ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင်ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ရင်သွေးရတနာမူလတန်းကြိုကျောင်း၊ တော်ဝင်ရတနာမူလတန်းကြိုကျောင်း၊နေပြည်တော်ကလေးပြုစုရေးဌာနနှင့် အမျိုးသားလွှတ်တော်မူလတန်းကြိုကျောင်းတို့ကိုသွားရောက်၍ ကလေးငယ်လေးများအားသင်ကြားလေ့ကျင့်နေမှု၊ကျွေးမွေးစောင့်ရှောက်နေမှု၊ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်အခြေအနေနှင့်သင်ယူရာနေရာများကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက မူလတန်းကြိုကျောင်းများတွင် ကလေးငယ်များ၏ကျန်းမာရေးအတွက်အာဟာရပြည့်ဝစွာကျွေးမွေးနိုင်ရေးဦးစားပေးဆောင်ရွက်ရန်နှင့်ကလေးငယ်များအတွက်နေ့လယ်စာနှင့်ဖြည့်စွက်အာဟာရတို့ချက်ပြုတ်ပြင်ဆင်ကျွေးမွေးရာတွင်သန့်ရှင်းမှုရှိစေရေးအထူးအလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ယင်နားစာများမဖြစ်ပေါ်စေရေးသတိပြုဆင်ခြင်ရမည်ဖြစ်ပြီးမိဘများကိုလည်းအသိပညာပေးဆောင်ရွက်ရန်လိုကြောင်း၊ကလေးငယ်များအနေဖြင့်အစာမစားမီ၊အစာစားပြီး၊ရေအိမ်ဝင်ပြီးချိန်နှင့်ကစားပြီးချိန်များတွင်လက်ကိုစနစ်တကျသေချာစွာဆေးတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ကျောင်းအားကစားကွင်းနှင့်ကျောင်းပတ်ဝန်းကျင်တို့တွင်တိရိစ္ဆာန်များဝင်ရောက်ခြင်းနှင့်ပိုးမွှားအန္တရာယ်ကင်းရှင်စေရေးသတိပြုဆောင်ရွက်ရန်နှင့်သန့်ရှင်းသာယာလှပရေးကိုဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်းမှာကြားခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးကကလေးများနှင့်တွေ့ဆုံ၍ကလေးများ၏ဖွံ့ဖြိုးမှုအခြေအနေနှင့်သင်ကြားနေမှုအခြေအနေတို့ကိုကြည့်ရှုပြီးဂီတအပါအဝင်ကဏ္ဍစုံကိုကောင်းစွာသင်ကြားလေ့ကျင့်ပေးရန်လိုအပ်ကြောင်း၊ငယ်စဉ်ကတည်းကအသိပညာနှင့်ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည့်လူသားစွမ်းအားစုများဖြစ်ပေါ်စေရေးအတွက်မူကြိုအရွယ်နှင့်သင့်လျော်သည့်ပြည်သူ့နီတိ၊ ယဉ်ကျေးလိမ္မာဆုံးမစာတို့တွင် ပါဝင်သည့် လိမ္မာရေးခြားရှိမှု၊ ကိုယ်ချင်းစာတရားရှိမှုစသည်တို့ကိုကလေးများနားလည်နိုင်မှုအခြေအနေပေါ်မူတည်၍ကဗျာ၊ပုံပြင်၊သီချင်းတို့ဖြင့်စနစ်တကျသင်ကြားပေးရမည်ဖြစ်ကြောင်း၊မူကြိုအရွယ်တွင် အခြားသူများကိုဦးစားပေးတတ်သည့်အလေ့အကျင့်၊ စည်းလုံးညီညွတ်စွာနေထိုင်တတ်သည့်အလေ့အကျင့်နှင့် မိမိကိုယ်ကိုတန်ဖိုးထားတတ်သည့်စိတ်ဓာတ်ကောင်းများရရှိစေရန် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ပြီးမူလတန်းကြိုကျောင်းများသည် ကလေးများ၏သင်ယူမှုအခွင့်အလမ်းများအတွက်အခြေခံအုတ်မြစ်များဖြစ်ပါကြောင်း၊ကလေးငယ်များသည်အနာဂတ်နိုင်ငံ့ခေါင်းဆောင်များဖြစ်လာမည့်တိုင်းပြည်၏အဖိုးတန်ရတနာများဖြစ်ပါသဖြင့်သင်ယူမှုပတ်ဝန်းကျင်ကောင်းမွန်စွာဖြင့်အခြေခံအလေ့အကျင့်ကောင်းများကိုမိမိတို့ကလေးများရရှိစေရေးအတွက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းတိုက်တွန်းမှာကြားခဲ့ပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်မူလတန်းကြိုကျောင်းများနှင့်ကလေးပြုစုရေးဌာနတို့ရှိဝန်ထမ်းများ၊ကလေးများနှင့်တွေ့ဆုံ၍ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီးအလှူငွေများလှူဒါန်းခဲ့ကြောင်းသတင်းရရှိပါသည်။



နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခဈေးမီးလောင်မှုကွင်းဆင်းထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အားဖြည့်ဆောင်ရွက်မှု လုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုးသည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏမြို့နယ်များရှိ ကျေးရွာများအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေအိမ်များအား ကွင်းဆင်းကြည့်ရှုထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအေးငြိမ်းချမ်းသာဂိလာနဘိုးဘွားရိပ်သာ၊ပျဉ်းမနားဘိုးဘွားရိပ်သာ၊ကရုဏာကမ္ဘာဘိုးဘွားရိပ်သာတို့မှသက်ကြီးပုဂ္ဂိုလ်များအားထောက်ပံ့မှုသွားရောက်ဆောင်ရွက်

MOS

DSW

DDM

DOR