ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ရုံးသုံးစက်ကိရိယာနှင့်အခြားရုံးသုံးစက်ကိရိယာပစ္စည်းများ တင်ဒါဖွင့်ဖောက်ခြင်း အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် တက်ရောက်အမှာစကားပြောကြား

၂၂--၂၀၂၁၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ရုံးသုံးစက်ကိရိယာနှင့် အခြား ရုံးသုံးစက်ကိရိယာပစ္စည်းများ တင်ဒါခေါ်ယူခြင်းအခမ်းအနားကို (၂၂--၂၀၂၁)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ စုပေါင်းခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ တင်ဒါကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

အမှာစကားပြောကြားရာတွင် ယနေ့တင်ဒါအခမ်းအနားသို့ တက်ရောက်လာကြသော ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ တင်ဒါတင်သွင်းသည့် လုပ်ငန်းရှင်များ၊ တင်ဒါကော်မတီ အသီးသီးမှ တာဝန်ရှိသူများကို နှုတ်ခွန်းဆက်ပါကြောင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဖြင့် ဝယ်ယူမည့် ရုံးသုံး စက်ကိရိယာနှင့် အခြားရုံးသုံးစက်ကိရိယာပစ္စည်းများ တင်ဒါခေါ်ယူဖွင့်ဖောက်ခြင်းကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ်(/၂၀၁၇)အရ သတ်မှတ်သော လုပ်ထုံး လုပ်နည်းများအတိုင်း ကြမ်းခင်းဈေးတွက်ချက်ရေးကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေး ကော်မတီ၊ အရည်အသွေးစစ်ဆေးရေးနှင့် လက်ခံရေးကော်မတီများ ဖွဲ့စည်းပြီး ကော်မတီ များ၏ရှေ့တွင် တင်ဒါများကို စနစ်တကျ ဖွင့်ဖောက်သွားမည်ဖြစ်ကြောင်း တင်ဒါတင်သွင်းသူ များဘက်မှလည်း အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာဖြင့် ယှဉ်ပြိုင်ကြစေလိုပါကြောင်း တင်ဒါတင်သွင်းသူများအနေဖြင့် မိမိတို့လုပ်ငန်းအပေါ် သင့်လျော်သော အမြတ်အခွန်ရယူရန် ဖြစ်သကဲ့သို့ သတ်မှတ်ကာလအတွင်း ပစ္စည်းပေးသွင်းနိုင်ရေးနှင့် ပစ္စည်းအရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးတို့ကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ကိုက်ညီအောင် တင်သွင်းဖို့ လိုအပ်ပါကြောင်း၊ ဈေးနှုန်းအတက်အကျကို ချင့်ချိန်ဆောင်ရွက်ကြပါရန်နှင့် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေကို အကျိုးရှိ ထိရောက်သော ပစ္စည်းဝယ်ယူမှုဖြစ်စေရေး အားလုံးဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါကြောင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်အပ်ပါတယ်။

တင်ဒါခေါ်ယူဆောင်ရွက်ရာတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဘက်လိုက် ရွေးချယ်မှုမပြုဘဲ သက်ဆိုင်ရာကော်မတီများအလိုက် အဆင့်ဆင့် စိစစ်ပြီး သတ်မှတ်ထား သော စံချိန်စံညွှန်းနှင့်ကိုက်ညီသူများကိုသာ ဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ(EC) အစည်းအဝေးမှာ အတည်ပြုဆုံးဖြတ်ပြီး တင်ဒါအောင်မြင်သည့် လုပ်ငန်းရှင် များကို အချိန်မီ အကြောင်းပြန်ကြားဝယ်ယူသွားမည်ဖြစ်ပါကြောင်းကို ပြောကြားပါသည်။ ထို့နောက် တင်ဒါ ကော်မတီဝင်များအား မိတ်ဆက်ပေးပြီး တင်ဒါပုံး စတင်ဖွင့်ဖောက်ခြင်းနှင့် သက်ဆိုင်ရာ ကုမ္ပဏီများမှ Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ တင်ဒါကော်မတီဝင်များမှ သိရှိလိုသည် များကို ဆွေးနွေးခဲ့ပြီး တင်ဒါဖွင့်ဖောက်ခြင်းအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ ပါသည်။

           

 

 

နောက်ဆုံးရသတင်းများ

မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၄) ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းတို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဆွစ်ဇာလန်နိုင်ငံ၊ဂျီနီဗာမြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ကြေးများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်သည့်လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေးကျင်းပသည့် သတင်းစဉ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ NSPAW/ AGMSF/ WPS အသိပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်တို့ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနား၊ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားများသို့ တက်ရောက်
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် (၈)ကြိမ်မြောက် အာဆီယံ+၃လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးများကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး၊နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့မှု

MOS

DSW

DDM

DOR