ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးဒေါက်တာစိုးဝင်းသည်ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူဩဂုတ်လ(၃)ရက်နေ့၊ နံနက်ပိုင်းတွင် ညောင်တုန်းမြို့သို့ ရောက်ရှိပြီးအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် ညောင်တုန်းမြို့၊ ကမ်းပတ်တာအခြေအနေအားကြည့်ရှုစစ်ဆေးကြပါသည်။

ထို့နောက် မြစ်ကမ်းထိန်းတည်ဆောက်မှုလုပ်ငန်းခွင်ရှင်းလင်းဆောင်၌ စံကင်းကျွန်းရေတိုက်စားမှု၊ ရေလွှမ်းခံရမှု၊ကာကွယ်ထိန်းသိမ်းရေးဆောင်ရွက်မှုအခြေအနေများနှင့် ကုက္ကိုဝကျေးရွာ၊မြစ်ကမ်းထိန်းတည်ဆောက်ရန် လိုအပ်မှုအခြေအနေတို့အားဧရာဝတီတိုင်းဒေသကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးကရှင်းလင်းတင်ပြရာပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ကလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်ပန်းတနော်မြို့သို့ ဆက်လက်ထွက်ခွာလာရာပန်းတနော်မြို့၊ အရှေ့ပိုင်းရပ်ကွက်၊ သာသနာ့ဗိမာန်ရေဘေးရှောင်စခန်းသို့  ရောက်ရှိပြီးမြို့နယ်အတွင်းရှိရေဘေးရှောင်စခန်း(၃)ခုမှ ဘေးသင့်ပြည်သူ(၃၁၄)ဦးအတွက် ဆန်ရိက္ခာဖိုး(၂,၈၂၆,၀၀ဝိ/-)၊ ဘေးသင့်ပြည်သူ(၂၃၄)ဦးအတွက် ကြက်ဥ(၉၃၆)လုံးအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ငါးသေတ္တာဗူးများအားလည်းကောင်းအသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီးရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ကျောင်းကုန်းမြို့၊မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးဝန်းရှိဓမ္မသဟာယမဉ္ဇရီဗိမာန်၌ ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံပြီးကျောင်းကုန်းမြို့နယ်အတွင်းရှိရေဘေးရှောင်စခန်း(၁၇)ခုမှ ဘေးသင့်ပြည်သူ(၂၅၁၈)ဦးအတွက် ဆန်ရိက္ခာဖိုး(၂၂,၆၆၂,၀၀ဝိ/-)၊ရေဘေးသင့်ပြည်သူ(၅၉၄)ဦးအတွက်ကြက်ဥ(၂၃၇၆)လုံးအားလည်းကောင်း၊ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှဆန်၊ခေါက်ဆွဲခြောက်ထုပ်နှင့် ငါးသေတ္တာဗူးများအားလည်းကောင်း၊အသီးသီးထောက်ပံ့ပေးအပ်၍ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီးမြို့မကျောင်းရေဘေးရှောင်စခန်းသို့ သွားရောက်ကြည့်ရှုပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးကိုဖူးမျှော်ကြည်ညိုပြီးဒက္ခိဏာရာမရွှေကျင်ပရိယတ္တိစာသင်တိုက်မှ ဆရာတော်ဘဒ္ဒန္တနန္ဒာစရိယအားဖူးမျှော်၍ ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက် ကန်ကြီးထောင့်မြို့သို့ ဆက်လက်ထွက်ခွာပြီးကန်ကြီးထောင့်မြို့၊ အမှတ်(၁)ရပ်ကွက်၊  လောကမှန်ကူဘုရားဝန်းရှိရေဘေးရှောင်စခန်းသို့ ရောက်ရှိခဲ့ပြီးမြို့နယ်အတွင်းရှိရေဘေးရှောင်စခန်း(၁၃)ခုမှ ဘေးသင့်ပြည်သူ(၁၃၄၇)ဦးအတွက် ဆန်ရိက္ခာဖိုး(၁၂,၁၂၃,၀၀ဝိ/-)နှင့် အဆိုပါစခန်းရှိဘေးသင့်ပြည်သူ(၃၂၇)ဦးအတွက် ကြက်ဥ(၁၃၀၈)လုံးအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ခေါက်ဆွဲခြောက်ထုပ်နှင့် ငါးသေတ္တာဗူးများအားလည်းကောင်းအသီးသီးထောက်ပံ့ပေးအပ်ပြီးရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့သို့ဆက်လက်ထွက်ခွာပြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံတို့ကိုကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် သွားရောက်ခဲ့သောမြို့နယ်(၃)မြို့နယ်ရှိရေဘေးသင့်ပြည်သူများအားသဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများကြောင့် ဘေးအန္တရာယ်များပိုမိုဖြစ်ပွားလာနေမှုအကြောင်းအရင်းများ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းမြစ်ချောင်းများအလိုက် ကမ်းပြိုကမ်းထိန်းလုပ်ငန်းများပိုမိုတိုးတက်ဆောင်ရွက်နိုင်မှသာရေကြီးရေလျှံမှု၊ ကမ်းပါးပြိုမှုများကို လျှော့ချနိုင်မည့် အခြေအနေများ၊ သစ်ပင်သစ်တောများ၊ ဒီရေတောများကိုထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ပိုမိုတိုးချဲ့စိုက်ပျိုးရန်အတွက် ပြည်သူများအားလုံးကတစ်ပိုင်တစ်နိုင် အသိစိတ်ဓါတ်ရှိစွာဖြင့် ပါဝင်ဆောင်ရွက်ရန်လိုအပ်မှုများ၊ နိုင်ငံအနှံ့ဖြစ်ပွားလျက်ရှိသောရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အကြီးအကဲနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှုများဖြင့် စီမံခန့်ခွဲဆောင်ရွက်ပေးမှုအခြေအနေ၊ ထောက်ပံ့ပေးနေမှုအခြေအနေများ၊ ရေဘေးဖြစ်ပွားပြီးနောက်  အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် အဖွဲ့အဆင့်ဆင့်၏ အနီးကပ်ကြီးကြပ်မှုများဖြင့် ပြန်လည်ထူထောင်ရေး၊ ဆောင်ရွက်ပေးမည့်အခြေအနေများ၊ ရေဘေးသင့်ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်၏ နောက်ဆက်တွဲကျန်းမာရေးပြသာနာများ၊ အဆိပ်ရှိသောသတ္တဝါများ၏ အန္တရာယ် တို့ကိုဂရုပြုနေထိုင်ရန်တို့ကိုရှင်းလင်းပြောကြားအားပေးခဲ့ကြကြောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ယနေ့ထောက်ပံ့မှုစုစုပေါင်းမှာငွေကျပ်(၆၄၄)သိန်းကျော်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အတူဧရာဝတီတိုင်းဒေသကြီးအတွင်းရှိရေဘေးသင့်မြို့နယ်များသို့ လှည့်လည်ကြည့်ရှု၍ရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး၊ထောက်ပံ့
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အတူဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၊ ပန်းလှိုင်မြစ်ရေအခြေအနေ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် ကမ်းပတ်တာအခြေအနေနှင့်မိုးရာသီကာလရေကြီးမှုဖြစ်စဉ်များကြောင့် တိုင်းဒေသကြီးအတွင်းရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး၊ထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချာထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့ ပဲခူးတိုင်းဒေသကြီးအတွင်းမိုးရာသီကာလရေကြီးမှုဖြစ်စဉ်များကြောင့် ပဲခူးမြို့ပေါ်ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး၊ထောက်ပံ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်၊မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မင်းဘူးမြို့၊ ရေနံချောင်းမြို့နယ်များရှိ ရေဘေးသင့် ပြည်သူများအား ထောက်ပံ့ခြင်း၊ အားပေးစကားပြောကြားခြင်းနှင့် ဝန်ကြီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံ၊မကွေးမြို့မူလတန်းကြိုကျောင်းနှင့် ကလေးပြုစုရေးဌာနများသို့ ရောက်ရှိစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. Elena AjmoneSesseraအားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)၌ ပြုလုပ်သောငလျင်ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင့်မှုသို့ တက်ရောက် အမှာစကားပြောကြား၊မူလတန်းကြိုကျောင်းများကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၄)သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက် အမှာစကားပြောကြား၊ဝန်ထမ်းများနှင့်တွေ့ဆုံ

MOS

DSW

DDM

DOR