ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)၏လုပ်ငန်းနယ်ပယ်(၁၂)ရပ်အတွက် ရေးဆွဲထားသည့်စီမံချက်လုပ်ငန်းစဉ်(မူကြမ်း)များနှင့်ပတ်သက်သည့်အလုပ်ရုံဆွေးနွေးပွဲကိုနေပြည်တော်ရှိKumudra Ballroom, Hotel Max ၌ ကျင်းပပြုလုပ်ခဲ့ရာအလုပ်ရုံဆွေးနွေးပွဲသို့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂ )ရေးဆွဲရေးဆိုင်ရာဦးဆောင်ကော်မတီဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးဆောင်ကော်မတီအဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှဒုတိယဝန်ကြီးများ၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃ - ၂၀၃၂ )ရေးဆွဲရေးလုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကနိုင်ငံတော်အနေဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုမြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင်အမျိုးသမီးများနှင့်မိန်းကလေးငယ်များသည်အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်လျက်ရှိပါကြောင်း၊၂၀၂၂ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင်ရှိသော မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေထုတ်ပြန်စာရင်းတွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၅.၈ သန်းရှိပြီး၊ အမျိုးသားဦးရေသည် ၂၆.၇ သန်းဖြစ်ပြီး  အမျိုးသမီးဦးရေသည် ၂၉.၁ သန်းရှိပါကြောင်း၊ နိုင်ငံလူဦးရေ၏ထက်ဝက်ကျော်ဖြစ်သည့် မြန်မာအမျိုးသမီးထုကြီး၏စွမ်းဆောင်ရည်ကိုမြှင့်တင်ဆောင်ရွက်ပေးခြင်း၊အမျိုးသမီးများအပေါ်အကြမ်းဖက်မှုမှကာကွယ်ပေးခြင်းအားဖြင့် နိုင်ငံတော်အတွက်အားကိုးအားထားပြုနိုင်သည့် အင်အားစုကြီးဖြစ်လာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းက အထောက်အပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၏ဦးဆောင်မှုနှင့်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ကို ဆက်စပ်ဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုဖြင့်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊၂၃-၈-၂၀၂၃ရက်နေ့တွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ခွင့်ပြုချက်နှင့်အညီဦးဆောင်ကော်မတီကိုပြင်ဆင်တိုးချဲ့ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ(၁၂)ရပ်ကိုလည်းထပ်မံပြင်ဆင်ဖြည့်စွက်ဖွဲ့စည်းကာဦးဆောင်ကော်မတီသို့တင်ပြထားရှိပြီးဖြစ်ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ပါလုပ်ငန်းနယ်ပယ်များကိုသက်ဆိုင်ရာဝန်ကြီးဌာနများနှင့်အဖွဲ့အစည်းများကရေးဆွဲထားသည့်လုပ်ငန်းစီမံကိန်းများနှင့်ချိတ်ဆက်ကာကျား၊မရေးရာထည့်သွင်းစဉ်းစားခြင်း(Gender Mainstreaming)ဆောင်ရွက်နိုင်ရန်ဦးဆောင်ကော်မတီဝင်များ၏လမ်းညွန်မှုနှင့်အတူလုပ်ငန်းကော်မတီအားလုံးကဝိုင်းဝန်းပူးပေါင်းရေးဆွဲဆောင်ရွက်ပေးကြရန်တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)ရေးဆွဲရေးဆိုင်ရာလုပ်ငန်းအစီအစဉ်များအားရှင်းလင်းတင်ပြခဲ့ပြီးလုပ်ငန်းကော်မတီအသီးသီးကမိမိတို့သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက်တာဝန်ယူရေးဆွဲထားကြသည့်အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း(၂၀၂၃-၂၀၃၂)၏လုပ်ငန်းနယ်ပယ်(၁၂)ရပ်စီမံချက်လုပ်ငန်းစဉ်(မူကြမ်း)များနှင့် ပတ်သက်၍ အကြံပြုပြင်ဆင်ဖြည့်စွက်မှုများပြုလုပ်ကာအလုပ်ရုံဆွေးနွေးပွဲအားညနေပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR