ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

         “ဘဏ္ဍာငွေရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ” ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်း‌အဝေးခန်းမ၌ Onlineဖြင့်ကျင်းပရာ ဏ္ဍာငွေ ရှာဖွေရေးနှင့်ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဒုတိယ ဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေး အတွက် ဘဏ္ဍာငွေများကိုစီမံခန့်ခွဲရာ၌ အမျိုးသားကော်မတီ၏မူဝါဒ၊ လမ်းညွှန်ချက်၊ သက်ဆိုင်ရာ ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေးနှင့် စနစ်တကျရှိစေရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ အကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဘဏ္ဍာငွေရှာဖွေရေးနဲ့ ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်း ကော်မတီကို (၂၂--၂၀၂၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကို ၂၀၁၃ ခုနှစ်တွင် ပြဌာန်းခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ၊ အခန်း(၇)၊ ပုဒ်မ (၁၉)ပါ ပြဌာန်းချက်နှင့်အညီ ထူထောင်ခဲ့ပါကြောင်း၊ ရန်ပုံငွေသုံးစွဲမှုနှင့် စပ်လျဉ်း၍ဥပဒေနှင့် အညီဖြစ်စေရေးအတွက် ဘဏ္ဍာရေးစည်းမျဉ်းကို (၂၀၁၅)ခုနှစ်၌ ရေးဆွဲခဲ့ပါ ကြောင်း၊ ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးစည်းမျဉ်းကို လက်တွေ့ကျင့်သုံးဆောင်ရွက်ရာ၌ တွေ့ကြုံရသည့် လိုအပ်ချက်များ၊ အားနည်းချက်များကို ပြင်ဆင်ဖြည့်စွက်ပြီး ၂၀၁၇ ခုနှစ်တွင်  ပြင်ဆင်ရေး ဆွဲခဲ့ပါကြောင်း၊ ယခုလက်ရှိအချိန်ထိ အဆိုပါ ဘဏ္ဍာရေးစည်းမျဉ်းနဲ့အညီ ကျင့်သုံးဆောင်ရွက် လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ၏ ရရှိ/သုံးစွဲ/ လက်ကျန်အခြေအနေများ၊ ရန်ပုံငွေသုံးစွဲမှုနှင့် စပ်လျဉ်း၍ စာရင်းစစ်ဆေးအကြံပြုချက်များ၊  တိုင်းဒေသကြီး/ပြည်နယ်များ၌ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး လုပ်ငန်းကော်မတီအဖွဲ့ ဖွဲ့စည်းထားရှိမှုအခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့်ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး ကော်မတီဒုတိယဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဆွေးနွေးရာတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ၂၀၁၃ ခုနှစ်အရ  ၂၀၁၅ ခုနှစ်တွင် စတင် ထူထောင်ခဲ့ပါကြောင်း၊ ဥပဒေပြဌာန်းချက်နှင့်အညီဖြစ်စေရေးအတွက် ဘဏ္ဍာရေး စည်းမျဉ်းကို (၂၀၁၅)ခုနှစ်တွင် ရေးဆွဲခဲ့ပါကြောင်း၊ ဘဏ္ဍာရေးစည်းမျဉ်းကို ရေးဆွဲဆောင်ရွက်ရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှလည်း ဝိုင်းဝန်းအကြံပြုပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ရန်ပုံငွေစာရင်းများပြုစုရာတွင် (၁−၂−၂၀၂၁)နေ့မှစပြီး ရရှိ/ သုံးစွဲ/ လက်ကျန်စာရင်း အပိုင်းခွဲခြား ပြုစုရန်လိုအပ်ပါကြောင်း၊  ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကိုလည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။

          ထို့နောက် ကော်မတီအတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်က ဘဏ္ဍာငွေရှာဖွေရေး နှင့်ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေ၏ ရရှိ/သုံးစွဲ/ လက်ကျန်အခြေအနေများ၊ ရန်ပုံငွေသုံးစွဲမှုနှင့် စပ်လျဉ်း၍ စာရင်းစစ်ဆေးအကြံပြုချက်များ၊  တိုင်းဒေသကြီး/ပြည်နယ်များ၌ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ အဖွဲ့ဖွဲ့စည်းထားရှိမှု အခြေအနေများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး  တင်ပြမှုများအပေါ် ကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးကာ  ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုတ်သိမ်းခဲ့ပါသည်။

          ဆက်လက်၍ မွန်းလွဲပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို အစည်းအဝေးကို Online Platform ဖြင့် ပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများမှ လုပ်ငန်း ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးကြပါသည်။

          အစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကအမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက် လျင်မြန်စွာ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုလုပ်ငန်းကော်မတီအနေဖြင့် အမျိုးသားကော်မတီ၏မူဝါဒ၊ လမ်းညွှန်ချက်များကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များ၌ ဦးစီးဦးဆောင်ပြုဆောင်ရွက်ခြင်း၊ ပေါင်းစပ်ညှိနှိုင်း၊ ပံ့ပိုးကူညီခြင်းများကို အဓိကထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဌမှ ဥပဒေ၊ နည်းဥပဒေများ၊ တည်မြဲအမိန့်၊ စီမံချက်များကို လေ့လာအသုံးချရန်၊ ဇာတ်တိုက် လေ့ကျင့်မှုများဆောင်ရွက်ရန်၊ အသိပညာပေးမှုများဆောင်ရွက်ရန်၊ သဘာဝဘေး တုံ့ပြန်ရေးလုပ်ငန်းများ၌ အားလုံးဝိုင်းဝန်းပူးပေါင်းကာ စုပေါင်းအားဖြင့် ဆောင်ရွက်ကြရန်လမ်းညွှန် ထားရှိကြောင်း၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များအနေဖြင့် သဘာဝဘေးဆိုင်ရာ စာအုပ်စာတမ်း များကို စုစုည်းလေ့လာ၊ ကိုးကားပြီး ဒေသနှင့်လိုက်လျောညီထွေဖြစ်သည့် စီမံချက်များ၊ သဘာဝ ဘေးတစ်မျိုးချင်းစီအတွက် တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်များ ရေးဆွဲထားရန်လိုကြောင်း၊ စီမံချက်ပါလုပ်ငန်းစဉ်များအတိုင်း အချိတ်အဆက်မိမိ၊ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် Tabletop Exercise များ ဆောင်ရွက်ခြင်းနှင့် ပြည်သူများပူးပေါင်းပါဝင်သည့် မြေပြင်ဇာတ်တိုက် လေ့ကျင့်မှုများကို COVID-19 ရောဂါထိန်းချုပ်နိုင်သည့် အချိန်တွင်  ဆောင်ရွက်နိုင်ရေး အဆင်သင့်ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ ယခုလုပ်ငန်းကော်မတီက ဦးဆောင်ပြီး နိုင်ငံတော်အဆင့် Tabletop Exercise တစ်ခုကို တပ်မတော်၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများ၊ အခြား အဖွဲ့ အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ရန်လျာထားပါကြောင်း၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများတွင် အရပ်ဘက်-စစ်ဘက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရေး ယခင်ကပင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းသဘောတူထားသည့်သဘာဝဘေးအရေးပေါ် တုံ့ပြန်မှုအတွက် အရပ်ဘက်-စစ်ဘက် ပေါင်းစပ်ညှိနှိုင်းရေးဆိုင်ရာ လုပ်ငန်းအဖွဲ့စတင် အသက်ဝင်ရေး ဆောင်ရွက်သွားရန်နှင့် Standard Operation Procedures on Civil-Military Coordination in Disaster Management” ပြုစုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များရှိ Quarantine Center များ၌ COVID-19 ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရေးအတွက် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် စောင်၊ ခြင်ထောင်၊ မြက်ဖျာ၊ တာပေါ်လင်စများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြို့နယ်အသီးသီးရှိ စေတနာ့ဝန်ထမ်း Volunteer အဖွဲ့အစည်းများ၏ Ambulance စသည့်ဝန်ဆောင်မှုများသည် COVID-19 ရောဂါ အတည်ပြုလူနာများနှင့် သံသယလူနာများအတွက် များစွာအကူအညီရသည့်အတွက် ၎င်းတို့နှင့် ကွန်ယက်သဖွယ် ချိတ်ဆက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားရန်နှင့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်သွားရန်တိုက်တွန်းလိုပါကြောင်း၊ ထိုကဲ့သို့ပူးပေါင်းဆောင်ရွက်ရာတွင် စေတနာ့ဝန်ထမ်း Volunteer အဖွဲ့အစည်းများအတွက် လိုအပ်သည့် စက်သုံးဆီ၊ စားစရိတ်နှင့် ကျန်းမာရေးဆိုင်ရာလိုအပ်သောနည်းစနစ်နှင့် အထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးနိုင်ရေး ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

          ဆက်လက်၍ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် အရှေ့တောင်အာရှတွင် သဘာဝဘေးဖြစ်ပွားမှုများသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေဖြင့် ဘေးဖြစ်ပွားပါက ထိခိုက်ဆုံးရှုံးမှုများနိုင်ကြောင်း၊ ကမ္ဘာ့အပူချိန် မြင့်မားလာသည်နှင့်အမျှ ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ် များပိုမိုဖြစ်ပွား လာနေကြောင်း၊ သစ်တောများ ပြုန်းတီးမှုမရှိစေရေး၊ သစ်တောသစ်ပင်များ ရှင်သန်ဖြစ်ထွန်း စေရေး၊ ဒီရေတောများ စိုက်ပျိုးခြင်းတို့ကို အလေးထားကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေးစီမံချက်များတွင် ထည့်သွင်းရေဆွဲရန်လိုကြောင်း၊ Shelter များတည်ဆောက်ရာ တွင် အရည်အသွေးပြည့်မီရေး အလေးထားကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်များစီမံအုပ်ချုပ်ရေးကောင်စီ သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် စီမံချက်များ ရေးဆွဲရန်၊ စီမံချက်များတွင် COVID-19  နှင့်ပတ်သက်၍လည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်၊ စီမံချက်များသည် ရှင်းလင်းပြတ်သားပြီး  ပြည်သူများအပါအဝင် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ရန်လိုကြောင်း ဆွေးနွေးပါသည်။

          ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီဖွဲ့စည်းမှု၊ လုပ်ငန်းတာဝန်များနှင့် အမျိုးသားကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပါသည်။

          ထို့နောက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်သည့် နေပြည်တော်ကောင်စီနှင့် တိုင်း ဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်(၁)များ၊ ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက တိုင်းဒေသကြီး/ပြည်နယ်အလိုက်၊ ဝန်ကြီးဌာနအလိုက် သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးတို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ စီမံချက်များရေးဆွဲဆောင်ရွက်မှု၊ ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်မှု၊ လတ်တလောတွင် COVID-19 နှင့်ပတ်သက်၍ ဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြရာ လုပ်ငန်းကော်မတီ ဥက္ကဌနှင့် ဒုတိယဥက္ကဌတို့မှ လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR