ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန် ထမ်းဦးစီးဌာနက ဦးဆောင်၍ ဆက်စပ်ဌာနဆိုင်ရာများ/အဖွဲ့အစည်းများနှင့် ရေးဆွဲထားရှိသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ဥပဒေ(မူကြမ်း)အား အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်များ အပေါ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀:၀၀)နာရီတွင် Online ဖြင့်ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးဒုတိယဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန်နှင့် ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ  တာဝန် ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန အနေနဲ့ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများကို နိုင်ငံကိုယ်စားတာဝန်ယူ၍ အကောင်အထည်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများကို အမျိုးသမီးများအားနည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက် ရေးဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း၊ ဘေဂျင်းကြေညာစာတမ်းနဲ့ ဘေဂျင်း လုပ်ငန်းစီမံချက်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်(SDG Goal)များပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ခြင်းဖြင့် လည်းကောင်း၊ ဒေသအဆင့်မှာ အာဆီယံအမျိုးသမီး ကော်မတီ(ACW)မှာ ပါဝင်ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း  ထိရောက်စွာ အကောင် အထည် ဖော်လျက်ရှိပါကြောင်း၊ကျား၊ မ ရေးရာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအဖြစ် ဖော်ဆောင်ရာတွင် အမျိုးသမီးအခွင့်အရေးမြှင့်တင်ဆောင်ရွက်သည့် လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်ရန်အတွက်  အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာ စီမံကိန်း (National Strategic Plan for the Advancement of Women-NSPAW) (၂၀၁၃-၂၀၂၂)ကို ၂၀၁၃ခုနှစ်မှာ အတည်ပြုချမှတ်ခဲ့ပါကြောင်း၊ အဆိုပါ စီမံကိန်း အား CEDAW၊ ဘေဂျင်း ကြေညာစာတမ်းနဲ့ ဘေဂျင်းလုပ်ငန်း စီမံချက်တို့ကို အခြေခံ၍ လုပ်ငန်းဧရိယာ(၁၂)ရပ် ချမှတ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါကြောင်း၊ဒီလုပ်ငန်းရပ် များကို အရှိန်အဟုန်မြှင့် အကောင် အထည်ဖော်ဆောင်ဖို့ အတွက် အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုတားဆီး ကာကွယ်ရေး ဆိုင်ရာနည်းပညာ လုပ်ငန်းအဖွဲ့၊ အမျိုးသမီးများအား နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများတွင် ပါဝင်ဆောင် ရွက်ခြင်းဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့၊ ကဏ္ဍစုံတွင် ကျား၊ မ ရေးရာအား ထည့်သွင်း ဆောင်ရွက်ခြင်းဆိုင်ရာ နည်းပညာ လုပ်ငန်း အဖွဲ့နဲ့ အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နည်းပညာ လုပ်ငန်းအဖွဲ့ဆိုတဲ့ နည်းပညာလုပ်ငန်းအဖွဲ့(၄)ဖွဲ့ကိုဖွဲ့စည်းထားရှိပြီးသက်ဆိုင်ရာလုပ်ငန်းအဖွဲ့အလိုက် လုပ်ငန်း အစီအစဉ်(Work Plan) များကိုလည်း နှစ်အလိုက်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်းကျား၊မရေးရာ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း၊ အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူ ဟာ စီမံကိန်း(၂၀၁၃-၂၀၂၂)၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း ဆိုင်ရာအသိပညာ ပေးမှု များ၊ အကြမ်းဖက်ခံရသူများ ဥပဒေဖြင့်အကာအကွယ်ရရှိရေး ဆောင် ရွက်ရမည့် လုပ်ငန်းစဉ် များအား ပြည်သူလူထု အတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိ ပညာပေးမှုများကို သက်ဆိုင်ရာ အစိုးရ ဌာန/ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊CEDAW ကွန်ဗင်းရှင်းအပိုဒ် ၂ အရ အမျိုးသမီးများအား ခွဲခြားမှုဖြစ်စေမည့် တည်ဆဲ ဥပဒေများ၊ စည်းမျဉ်းဥပဒေများ၊ ဓလေ့ထုံးစံများနှင့် အမူအကျင့် များကို ပြောင်းလဲ ရေး အတွက် ဥပဒေပြုရေးအပါအဝင် သင့်လျော်သည့် နည်းလမ်းများနဲ့ ဆောင်ရွက်သွားရန် တာဝန်ရှိသည်နှင့်အညီ အမျိုးသမီး များကို အကြမ်းဖက်မှု မှ တားဆီး ကာကွယ်ရေးအတွက် ဥပဒေများ အတိအကျပြဌာန်း ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်းကျား၊ မ တန်းတူညီမျှရေးနှင့် စွမ်းပကားတိုးမြှင့်ရန်အတွက် အကြမ်းဖက်မှုများကို လည်း လျော့ချဖို့ လိုအပ်သလို အကြမ်းဖက်ခံရသည့် အမျိုးသမီး များအပေါ် ဥပဒေကြောင်းအရ ကာကွယ် စောင့်ရှောက် ပေးဖို့လည်း မဖြစ်မနေ လိုအပ်လျက်ရှိပါကြောင်းခေတ်ကာလ တိုးတက် ပြောင်းလဲမှုနှင့် အညီ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများမှာလည်း ယခင် အခြေအနေ များနှင့် မတူညီဘဲ အသစ်အဆန်းများ ကြုံတွေ့နေရသဖြင့် ယင်းတို့ အားဥပဒေဖြင့် အကာ အကွယ်ပေးရာတွင် လက်ရှိ ပြဌာန်း ပြီးဖြစ်သည့် ဥပဒေများနှင့် လုံလောက်သည့် အကာအကွယ်များမပေးနိုင်၍ အကြမ်းဖက်ခံရသော အမျိုးသမီးများအားထိရောက်စွာ အကာအကွယ်ပေးနိုင်မည့် သီးသန့် ဥပဒေ တစ်ခုလိုအပ်ပါကြောင်း ဒါကြောင့် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု ဥပဒေပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးက ပြောကြားရာတွင် ယခုဥပဒေဖြစ်ပေါ်လာရခြင်းမှာ အမျိုးသမီးများနှင့်ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး ဆန်းစစ် မှုများ ပြုလုပ်ရာမှာ အမျိုးသမီးငယ်ရွယ်တွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြုလုပ်တဲ့ ဖြစ်ရပ်တွေ ရာခိုင်နှုန်း များလာတာတွေ့ရှိရပြီး အဓမ္မပြုကျင့်ရာတွင် လူသားမဆန်တဲ့ပုံစံတွေ တွေ့ရှိလာပါကြောင်း၊ အဆိုပါ အမှုအခင်းများနှင့်ပတ်သက်၍ ရာဇသတ်ကြီးရှိထား သော် လည်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှု များအတွက် လုံလောက်သည့် အကာ အကွယ် ပေးနိုင်ရေးအတွက် ရည်ရွယ်၍ ဤဥပဒေအား ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒီဥပဒေ ထွက် ရှိလာပါကမိသားစုအတွင်း၊ရပ်ရွာအဖွဲ့အစည်းအတွင်းသာယာဝပြောသည့် လူမှု အဖွဲ့အစည်း ဖြစ်လာမှာဖြစ်သည့်အတွက် အဆိုပါဥပဒေအား မဖြစ်မနေပြဌာန်းဘို့ လိုအပ်ပါကြောင်း၊ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုဥပဒေ (မူကြမ်း)တွင် အမျိုးသမီးများ အပေါ် အကြမ်း ဖက်မှု ဆိုသည်မှာ “ အမျိုးသမီးဖြစ်ခြင်းအပေါ် အခြေခံ၍ခွဲခြားဆက်ဆံပြီး ခြိမ်းခြောက်၍ သော်၎င်း၊ ရာဇဝတ်မကင်းသော အနိုင်အထက်ပြုမှုဖြင့်သော်၎င်း၊ ထိခိုက် နစ်နာမှု ဖြစ်စေ သည့် ရပ်ရွာလူမှုအလေ့အထများကျင့်သုံးခြင်းဖြင့်သော်၎င်း၊ သတင်းအချက်အလက်နှင့် ဆက် သွယ်ရေးနည်းပညာ အသုံးပြု၍သော်၎င်း၊ အခြားတစ်နည်းနည်း ဖြင့်၎င်း၊ ကျူးလွန် သည့်ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု(သို့မဟုတ်) စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှုတစ်ခုခုကိုဆိုသည်” ဟု အဓိပ္ပါယ် ဖွင့်ဆို ထားပါကြောင်း ဆွေးနွေးပြောကြားပါသည်။         

        ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ သက်ဆိုင်ရာဌာန/အဖွဲ့ အစည်း များမှပေးပို့လာသည့်သဘောထားမှတ်များပေါ် ဆွေးနွေးမှု အခြေအနေများ တင်ပြ ခြင်းနှင့် သက်ဆိုင်ရာတာဝန်ခံမှ ပုဒ်မတစ်ခုခြင်းစီအလိုက် ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့ မှ ဆွေးနွေးလမ်းညွှန်မှုများပြုလုပ်ခဲ့ကာ  အစည်း အဝေးအား နေ့လည်(၁၃:၂၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းတွင် ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိခဲ့သည့် မဝင်းလက်တွယ်တာ(စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှ၊ အထက)အားဂုဏ်ပြုတံဆိပ်နှင့် ချီးမြှင့်ငွေပေးအပ်ခြင်း
လူကုန်ကူးခံရသူများအားပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပဆောင်ရွက်ခြင်း

MOS

DSW

DDM

DOR