ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ



        ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ခြင်းအခမ်းအနားကို ၈-၅-၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဦးလှစိုး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီး စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင်၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှကိုယ်စား လှယ်များနှင့် မသန်စွမ်းပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ၌ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန နှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာန (၃)ခုဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဝန်ထမ်းဉီးစီးဌာနအနေဖြင့် လူမှုဝန်ထမ်းလုပ်ငန်း(၇)ရပ် သတ်မှတ်၍ ပြည်သူများ၏လူမှုရေးဆိုင်ရာ ဝန်ဆောင်မှုများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ၎င်းလုပ်ငန်းများမှာ ရှေးဦးအရွယ်ကလေး သူငယ်ပြုစု ပျိုးထောင်ရေး၊ ဖွံ့ဖြိုး ရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ သက်ကြီး ရွယ်အိုများ ဘဝ မြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများပြုစု စောင့်ရှောက် ရေးလုပ်ငန်း၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ရေး နှင့်ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများ ဖြစ်ပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်များပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းအနေဖြင့် မူလတန်းကြိုကျောင်းများ၊ ကလေးပြုစုရေးဌာနများ၊ သင်တန်း ကျောင်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း အနေဖြင့် လူငယ်ရေးရာမူဝါဒကို အတည်ပြုပြဌာန်းနိုင်ခဲ့ပြီး အမျိုးသားအဆင့် မဟာဗျူဟာပါ လုပ်ငန်းစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီကို ပြန်လည်ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအနေဖြင့် အမျိုးသမီးဖွံ့ဖြိုး တိုးတက် ရေးဌာနများ၊ အမျိုးသမီး သက်မွေးအတတ်ပညာသင်ကျောင်းများ၊ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနများ၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများ၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား တစ်နေရာ တည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာများကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်ငန်း အနေဖြင့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ ပြဌာန်းထားရှိပြီးဖြစ်သလို နည်းဥပဒေ အတည်ပြုပြဌာန်းနိုင်ရေးကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများပြုစုစောင့်ရှောက်ရေး လုပ်ငန်းများအနေဖြင့် မျက်မမြင်ကျောင်း များ၊ နားမကြားသောကလေးများကျောင်းများ၊ မသန်စွမ်းသက်ငယ်သန်တန်း ကျောင်းများ၊ မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၊ မသန်စွမ်းကလေးများပြုစု စောင့်ရှောက်ရေးဂေဟာ များဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အနေဖြင့် ၎င်းတို့ တည်ထောင်ဖွင့်လှစ်ထားရှိသော ပရဟိတဂေဟာများနှင့် ဘိုးဘွားရိပ်သာများအတွက် ထောက်ပံ့ငွေပေးအပ်လျက်ရှိပါကြောင်း၊ လူမှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၄ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်း ခဲ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်ပါ လုပ်ငန်းစဉ်နှင့် သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ (၂၀၁၆)ပါ သက်ကြီးရွယ်အိုများ ဝင်ငွေလုံခြုံမှုရရှိစေရေးတို့အတွက် လူမှုရေး ပင်စင်ထောက်ပံ့ ခြင်းအစီအစဉ် အဖြစ်  အသက် (၉၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို တစ်ဦးကို တစ်လလျှင် ကျပ် တစ်သောင်းနှုန်း ဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးရာ နောက်ပိုင်းတွင် အကျုံးဝင် အသက်ကို အသက် (၉၀)မှ အသက် (၈၅) နှစ်သို့လျှော့ချ၍ ထောက်ပံ့ပေးနိုင်ခဲ့ ပါကြောင်း၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ဝန်ကြီးဌာနရဲ့မူဝါဒ ဖြစ်တဲ့ ထိရောက်သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုလုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်း ဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ် ခံစားရသောပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေရေးဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ၌ပြည်ထောင်စုအဆင့်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဒုတိယဥက္ကဌ ဦးဆောင်တဲ့ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများ ကဏ္ဍအလိုက် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ပြည်ထောင်စု၀န်ကြီးများ ဥက္ကဌအဖြစ်တာ၀န်ယူ ဆောင်ရွက်တဲ့ လုပ်ငန်းကော်မတီ (၁၂)ခုကိုလည်းဖွဲ့စည်းထားရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်မှာလည်း သဘာဝဘေးစီမံခန့်ခွဲမှု လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ဆောင်ရွက်နိုင်ရန် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌများ ဦးဆောင်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပြီး ခရိုင်၊ မြို့နယ်၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့များကိုလည်း အဆင့်ဆင့်ထပ်မံဖွဲ့စည်း ဆောင်ရွက် သွားမှာဖြစ်ပါကြောင်း၊ ဘေးဒဏ်ကိုလက်တွေ့ရင်ဆိုင် ကြုံတွေ့ခံစား ရတဲ့ ပြည်သူလူထုရဲ့ သဘာဝဘေးအသိပညာ တိုးပွားရေး၊ ရပ်ရွာတွေရဲ့ ဘေးဒဏ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားရေးတို့ကိုလည်း လူမှုရေးအဖွဲ့အစည်းများ အပါအဝင် ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနဲ့ ရပ်ရွာ လူထုနဲ့အတူ သဘာဝဘေးဆိုင်ရာ ဟောပြောပွဲများပြုလုပ်ခြင်း၊ သင်တန်း များဖွင့်လှစ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့် ခန်းများပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာမှာ ၂၀၁၉ နှစ်ကုန်ပိုင်းကစတင် ဖြစ်ပွားခဲ့တဲ့ COVID-19 ကူးစက်ရောဂါ အခြေအနေကြောင့်ခေတ္တရပ်နားထားခဲ့ပြီး လက်ရှိတွင် လုပ်ငန်းများကို ပြန်လည်စတင်နိုင်ရန်ပြင်ဆင်လျက်ရှိပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူပြည်သားများ သာတူညီမျှရရှိ ခံစားစေပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ဆိုတဲ့အချက်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်းများဖွင့်လှစ်၍ အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊ လူကုန်ကူးခံရသူများအား လိုအပ်သောစောင့်ရှောက်မှုများ ပြုလုပ်၍ လူ့အသိုက်အဝန်းတွင် ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးအတွက် ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးအတွက်  ကာကွယ်စောင့် ရှောက်ပေးခြင်းတို့ဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားတွင် မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအစီအစဉ် ပါဝင်တာဖြစ်တဲ့အတွက် မိမိတို့ဝန်ကြီးဌာန အနေနဲ့ မသန်စွမ်းသူများရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားတဲ့ အခြေအနေတွေကို အနည်းငယ် ဖြည့်စွက်ရှင်းလင်းတင်ပြလိုပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၁ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက် နေ့တွင် မသန်စွမ်းသူ များ၏အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအား အဖွဲ့၀င်နိုင်ငံ အဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံတကာစံနှုန်းတွေကို ပြည့်မီစေနိုင်ဖို့ မသန်စွမ်းသူများ အတွက် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေကို ၂၀၁ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့ပါကြောင်း၊ ဥပဒေနှင့်အညီ နည်းဥပဒေများ (၂၀၁၇)ကို ရေးဆွဲချမှတ်ခဲ့ပါ ကြောင်း၊ အဲ့ဒီဥပဒေ၊ နည်းဥပဒေတွေကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ဖို့ မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာကော်မတီ၊ လုပ်ငန်းကော်မတီတွေအပြင် နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ကော်မတီတို့ကိုလည်း ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါကြောင်း၊ အဲ့ဒီ ကော်မတီတွေမှာ ဆက်စပ်ဝန်ကြီး ဌာနများအပြင် မသန်စွမ်းမှုဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်တွေကိုလည်း ပါဝင်ဖွဲ့ စည်းထားပါကြောင်း၊ မသန်စွမ်းသူတွေ ရေရှည်ဖွံ့ဖြိုးတိုးတက်ခြင်း၊ အစိုးရနှင့် အခြားအဖွဲ့အစည်းတွေက ဖွင့်လှစ်တဲ့ သင်တန်းတွေ၊ အများပြည်သူ အတွက် ထောက်ပံ့ပေးတဲ့ဝန်ဆောင်မှုတွေ ရရှိခံစားနိုင်ရေးအတွက် မသန် စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း စနစ်တစ်ရပ် ပေါ်ထွက်လာစေဖို့အတွက် ဆက်စပ်ဌာနဆိုင်ရာအဖွဲ့အစည်း များ၊ ကုလသမဂ္ဂ အေဂျင်စီများ၊ INGO, NGO များ၊ မသန်စွမ်းအဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန မှ ဆောင်ရွက် လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကိုကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသော လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်လာ စေရေး၊ ထိခိုက်လွယ်အုပ်စုများကို ပိုမိုပံ့ပိုးနိုင်ရေး၊ ဝန်ကြီး ဌာနအနေဖြင့် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ အခြေခံကျသော စာရင်းဇယားအချက် အလက် များ ရရှိနိုင်ရေးနှင့် အကျိုးခံစားခွင့်ရှိသည့် ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြတဲ့ ဒေသအာဏာပိုင်အုပ်ချုပ် ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်းနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူ လူထု တစ်ရပ်လုံးက ဆက်လက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးလှစိုးနှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့က အမှာစကားများအသီးသီး ပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူ များက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ထောက်ပံ့ငွေ  ၇၉၄.၁၉၉ သန်း၊ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးရွယ်အို (၃၁၇၀၉) ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ  ၉၅၁.၂၇၀ သန်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူ (၈၇) ဦး အတွက်    ထောက်ပံ့ငွေ ၂၆.၁၀ သိန်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း (၆.၅.၂၀၂၁)ရက်နေ့ မွန်းလွဲပိုင်းတွင် လေပြင်တိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေ (၂၂၄.၆၁၅ သိန်း)ထောက်ပံ့ငွေစုစုပေါင်း (၁၇၇၀.၅၄၀ သန်း) ကို ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီဥက္ကဌနှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဝင်များက ခရိုင်အလိုက်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များထံ အဆိုပါ ထောက်ပံ့ငွေများကို အသီးသီးဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြ ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တို့သည် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို တက်ရောက်လာသည့် အသက်(၈၅) နှစ်အထက် ဘိုးဘွားများနှင့် မသန်စွမ်းပုဂ္ဂိုလ်များထံ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ ပေးအပ်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာ သူများကိုယ်စား ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စေတနာ့အဖွဲ့အစည်းများ ကိုယ်စား  ဂေဟာကော်မတီ ဥက္ကဌ၊ တစ်ဦးက ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းဒေါင့်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ရန်ကုန်ပြန်လည်ထူထောင်ရေးစခန်းတွင် Drug Rehabilitation Center တည်ဆောက်နေမှုအခြေအနေ များကိုကြည့်ရှု စစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများကလိုက်လံ ရှင်းလင်း ပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သိရှိလိုသည်များ မေးမြန်းကာလိုအပ်ချက်များအား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

        ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီးလူမှုဝန်ထမ်းဉီးစီးမှူးရုံး၌ ဆက်လက်ကျင်းပပြုလုပ်သည့် ရန်ကုန်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများ နှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကြားကာလအစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့ရမှုအခြေအနေများနှင့် လတ်တလောဆောင်ရွက်ချက်များ၊ နိုင်ငံဝန်ထမ်းများအနေဖြင့် ထားရှိအပ်သော ခံယူချက်သဘောထားနှင့်ဝန်ကြီးဌာန၏လုပ်ငန်းများကိုထိရောက်အောင်မြင် အောင် ကြိုးစားဆောင်ရွက်စေလိုခြင်းတို့နှင့်စပ်လျဉ်း၍  တိုက်တွန်းရှင်းလင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်းခိုင်က အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူဝန်ထမ်းများက တင်ပြလိုသည် များကို ဆွေးနွေးတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာသူ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပါသည်။

 

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အတွင်း လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ရောက်ရှိခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းကျောင်းအတွင်း သင်တန်း သားများ နေထိုင်မှု၊ စာပေလေ့လာသင်ကြားနေမှုနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများဖြစ်သည့် ဆိုင်ကယ်ပြင်သင်တန်း၊ တံမြတ်စည်းရက်လုပ်မှုသင်တန်း၊ ဆံသသင်တန်းများ သင်ကြားနေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ပြီး အားပေးစကားပြောကြားကာ လိုအပ်ချက်များအား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ထိုနောက် သင်တန်းကျောင်းတာဝန်ခံက သင်တန်း ကျောင်း၏နောက်ခံအခြေအနေနှင့် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာတွင် မကွေးတိုင်း ဒေသကြီး၊ သရက်မြို့အကျဉ်းဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းသို့ (၁-၄-၁၉၇၅)ရက်နေ့ တွင် စတင်ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါကြောင်း၊ လက်ခံစောင့်ရှောက်နိုင်သည့် ခွင့်ပြု ကလေးဦးရေမှာ (၅၀၀)ဦးဖြစ်ပါကြောင်း၊ လက်ခံစောင့်ရှောက်သည့် ကလေး သူငယ်များမှာ ကလေးသူငယ်တရားရုံးမှ အမိန့်ချမှတ်၍ အကျင့်စာရိတ္တပြုပြင်ရန် ပို့အပ်လာသော ကလေးသူငယ်များ၊ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သည့် လမ်းပေါ်နေကလေးများကို စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ လက်ရှိတွင် ကလေးသူငယ်ဦးရေ(၅၂၄)ဦးဖြစ်ပါကြောင်း၊ အဆိုပါကလေးသူငယ်များကို အတန်းပညာသင်ကြားပေးခြင်း၊ သက်မွေးပညာသင်ကြားပေးခြင်း၊ ကျောင်းပြင်ပ ပညာသင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါကျောင်း၏ ဝန်ထမ်းဖွဲ့စည်းပုံ ခွင့်ပြုအင်အားသည် (၇၅)ဦးဖြစ်ပြီး ခန့်ပြီးဝန်ထမ်း(၄၃)ဦးနှင့် လစ်လပ်ဝန်ထမ်း (၃၂)ဦးဖြင့်ကျောင်းသားများအား ထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက မိမိတို့အနေဖြင့် လူမှုဝန်ထမ်း လုပ်ငန်းကြီး(၇)ရပ်တွင် ကလေးသူငယ်ဖွံ့ဖြိုးရေးနှင့်လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပါဝင်သည့်အတွက် ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များကို ယခုကဲ့သို့ သင်တန်းကျောင်းများဖွင့်လှစ်၍ ထိန်းသိမ်းစောင့်ရှောက်ထားရခြင်းဖြစ်ကြောင်း၊ ထို့အပြင် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်ရန်အတွက် ၎င်းတို့၏ ကျန်းမာရေး၊ ပညာရေး၊ အပြုအမူ၊ ပေါင်းသင်းဆက်ဆံရေး၊ ပူးပေါင်းပါဝင် ဆောင်ရွက်မှု စသည့် လစဉ်တိုးတက်မှုအခြေအနေများကို သင်တန်ကျောင်းများမှ အစီရင်ခံတင်ပြလာမှုများအပေါ် ထပ်မံစိစစ်၍ ပြစ်ဒဏ်ကာလကို ပြန်လည် စိစစ်ခြင်းနှင့် လိုအပ်ပါက ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းကျောင်းများရှိ ပြစ်ဒဏ်ချမှတ်ခြင်းခံရသော ကလေးသူငယ်များစိစစ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းထားရှိပြီး မိမိအနေဖြင့် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ COVID-19 ရောဂါ အပါအဝင် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး၊ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး၊ လုံခြုံရေး၊ သန့်ရှင်းသာယာလှပရေး၊ သင်တန်းသားများ၏ စာရိတ္တနှင့် ပညာရည်တိုးတက်မြင့်မားရေးအတွက် တာဝန်ရှိသူများမှ ဂရုတစိုက် အလေးထားဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရန်ကုန်တိုင်း ဒေသကြီး၊ တွံ့တေးမြို့ရှိ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာသို့ ရောက်ရှိကြပြီး အဆိုပါကျောင်းတိုက်ရှိ ဆရာတော်ဦးပညာနန္ဒအား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကာ အဆိုပါ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဝန်ကြီးဌာန၏ ထောက်ပံ့မှုဖြင့် စုစုပေါင်းထောက်ပံ့ငွေ ၅၆၀.၇၃ သိန်းကို ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်ဦးပညာနန္ဒထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

 

 

 

နောက်ဆုံးရသတင်းများ

၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက
ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်များအား ငွေကြေးထောက်ပံ့ခြင်းဆိုင်ရာနည်းလမ်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဝန်ကြီးဌာနယိမ်းအကအဖွဲ့များ၏ ကြိုတင်လေ့ကျင့်ခြင်းအစီအစဉ်သို့ တက်ရောက်ကြည့်ရှု
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးစိုးကြည်၊ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်လူမှုဝန်ထမ်းရုံး၊မူလတန်းကြိုကျောင်း၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊တောင်ငူခရိုင်ဦးစီးမှူးရုံးတို့အားကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များတွင် ရောက်ရှိနေသော တိုက်ပွဲရှောင်၊ နေရပ်စွန့်ခွာသူများအား ဆန်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအား မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏အကြီးအကဲဖြစ်သူ Mr. Sajjad Mohammad Sajid မှလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း Gender/CEDAW/ AGMSF/ NSPAW/ UNSCR1325 အသိပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်း များစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်

MOS

DSW

DDM

DOR