ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ’ (MOCHA) ပြင်းအား 

 

 အလွန့်အလွန်အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA)” သည် (၁၃-၅-၂၀၂၃)ရက်နေ့၊ (၀၄:၀၀) နာရီခန့်တွင် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိခဲ့ပါသည်။ 

(၁၄-၅-၂၀၂၃) ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့အနီးမှ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၁၀၀)မှ မိုင် (၁၁၀) ခန့်ဖြင့် ဖြတ်ကျော်ဝင်ရောက်နိုင်ပါသည်။ 

အားအလွန်ကောင်းသော အဆင့်ဖြင့် မြန်မာ့ကမ်းရိုးတန်းအား ဖြတ်ကျော်နိုင်သည့်အတွက် (၁၃-၅-၂၀၂၃) ရက်နေ့ (၀၇:၀၀) နာရီမှစ၍ အနီရောင်အဆင့်ဟု သတ်မှတ်ပါသည်။ 

မုန်တိုင်းဒဏ်ခံစား နိုင်ခြေရှိသည့် ဒေသများတွင် မုန်တိုင်းဒီရေအမြင့် (၁၀) ပေမှ (၁၈)ပေအထိ တက်ရောက်နိုင်ပါသည်။ 

 

မြန်မာနိုင်ငံအစိုးရ၏ ကြိုတင်ပြင်ဆင်မှုဆောင်ရွက်ချက်

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ၂၀၂၃ ခုနှစ်၊ မေလ (၈) ရက်နေ့မှစ၍ လုပ်ငန်းကော်မတီအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သော သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ကို ဖွင့်လှစ်၍ စတင်လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။

 

၂၀၂၃ ခုနှစ်၊ မေလ (၁၂) ရက်နေ့တွင် AHA Centre In Country Liaison Team လာရောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

 

ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံရနိုင်မှု အခြေအနေများအပေါ် မူတည်၍ ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ မောင်တောမြို့နယ်၊ ‌ရသေ့တောင်မြို့နယ်၊ မြေပုံမြို့နယ်၊ ပေါက်တောမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့အား ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် သတ်မှတ်ခဲ့ပါသည်။ 

 

တိုင်းဒေသကြီး/ပြည်နယ်အလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ချက်

 

ရှာဖွေကယ်ဆယ်ရေးစုဖွဲ့ထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၃၂၁၄) ဖွဲ့နှင့် ချင်းပြည်နယ်တွင် (၉၄၅) ဖွဲ့ ဖွဲ့စည်းပြင်ဆင်ထားရှိခြင်း၊

 

ကျန်းမာရေးဆိုင်ရာစုဖွဲ့ထားရှိမှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၁၀၇) ဖွဲ့နှင့် ချင်းပြည်နယ်တွင် (၇) ဖွဲ့ ဖွဲ့စည်း ပြင်ဆင်ထားရှိခြင်း၊

 

ဆေးကုသမှုအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်တွင် (၃၉) ဖွဲ့နှင့် ချင်းပြည်နယ်တွင် (၇) ဖွဲ့ ဖွဲ့စည်းပြင်ဆင်ထားရှိခြင်း၊

 

ဘေးလွတ်ရာကြိုတင်ရွှေ့ပြောင်းမှုအနေဖြင့် 

ရခိုင်ပြည်နယ်တွင် (၅၅၆၂၃) ဦး၊ 

ချင်းပြည်နယ်တွင် (၁၀၅၅) ဦး၊

ဧရာဝတီတိုင်းဒေသကြီးတွင် (၂၈၂၀) ဦးနှင့်

ရခိုင်ပြည်နယ်မှ IDP စခန်းများရှိ လူဦးရေ (၁၈၇၅၀)ဦးတို့အား ကြိုတင်ရွှေ့ပြောင်းဆောင်ရွက်ခြင်း၊ 

 

အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအတွက် မြေပြင်သုံးအမျိုးအစားယာဉ် (မီးငြိမ်းသတ်ယာဉ်၊ မီးသတ်ရေ သယ်ယာဉ်၊ မီးသတ်စက်ယာဉ်နှင့် အထောက်အကူပြုယာဉ်) အစီးရေ (၂၀၃) စီးနှင့် ရေပြင်သုံးအမျိုးအစား ယာဉ် (၁၃၉) စီးကို ရခိုင်ပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၈၄) စီးနှင့် ရေပြင်သုံး အမျိုးအစားယာဉ် (၁၅) စီးကို ချင်းပြည်နယ်တွင်လည်းကောင်း၊ မြေပြင်သုံးအမျိုးအစားယာဉ် (၃၉၅) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၇၇) စီးကို စစ်ကိုင်းတိုင်းဒေသကြီးတွင် လည်းကောင်း၊ မြေပြင်သုံး အမျိုးအစား ယာဉ် (၃၂၇) စီးနှင့် ရေပြင်သုံးအမျိုးအစားယာဉ် (၁၁) စီးကို မကွေးတိုင်းဒေသကြီးတွင် လည်းကောင်း အသင့်ထားရှိခြင်း၊ 

 

အရေးပေါ်ဆက်သွယ်ရေးကဏ္ဍအနေဖြင့် Satellite Terminal နှင့် Mobile BTS အပါအဝင် ရခိုင်ပြည်နယ်တွင် ဆက်သွယ်ရေးပစ္စည်း (၇) လုံး၊ ချင်းပြည်နယ်တွင် (၂) လုံး ပြင်ဆင်ထားရှိခြင်း၊

 

ကယ်ဆယ်ရေးပစ္စည်းသိုလှောင်မှုအနေဖြင့် ရခိုင်ပြည်နယ်တွင် (၇၉၈၇) အိမ်ထောင်စာ၊ ချင်းပြည်နယ်တွင် (၁၀၀၁) အိမ်ထောင်စာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၄၅၁၉) အိမ်ထောင်စာနှင့် မကွေးတိုင်းဒေသကြီးတွင် (၃၈၀၄) အိမ်ထောင်စာ အသင့်သိုလှောင်ထားရှိခြင်း၊

 

ဘေးဒဏ်ခံအဆောက်အဦီများအနေဖြင့် Cyclone ShelterMulti-Purpose Shelterနှင့် School-Cum Shelter အပါအဝင် ရခိုင်ပြည်နယ်တွင် Shelter (၅၄) လုံး စုစုပေါင်းလူဦးရေ (၂၄၈၀၀) ဆံ့ ၊ ချင်းပြည်နယ်တွင် Shelter (၅) လုံး စုစုပေါင်းလူဦးရေ (၃၂၀၀) ဆံ့ ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် Shelter (၁၁) လုံး စုစုပေါင်းလူဦးရေ (၅၆၀၀) ဆံ့နှင့် မကွေးတိုင်းဒေသကြီးတွင် Shelter (၃) လုံး စုစုပေါင်းလူဦးရေ (၁၅၀၀) ဆံ့ အသင့်ပြင်ဆင် ထားရှိခြင်း တို့ကို ဆောင်ရွက်ထားရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR