ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်သင်တန်း Level-1 ဖွင့်ပွဲအခမ်းအနားကို (၁၄.၁၂.၂၀၂၃) ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ Hotel Max ၌ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်များနှင့်ရုံးချုပ်က တာဝန်ရှိသူများ သင်တန်းကျောင်းအသီးသီးက သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂညီလာခံသဘောတူစာချုပ်၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ ကလေးသူငယ်အခွင့်အရေးများကို ပြည့်ဝစွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များအတွက် သင်တန်းကျောင်းများဖွင့်လှစ်၍ စောင့်ရှောက်ပေးလျက်ရှိရာတွင် ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့်အရည်အချင်းများပြည့်ဝရေးသည် အရေးကြီးသဖြင့် ယခုကဲ့သို့စွမ်းဆောင်ရည်မြှင့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းကျောင်းများတွင် တာဝန်ထမ်းဆောင်သော ဝန်ထမ်းများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် သင်တန်းကျောင်းသို့ ရောက်ရှိလာသော ကလေးသူငယ်များအား မိမိကိုယ်ကိုတန်ဖိုးထားတတ်စေပြီး ရပ်ရွာအတွင်းပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးကို လူမှုဝန်ထမ်းနည်းလမ်းများဖြင့် အဓိကဖော်ဆောင်ပေးရမည်ဖြစ်ပါကြောင်း၊ စောင့်ရှောက်ပေးရသော ကလေးသူငယ်၊ လူငယ်နှင့်အမျိုးသမီးစသည့်အမျိုးအစားအလိုက် ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးတို့အတွက် နွေးထွေးလုံခြုံသောပတ်ဝန်းကျင်နှင့် နည်းစနစ်တကျ စောင့်ရှောက်ပေးခြင်းတို့သည် နောင်အနာဂတ်မြန်မာ့ လူ့ဘောင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးခြင်းဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းသမားများ၏ ကျင့်ဝတ်စည်းကမ်းနှင့်လူမှုဝန်ထမ်းဆိုင်ရာဘာသာရပ်များကို သိရှိနားလည်ခြင်းဖြင့်ရပ်ရွာ၊လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်အတွက်များစွာ အကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်တာကြောင့်သင်တန်းမှ ပို့ချပေးသည့်နည်းလမ်းများကို လက်တွေ့နယ်ပယ်မှာ ထိရောက်စွာပြန်လည်အသုံးချစေလိုပါကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်။

အဆိုပါသင်တန်းသို့ လူမှုဝန်ထမ်းဦးစီးဌာနရှိ ကလေးပြုစုရေး(၇)ခု၊လူငယ်နှင့်အမျိုးသမီးသင်တန်းကျောင်း(၁၆)ကျောင်းမှသင်တန်းသား/သူ(၄၀)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၁၄.၁၂.၂၀၂၃)ရက်နေ့မှ (၁၅.၁၂.၂၀၂၃)ရက်နေ့အထိ(၂)ရက်တာကြာမြင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။

မွန်းလွဲပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ  Ms.Noriko Takagi သည် အဆိုပါဝန်ကြီးဌာ ဧည်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏လုပ်ငန်းလည်ပတ်မှုဆိုင်ရာ လက်ထောက်မဟာမင်းကြီး၏ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အဆင်ပြေချောမွေ့စေရန် ဝန်ကြီးဌာနက စီစဉ်ပေးမှုအတွက် UNHCR က ကျေးဇူးတင်ရှိပါကြောင်းနှင့် UNHCR အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာသူများအား အကူအညီပေး‌ရေးကိစ္စရပ်များ၊ ဝန်ကြီးဌာနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာဖလှယ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR