ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းအစည်းအဝေးခန်းမ၌ လူကိုယ်တိုင် တက်ရောက်၍လည်းကောင်း၊ Onlineမှ တက်ရောက်၍လည်းကောင်း ပုံစံ(၂)မျိုးဖြင့် ပေါင်းစပ်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ သက်ကြီးရွယ်အို များဆိုင်ရာကော်မတီသည်  ၂၀၁၆ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ အရ  သက်ကြီးရွယ်အိုဆိုင်ရာ အရေးကိစ္စနှင့်  ပတ်သက်၍ ဖွဲ့စည်းထားသည့် ကော်မတီ ဖြစ်ပါ ကြောင်း၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများကို ကာကွယ်ရေးနှင့် သက်ကြီးရွယ်အိုများအား ကြည့်ရှုစောင့်ရှောက်ရေးအတွက်  မူဝါဒများနှင့် လမ်းညွှန်ချက်များကို  ချမှတ် အကောင်အထည် ဖော်နိုင်ရန် ရည်ရွယ်၍ ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ကော်မတီကို   (၃၁.၈.၂၀၁၇) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၉/၂၀၁၇)ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ (၂၁.၃.၂၀၂၁) ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် (၆၄ /၂၀၂၁)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီသည် ဥပဒေက အပ်နှင်းပေးအပ်ထားသည့်  တာဝန်နှင့် ဝတ္တရားများအတိုင်း သက်ကြီးရွယ်အိုများ၏ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးများအား ဖော်ဆောင်ပေးနိုင်‌ရေးတို့အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ဦးဆောင်မှုပေးသွားရမှာ ဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ အခန်း()၊ ဥပဒေပုဒ်မ (၂၅)တွင် ဖော်ပြထား ချက်အရ သက်ကြီးရွယ်အိုများ ဝင်ငွေပုံမှန်ရရှိရေးအတွက် ရည်ရွယ်၍ လူမှုရေးပင်စင်ထောက်ပံ့ မှုအစီအစဉ်အနေဖြင့်  ၂၀၁၇-၂၀၁၈ခု၊ ဘဏ္ဍာရေးနှစ်မှစတင်ပြီး တစ်လတွင် တစ်ဦးလျှင် ကျပ် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့လျက်ရှိပါကြောင်း၊ လက်ရှိလူမှုရေးပင်စင် အကျိုးခံစားခွင့်ရရှိသည့် သက်ကြီးရွယ်အို (၂၄၈,၉၁၁) ဦးရှိပါကြောင်း၊ လက်ရှိအခြေအနေများ ကြောင့် လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ အဘိုး၊ အဘွားများလက်ဝယ် ထောက်ပံ့ကြေး ရောက်ရှိရေး ဆောင်ရွက်ရာတွင် အခက်အခဲအချို့ရှိသော်လည်း အဘိုး၊ အဘွားများ၏ ကျိုး စီးပွားအတွက် ဝိုင်းဝန်းညှိနှိုင်းဆွေးနွေး၍ ဆက်လက်ဆောင်ရွက် ပေးသွားရမည် ဖြစ်ပါကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့မှုအပြင် COVID -19 ဒုတိယလှိုင်းကာလတွင်   ထပ်ဆောင်း ထောက်ပံ့ ခြင်းအနေဖြင့် သက်ကြီးရွယ်အို (၂၀၀,၃၀၁)ဦးကိုလည်းကောင်း၊ CERP အစီအစဉ်ဖြင့် အသက် (၈၀-၈၄)နှစ်နှင့်အထက် ဘိုးဘွား (၂၉၃,၄၅၇) ဦးကိုလည်းကောင်း၊ လူမှုရေးပင်စင် အကျိုး ခံစား ခွင့်ရရှိသည့် အသက် (၁၀၀) နှစ်နှင့်အထက် သက်ကြီးရွယ်အို (၅,၀၄၈)ဦးကိုလည်းကောင်း၊  ဘိုးဘွားရိပ်သာများရှိ ဘိုးဘွား (၁,၃၀၈)ဦးကို တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ ခြင်းတို့ကိုလည်းကောင်း  ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခုလက်ရှိတွင်လည်း COVID-19 တတိယ လှိုင်းစတင်ဝင်ရောက်လာပြီဖြစ်သည့်အတွက် သက်ကြီးရွယ်အိုများအတွက် အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားဖို့ လိုအပ်မည်ဖြစ်ပါကြောင်း၊ နည်းဥပဒေ ထုတ်ပြန်ပြီးပါက သက်ကြီးရွယ်အို သက်သေခံကတ်ပြားကို ထုတ်ပေးနိုင်ရေး ‌ဆောင်ရွက်သွား ရန်ရှိပါကြောင်း၊ အရေးပေါ်ကာလအခြေအနေတွင် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေး စောင့်ရှောက်မှု၊ သက်ကြီးရွယ်အိုများ လူမှုပတ်ဝန်းကျင်အတွင်း ဂုဏ်သိဏ္ခာရှိစွာ ရပ်တည်နိုင် ရေးအတွက် အစည်းအဝေး  တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကော်မတီဝင် ဒုတိယ ဥက္ကဌလူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က သက်ကြီးရွယ်အိုဥပဒေပါ သက်ကြီးရွယ်အို အခွင့်အရေးများအား ထိရောက်စွာအကောင်အထည်ဖော်နိုင်ရေး၊ ရပ်ရွာ အတွင်းအိမ်အခြေပြု သက်ကြီးရွယ်အိုများအားပြုစုစောင့်ရှောက်ရေးကဏ္ဍများကို လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက သက်ကြီးရွယ်အိုကဏ္ဍနှင့်ပတ်သက်ပြီး ဘဝတစ်သက် တာ သင်ခန်းစာများတွင်ပါဝင်မှုအခြေအနေ၊ သက်ကြီးရွယ်အိုအခွင့်အရေးများဆိုင်ရာ နည်းဥပ ဒေတွင် ပြင်ဆင်ရန်လိုအပ်ချက်များကို ဆွေးနွေးသွားပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လက်ရှိဆောင်ရွက် လျက်ရှိသော သက်ကြီးရွယ်အိုများဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဘာသာရပ်ဆိုင်ရာ ညွှန်ကြားရေးမှူးက သက်ကြီးရွယ်အိုများ နည်းဥပဒေ (မူကြမ်း) ရေးဆွဲပြီးစီးမှုနှင့် ပတ်သက်၍လည်းကောင်း တင်ပြဆွေးနွေးခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ ဒုတိယဥက္ကဋ္ဌလူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနကြီးမှူး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိူသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ သဘာပတိ၊ မြန်မာနိုင်ငံယုဝတီ ခရစ်ယာန်အသင်းတို့ အပါအဝင်  မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပသည့် ပဉ္စမအကြိမ်မြောက်အာဆီယံအမျိုးသမီးရေးရာဝန်ကြီးအဆင့်အစည်းအဝေးသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်း တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ Ms. Noriko Takagiအားလက်ခံတွေ့ဆုံ
ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများလွှဲပြောင်းပေးအပ်ပွဲကျင်းပ
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှု့စစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajidအားလက်ခံတွေ့ဆုံ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သောရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသောဒေသများအတွက် ရုရှား-မြန်မာစီးပွားရေးကောင်စီ(Russian-Myanmar Business Council-RMBC) မှ အမေရိကန်ဒေါ်လာ(၅,၀၀၀)လှူဒါန်းခြင်း

MOS

DSW

DDM

DOR