ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များအား လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့်တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊မင်္ဂလာခန်းမ၌ကျင်းပရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများမှကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးက သက်ကြီးပုဂ္ဂိုလ်များအတွက် အထောက်အပံ့ ဖြစ်နိုင်စေရေးနှင့် ၎င်းတို့အား လေးစားတန်ဖိုးထားခြင်းအားဖြင့် နိုင်ငံ‌တော်အစိုးရကထောက်ပံ့သည့် လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးများကို ၆ လစာ တစ်စုတစ်စည်းတည်း ပေးအပ်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရပ်ရွာအတွင်းလူမှုရေးလိုအပ်ချက်များအပေါ်မူတည်ပြီးစေတနာကိုအရင်းခံ၍တည်ထောင်ဖွင့်လှစ်ဆောင်ရွက်နေကြသောကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ အမျိုးသမီးဂေဟာများ၊ မသန်စွမ်းဂေဟာများနဲ့ ဘိုးဘွားရိပ်သာများအတွက်နိုင်ငံတော်အနေဖြင့်ထောက်ပံ့ခြင်းဖြစ်ကြောင်း၊ ဂေဟာ/ရိပ်သာများအနေဖြင့် ဘဏ္ဍာရေးစည်းမျဉ်းများ၊ စံလုပ်ငန်းလမ်းညွှန်များနှင့်အညီဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက်၈၅နှစ်နှင့်အထက်လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ သက်ကြီးပုဂ္ဂိုလ် ၁၇,၉၀၃ ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေကျပ် ၁,၀၆၅သန်း၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများဖြစ်သော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ ၄၂ ခု၊ မသန်စွမ်းပရဟိတဂေဟာ၁ခု၊အမျိုးသမီးဂေဟာ ၁ ခုနှင့် ဘိုးဘွားရိပ်သာ ၉ ခု၊ စုစုပေါင်း ဂေဟာ/ရိပ်သာ ၅၃ ခုနှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ၆၉ ကျောင်းတို့အတွက် ထောက်ပံ့ကြေးကျပ် ၅၈၈ဒသမ၉၇၂သန်းနှင့်တိုက်ပွဲရှောင်ပြည်သူ ၄၈,၅၅၅ ဦးအတွက် နိုင်ငံတော်ကထောက်ပံ့ငွေ ကျပ် ၂,၉၁၃ဒသမ၃၀၀သန်းကိုရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံပေးအပ်ခဲ့ကြပြီး စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ယနေ့အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိအသက်၈၅နှစ်နှင့်အထက်သက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသူ၁၇,၉၀၃ဦး၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကစောင့်ရှောက်ထားသူ၄,၅၄၈ဦးနှင့်တိုက်ပွဲရှောင်ပြည်သူ၄၈,၅၅၅ဦး၊စုစုပေါင်း၇၁,၀၀၆ဦးအတွက်ထောက်ပံ့ငွေစုစုပေါင်းငွေကျပ်၄,၅၆၇ဒသမ၂၇၂သန်းထောက်ပံ့ပေးခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်ရန်ကုန်မြို့ဗိုလ်အောင်ကျော် TMT ဆိပ်ကမ်းသို့ ရောက်ရှိကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကလှူဒါန်းထားပြီး လိုအပ်သောနေရာများ၌ ထပ်မံဖြည့်စွက် ဆောက်လုပ်ရန် နေရာရှင်းလင်းရေးဆောင်ရွက်နေစဉ်ကာလအတွင်း ခေတ္တထားရှိသော Container Office များကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်နေရာများသို့ ရွှေ့ပြောင်းသယ်ယူမည့်အခြေအနေနှင့် အစီအမံတို့အပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပါသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)သို့ ဆက်လက်သွားရောက်ကာ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားရှိမှုအခြေအနေနှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထပ်မံထောက်ပံ့လှူဒါန်းမည့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားခဲ့သော ရေဘေးသင့်ဒေသများအတွက် ရေသန့်စင်စက်တင်ယာဉ်၊ အသက်ကယ်ရာဘာလှေ၊ အသက်ကယ် ရာဘာဘောကွင်း အစရှိသည့် ရေဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ ပစ္စည်းများရောက်ရှိလာပါက ခေတ္တထားရှိနိုင်ရေး သိုလှောင်ရုံများ ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ဗဟိုသိုလှောင်ရုံဘေးရှိအောင်သိဒ္ဓိချောင်းမြေထိန်းနံရံကာရံထားရှိမှုအခြေအနေများတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) က ကျပ်သိန်း(၁၅၀)တန်ဖိုးရှိ အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၅၀) လှူဒါန်းခြင်း
ပဲခူးတိုင်းဒေသကြီးအတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်း၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် နေရပ်စွန့်ခွာပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်ထောက်ပံ့ခြင်းနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခြင်း သတင်းစဉ်

MOS

DSW

DDM

DOR