်းမာရေးဂရုပြုစေရန်နှင့် အစားအသောက်များ သန့်ရှင်းလတ်ဆတ်ရေး ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် အမျိုးသမီးကလေးများသင်တန်းကျောင်း(ရန်ကုန်)သို့ သွားရောက်ရာ ကျောင်းအုပ်မှ ကျောင်းသူများအား စောင့်ရှောက်နေမှု၊ အတန်းပညာသင်ကြားပေးမှုနှင့် သက်မွေးပညာသင်ကြားပေးမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက ကျောင်းဆောင်များကို လှည့်လည်ကြည့်ရှုကာ ကျောင်းဆောင်များအတွက် ပြုပြင်သင့်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ မရမ်းကုန်းမြို့နယ်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)သို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ကြီးဌာန၏ လုပ်ငန်းများအပေါ် ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိဏ်းနှင့် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(ရန်ကုန်)နှင့် လူကုန်ကူးခံရသူများအား ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာမှ တာဝန်ခံများက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဒုတိယဝန်ကြီးက ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်)ကို လှည့်လည်ကြည့်ရှုခဲ့ပြီး သင်တန်းသားများအားတွေ့ဆုံကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့(International Organization for Migration - IOM) ရုံးချုပ်၏ Operationsဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
အာဆီယံအရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ အစောပိုင်းပြန်လည်ထူထောင်ရေး သင်တန်းအဆင့်- ၂ (ASEAN-ERAT Level-2 Course on Early Recovery) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်ဖွင့်လှစ်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းငဝန်တာကျိုးပေါက်မှုကြောင့်ရေဝင်ရောက်ခဲ့သည့်ဧရာဝတီတိုင်းဒေသကြီးလေးမျက်နှာမြို့နယ်သို့လှည့်လည်ကြည့်ရှု၍ရေဘေးရှောင်ပြည်သူများအားသွားရောက်ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင် လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း

MOS

DSW

DDM

DOR