ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ် (Social Management Information System-SMIS) လက်တွေ့အသုံးပြုခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲအခမ်းအနားအားယနေ့နံနက်(၉:၃ဝ)နာရီအချိန်တွင် မင်္ဂလာသီရိဟိုတယ်၌ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊တပ်မတော် (ကြည်း၊ရေ၊လေ)၊သတင်းနည်းပညာဌာနမှဌာနမှူး၊ နည်းပညာအရာရှိများ၊ အမြဲတမ်းအတွင်းဝန်နှင့်ညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်ဌာနတာဝန်ခံအရာရှိများ၊သင်တန်းသား၊သင်တန်းသူများတက်ရောက်ခဲ့ကြပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်ကသင်တန်းအဖွင့်အမှာစကားပြောကြားရာ၌ ကိုယ်ဝန်ဆောင်မိခင်များနဲ့၎င်းတို့မှမွေးဖွားလာသည့် အသက်(၂)နှစ်အောက်ကလေးသူငယ်များအားငွေကြေးထောက်ပံ့ခြင်းအစီအစဉ်  (Maternal and Child Cash Transfer Program)ကို၂၀၁၇-၂၀၁၈ခု၊ဘဏ္ဍာရေးနှစ်မှစတင်ပြီးဆောင်ရွက်လျက်ရှိရာယခုအချိန်အထိကရင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ဧရာဝတီတိုင်းဒေသကြီးတို့မှာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီးထောက်ပံ့ကြေးများပေးအပ်လျက်ရှိပါကြောင်း၊လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိတဲ့ငွေကြေးထောက်ပံ့မှုအစီအစဉ်တွေအနေနဲ့လုပ်ငန်းပမာဏကြီးမားလာပြီးလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေကို Manual စနစ်ကနေ Digital Platform စနစ်တစ်ခုကိုအသုံးပြုပြီးအကောင်အထည်ဖော်ဖို့လိုအပ်နေတဲ့အတွက်လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ် (Social Management        Information System – SMIS) Software ကိုကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊တပ်မတော် (ကြည်း၊ရေ၊လေ)၊သတင်းနည်းပညာဌာနရဲ့နည်းပညာပံ့ပိုးကူညီမှုနဲ့၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး အသုံးပြုနိုင်ခဲ့ပြီဖြစ်ပါသဖြင့်အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ SMIS စနစ်ကိုတည်ထောင်နိုင်တဲ့အတွက် စာရင်းသွင်းလျှောက်ထားလာသူများရဲ့ အချက်အလက်များကို လွယ်ကူစွာ အတည်ပြုနိုင်ပြီး စာရင်းထပ်ခြင်းများကို ဖြေရှင်းနိုင်မှာဖြစ်ပါကြောင်း၊ အဆိုပါစနစ်ကို တည်ဆောက်ခြင်းအားဖြင့် တိကျတဲ့ထောက်ပံ့မှုစနစ်၊ ထောက်ပံ့ကြေးကိုအလိုအလျောက် တွက်ချက်ပေးသည့် စနစ်များကြောင့် စာရင်းစစ်ဆေးမှုခံယူရာတွင်  များစွာအထောက်အကူ ဖြစ်စေမည်ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် သင်တန်းတွင် အကျိုးခံစားခွင့်ရှိသူများ၏ အတည်ပြုစာရင်းများ(Payment Sheet) ထွက်ရှိသည့်အထိ ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ တက်ရောက်လာကြတဲ့ သင်တန်းသား/သင်တန်းသူများ အနေနဲ့လည်းမိမိတို့ရဲ့လုပ်ဖော်ကိုင်ဖက်များကို လက်ဆင့်ကမ်းပြန်လည်သင်ကြားနိုင်ရေးအတွက်နည်းပြပညာရှင်များ၏သင်ကြားပြသပေးမှုများအားအထူးဂရုပြု အလေးအနက်ထားပြီး လိုက်နာသင်ယူသွားကြဖို့ ပြောကြားခဲ့ပါသည်။

အဆိုပါလူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်စနစ် (Social Management Information System-SMIS) လက်တွေ့အသုံးပြုခြင်းဆိုင်ရာသင်တန်းကိုတိုင်းဒေသကြီးနှင့် ပြည်နယ်များက သင်တန်းသား/သူ (၁၀၉)ဦးဖြင့် (၂၄.၇.၂၀၂၃)ရက်နေ့မှ (၂၉.၇.၂၀၂၃)ရက်နေ့အထိ(၆)ရက်တာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ဆက်လက်၍ မိုခါဆိုင်ကလုန်းမုန်တိုင်းသင့်ဒေသများအတွက် မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်မှ အလှူငွေကျပ်(သိန်းတစ်ထောင်)လှူဒါန်းခြင်းအခမ်းအနားကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)တွင်  ယနေ့နံနက်ပိုင်းကကျင်းပရာအခမ်းအနားသို့  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်  မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်မှ ဦးသီဟလွင်ဦးဆောင်၍ အဖွဲ့အစည်းအလိုက် ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ တွဲဖက်အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များတက်ရောက်ကြပါသည်။

မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ၊ ဦးသီဟလွင်မှ လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ပြောကြားရာ၌ (၁၄-၅-၂၀၂၃) ရက်နေ့တွင် တိုက်ခတ်သောမိုခါဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ဒေသများတွင်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်ကစုပေါင်း၍ ငွေကျပ်(၁၀၀,၀၀၀,၀၀ဝိ/-)လာရောက် လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ မိုခါမုန်တိုင်းသင့်ရခိုင်ပြည်နယ်အတွက် ပြန်ထူထောင်ရေးလုပ်ငန်းများတွင် လိုအပ်သည်များအသုံးပြုရန်ပါဝင်ကူညီခွင့်ရသည့်အတွက် များစွာဝမ်းမြောက်ပါကြောင်းပြောကြားခဲ့ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကကျေးဇူးတင်စကားပြန်လည်ပြောကြားရာ၌ ယခုကဲ့သို့ မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်မှလာရောက်လှူဒါန်းသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားသဘာဝဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ အတွင်းရေးမှူးရုံးအဖြစ် တာဝန်ယူ၍ လုပ်ငန်းကော်မတီအလိုက် ဝန်ကြီးဌာနများအားလုံးပူးပေါင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ မိုခါဆိုင်ကလုန်းမုန်တိုင်းတွင်ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ဦးဆောင်မှု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ကြီးကြပ်လမ်းညွှန်စီမံခန့်ခွဲဆောင်ရွက်မှုနှင့်အတူအစိုးရနှင့်ပြည်သူလူထုအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့် ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေးအပိုင်းများတွင် အကောင်းဆုံးဆောင်ရွက်နိုင်ခဲ့ပြီးယခုပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုကဏ္ဍအလိုက်၊ ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မုန်တိုင်းမဝင်ရောက်မီ (၆-၅-၂၀၂၃)ရက်နေ့မှစ၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးအပါအဝင်ကဏ္ဍအလိုက် ညှိနှိုင်းအစည်းအဝေးများပြုလုပ်၍ ဆောင်ရွက်ခဲ့ပါ ကြောင်း၊ မုန်တိုင်းမတိုက်မီမုန်တိုင်းလမ်းကြောင်းကျရောက်မည့် ဒေသများရှိပြည်သူများအားဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ခဲ့ခြင်းကြောင့် မုန်တိုင်းပမာဏကြီးသော်လည်းလူသေပျောက်မှုနည်းပါးခဲ့ပါကြောင်း၊ အဆောက်အဦများသာအများဆုံးပျက်စီးခဲ့ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ပြည်တွင်း/ပြည်ပစေတနာရှင်များကဝိုင်းဝန်းလှူဒါန်းခဲ့ကြရာလှူဒါန်းငွေကျပ်(၃၂) ဘီလီယံကျော် ရရှိပြီးဖြစ်ပါကြောင်း ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကော်မတီ(၁၂)ရပ်ကထိရောက်စွာဆောင်ရွက်လျက်ရှိပြီးဆေးရုံ၊ ကျောင်း၊ ဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေရရှိရေး၊ ရေငံစုတ်ထုတ်ခြင်းစသည့်ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအတွက် မျိုးစပါးများအခမဲ့ဖြန့်ဝေခြင်း၊ စက်မှုလယ်ယာမှ ထွန်စက်များဖြင့် အခမဲ့ထွန်ရက်ပေးခြင်းတို့ ဆောင်ရွက်ပေးနေသလိုအသက်မွေးဝမ်းကျောင်းလုပ်ငန်းများအလိုက်  အတိုးနည်းချေးငွေများထုတ်ပေးခြင်းတို့ကိုစီးပွားရေးပြန်လည်ကုစားမှုအဖြစ် စီစဉ်နေပါကြောင်း၊ ယခုကဲ့သို့ မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်မှ  လာရောက်လှူဒါန်းမှုသည်  ဘေးသင့်ဒေသပြည်သူများပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်အထောက်အကူဖြစ်သလိုကာလဒါနလည်းဖြစ်ပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်းကိုပြောကြားခဲ့ပါသည်။

ထို့နောက် မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်မှ ကျပ်သိန်း (၁၀၀,၀၀၀,၀၀ဝိ/-) ပေးအပ်လှူဒါန်းခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR