ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ  ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေး နှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ပင်မအထောက်အကူပြုဗဟိုဌာနသို့ သွားရောက်ခဲ့ပြီး မူကြိုဆရာမများအတွက် သင်တန်းများဖွင့်လှစ်သင်ကြားပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရှေးဦးအရွယ်ကလေးသူငယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွင် ဌာနတွင်းနှင့် ပုဂ္ဂလိကမူလတန်းကြိုဆရာမများ၏ အခန်းကဏ္ဍသည် များစွာအရေးကြီးပါကြောင်း၊  သင်တန်းက ပို့ချသင်ကြားပေးသည့် ဘာသာရပ်များကို အလေးထားသင်ယူစေလိုပါကြောင်း၊ သင်ကြားပြီးသော ဘာသာရပ်များကိုလည်း လက်တွေ့နယ်ပယ်တွင် စနစ်တကျပြန်လည်အသုံးချခြင်းဖြင့် ကလေးသူငယ်ဖွံ့ဖြိုးရေးအတွက် ထိရောက်အောင်မြင်မှုများရရှိမည်ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး သင်တန်းမှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းသို့ သွားရောက်၍ လက်ခံစောင့်ရှောက်ထားသော ကျောင်းသားများအတွက်  သင်ကြားလေ့ကျင့်ပေးမှု အခြေအနေများ၊ ကျွေးမွေးမှု၊ သင်တန်းခန်းမနှင့် အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားလူငယ်များအနေဖြင့် အနာဂတ်၏ နိုင်ငံ့သားကောင်းများဖြစ်ပါသဖြင့်  မိမိကိုယ်ကိုတန်ဖိုးထားပြီး ရေရှည်ဘဝရပ်တည်ရေးအတွက် မျှော်မှန်း၍ သင်တန်းကျောင်းတွင် နေထိုင်စဉ်ကာလအတွင်းပညာကိုကြိုးပမ်းသင်ကြားသွားရမည်ဖြစ်ကြောင်း၊ ပြုစုစောင့်ရှောက်သူများအနေဖြင့်လည်း ပညာတော်၍စည်းကမ်းပြည့်ဝသော လူတော်လူကောင်းများဖြစ်လာစေရေးအတွက် စနစ်တကျသင်ကြားပေးရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေနှင့် နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများအပြင် သင်တန်းကျောင်းဆိုင်ရာ အနိမ့်ဆုံးရှိရမည့် စံချိန်စံညွှန်းများနှင့် ညီညွတ်မှုရှိစေရေး၊ သင်တန်းကျောင်းဆိုင်ရာလက်စွဲများနှင့်အညီ သင်ကြားလေ့ကျင့်ပေးနိုင်ရေးတို့ကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားခဲ့ပြီးဝန်ထမ်းများ၊ ကျောင်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည့် မသန်စွမ်းသက်ငယ်သင်တန်းကျောင်းသို့သွားရောက်ခဲ့ပြီး သင်တန်းကျောင်းတွင် လက်ခံစောင့်ရှောက်ထားသော ကလေးများအား နေ့စဉ်လုပ်ငန်းဆောင်တာများ(Activities of Daily Living-ADL)ကိုကိုယ်တိုင်လုပ်ဆောင်တတ်စေရန်နှင့်လူမှုပတ်ဝန်းကျင်အတွင်းလိုက်လျောညီထွေနေထိုင်တတ်စေရန်သင်ကြား‌‌ပေးနေမှုများ၊ ကလေးငယ်များမူလတန်းပညာသင်ကြားပေးခြင်း၊ စာပေသင်ကြားနိုင်စွမ်းမရှိသည့်ကလေးငယ်များကိုအထူးပညာရေး(Special Education)တွင် ပါဝင်သောအရေး၊အဖတ်၊အတွက်ပညာများသင်ကြားပေးခြင်းနှင့် အကြိုသက်မွေးပညာရပ်များသင်ကြား‌ပေးခြင်းများကို ကြည်ရှု့စစ်ဆေးခဲ့ပါသည်။မသန်စွမ်းသက်ငယ်သင်တန်းကျောင်းတွင် အသက်(၆)နှစ်မှ (၁၈)နှစ်အတွင်းရှိဉာဏ်ရည်နှင့် ကိုယ်အင်္ဂါမသန်စွမ်းသည့် ကလေး (၂၀၀) ဦးအားနေ့တက်ကျောင်းအဖြစ် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

ဆက်လက်၍ မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာသို့သွားရောက်၍ လက်ခံပြုစုစောင့်ရှောက်ထားသောကလေးများအားတစ်နေ့တာလုပ်ငန်းဆောင်ရွက်မှုများအားကိုယ်တိုင်ဆောင်ရွက်တတ်စေရန်နှင့် အခြေခံအရေးအဖတ်နှင့် အကြိုသက်မွေးပညာများအားလေ့ကျင့်သင်ကြားပေးခြင်း၊ ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများနှင့် အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးအတွက် ကိုယ်ကာယပြန်လည်သန်စွမ်းစေရေးလေ့ကျင့်ပေးခြင်းများကိုဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုခဲ့ပြီးကလေးများအားရင်းရင်းနှီးနှီး အားပေးစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကကလေးများ၏ တကိုယ်ရည်သန့်ရှင်းရေးနှင့် အိပ်ဆောင်၊ စားဆောင်များ၏သန့်ရှင်းရေးကိုအမြဲဂရုပြုဆောင်ရွက်ပေးကြရန်နှင့် ကလေးများ၏ မသန်စွမ်းမှုအမျိုးအစားအလိုက် လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်နှင့်ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုများကိုအစဉ်တစိုက်ကြည့်ရှုစောင့်ရှောက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ မသန်စွမ်းကလေးများပြုစုစောင့်ရှောက်ရေးဂေဟာတွင် မိဘမဲ့နှင့် ခိုကိုးရာမဲ့မသန်စွမ်းကလေး (၁၁၆) ဦးကိုလက်ခံပြုစုစောင့်ရှောက်ထားပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR